၁။ စံတော်မီဝိသေသလက္ခဏာ

ဧည့်သည်ဆောင်လာများကို ရင်းနှီးပျူငှာစွာ ဧည့်ခံလေ့ရှိသည့် ခရစ်ယာန်ယဉ်ကျေးမှု ထုံးစံအတိုင်း အိုင်ယာန်ပြည်တွင် ခရစ်ယာန် ဂီတဆရာကြီး တစ်ပါးက ဧည့်သည်တော်အား မိမိနေအိမ်၌ နွေးထွေးစွာ ဧည့်ခံသည်။ အိမ်ရှင်က ကမ္ဘာကျော်Handel ၏ Mession was first perform ဖြင့် ဧည့်ခံဖျော်ဖြေသည်။ အချိန်အားဖြင့် ၁၇၄၂ခုနှစ်၊ ဧပြီလ၁၃ရက်နေ့ ဒဗ္ဗလင်မြို့တွင် ဖြစ်သည်။ ဧည့်သည်သည် တေးကဗျာ၏ ခမ်းနားပုံကို နားမလည်နိုင်သဖြင့် အဓိပ္ပာယ် မေးမြန်းလိုက်သည်။ ထိုသို့နားမလည်သော်လည်း အကျော်ကြားဆုံး၊ အထင်ရှားဆုံးဖြစ်မှန်း သိသည်။ အဘယ်ကြောင့် ထိုသို့ သိနိုင်သနည်း။ ထိုတေးစာသားနှင့် သံစဉ် များသည် ဓမ္မဟောင်းမေရှိယ သခင်ကြောင်းပရောဖက်ပြုချက်များ ဖြစ်သည်။  ထိုရှေးပရောဖက်ကြီ: ဟေဗြဲစာဆိုတော်ကြီး ကခရစ်တော်မပေါ်မှီ ဘီစီ(၇)ရာစုတွင် ရေးသားချက်ကို Handel က ဇာတ်ဝင်သီချင်းအဖြစ် ဖွဲ့ဆိုထားသည်။ ထိုစာလင်္ကာသည် စာရှုသူများ ယခုဖတ်ရှုနေသောစာ ဖြစ်သည်။ သူ့အမည်သည် ဟေရှာယ ဖြစ်သည်။ အရှည်လျားဆုံးနှင့် နှစ်လိုဖွယ် အကောင်းဆုံးဖြစ်၍၊ ဓမ္မဟောင်းပရောဖက် ပြုချက်များ၏ အခေါင်အထွဋ် ဖြစ်သည်။

၂။ ကျမ်းရေးသူ

ဟေရှာယအနာဂတ္တိကျမ်း စီရင်ရေးသားသူသည် Amoz ၏သားဟေရှာ ယ(Hebrew, Yeshayahtu,Jehovah ကယ်တင်ရှင် (သို့မဟုတ်)ယေဟောဝါ ဘုရား၏ကယ်တင်ခြင်းဟုအနက်ရသည်) ၏ဗျာဒိတ်ရူပါရုံများ တစ်ဆက်တည်း မဟုတ်။ အစိတ်စိတ်အမြွှာမြွှာ အပိုင်းအစပေါင်းစုံ ဖြစ်သည်။ အကောင်းဆုံး ဖြစ်အောင် စုစည်းထားသည်။

ဟေရှာယပရောဖက်ပြုချက်စုစည်းခြင်း

အယူအဆအတွေးအမြင် ပေါင်းစုံ ပါဝင်သဖြင့် “ခက်ခဲနက်နက်သောအချက်”များ ဟုခေါ်ကြသည်။ အကြောင်း အရာများသည် ရာစုနှစ်ဖြင့်ချီထားသည်။ သို့သော် တွေးတောယူဆချက်များ မဟုတ်။ တကယ့်ဖြစ်ရပ်မှန်များ ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ စဉ်းစားစရာများစွာ ရှိသည်။ မောရှေသည် ထိုရာစုကျမ်းများကို ကိုယ်တိုင်မရေးသကဲ့သို့ ဒံယေလသည် ဒံယေလကျမ်းများကို မရေးခဲ့ပါ။ ပေတရုသည် ပေတရုဩဝါဒ ဒုတိယစာစောင်ကို မရေးပါ။ ပေါလုသည် သင်းအုပ်များသို့ ဩဝါဒစာစောင်များ မရေးခဲ့ပါ။ ဟေရှာယတစ်ပါး တည်းသာလျှင် ပထမပိုင်းကျမ်းပိုဒ် (၆၆)ခုကို ကိုယ်တိုင် စီရင်ရေးသားခဲ့သည်။

ဟေရှာယ၏ အဓိကလုပ်ငန်းသည် မေရှိယသခင် ပေါ်ထွန်းမည့်အကြောင်း ဖြစ်သည် (အခြားသူများကလည်း တပိုင်းတစရေးကြသည်)။ ဓမ္မသစ်ကျမ်းကလည်း အခြားကျမ်းများထက် မကြာခဏ ကိုးကားဖော်ပြထားသည်။ ထို့ကြောင့် ယုံကြည်သူများကြားတွင် ရေပန်းစား၍ လူသိများထင်ရှားသည်။

ပရောဖက်ဟေရှာယ၏ လက်ရာဖြစ်ကြောင်း အကောင်းဘက်မှ ရပ်တည်၍ အကျိုးအကြောင်း တင်ပြချက်များကို တစ်ခုပြီးတစ်ခု ဆက်လက်ရှင်းပြပါမည်။

၁။ သမိုင်းကြောင်းနှင့်ရိုးရာထုံးတမ်းစဉ်လာအထောက်အထား

သက္ကရာဇ်၁၇၀၀ နှောင်းပိုင်းကာလတိုင်အောင် ယုဒများနှင့် ခရစ်ယာန် ဓမ္မပညာရှင်များက Amoz၏ သား ဟေရှာယသည် ဝိညာဉ်ဆုလက်ဆောင် ကလောင်တံ ရရှိသူအဖြစ် အသိအမှတ်ပြုကြသည်။ ပရောဖက်ပြုချက် အရှည်လျားဆုံး ရေးသားသူဖြစ်သည်။

သို့သော် ၁၇၉၅ခုနှစ်တွင် J.CDoederlein က အခန်း၄၀-၆၆ကို “ဒုတိယဟေရှာယကျမ်း” သို့မဟုတ် “Deutero-Isiah” အဖြစ် အသိအမှတ်ပြုရန် စကားဆိုလာသည်။ အဘယ်ကြောင့်ဆိုသော် ၁-၃၉နှင့် ၄၀-၆၆သည် ရာစုနှစ်နှင့် ချီ၍ ကာလဝေးကွာသည်။ သို့သော်ထိုသို့ နှစ်ကာလ ပိုင်းခြားကွာဟသော်လည်း စာရေးသူသည် ပြောင်းလဲခြင်း မရှိ။ တစ်ဦးတည်းသာ ဖြစ်သည်။ ၁၈၉၂-ခုနှစ်တွင် Duhumnကအခန်း (၄၀-၆၆)သည် ဆက်စပ်မှုမရှိသဖြင့် အခန်း(၅၅-၆၆)ကို တပိုင်း ကန့်လန့်၍ ဟေရှာယ တတိယကျမ်းအဖြစ် အဆိုတင်သွင်းလာပြန်သည်။  ထို့ကြောင့် စာပေရေးရာ ရှုထောင့်အဖြစ်ဖြင့် ဟေရှာယကျမ်းကို နှစ်ပိုင်းသို့မဟုတ် သုံးပိုင်းအဖြစ် မြင်နိုင်သည်။

ယုဒဓလေ့ထုံးစံများအရ မူနှစ်ပိုင်း၊ သုံးပိုင်းအဖြစ် ခွဲခြားစရာမရှိ။ ဟေရှာယကျမ်းအဖြစ် တစ်စုတဝေးတည်း မြင်ကြသည်။ တစ်ပုံစံတည်းဖြစ်သည်။ ပြောင်း လဲခြင်းမရှိ။

၂။ ဓမ္မသစ်ကျမ်းအမြင်သက်သေ

ဆာလံကျမ်းပြီးလျှင် ဟေရှာယကျမ်းသည် ဓမ္မကျမ်း၏ အကိုးကားရဆုံးသောကျမ်းစာ ဖြစ်သည်။ အမြဲတမ်း သိပ်သည်းကျစ်လျစ်စွာ ဆက်နွယ်နေသည်။  ဟေရှာယ ဒုတိယပိုင်းက ဗတ္တိဇံယောဟန်ကို အတည်ပြုပေး (မ၃:၃၊ လု၃:၄၊ ယော ၁:၂၃) ကဲ့သို့ (မ၈:၁၇၊ ၁၂:၁၈-၂၅) တွင်၎င်း (ယော၁၂:၃၈-၄၂) တွင်၎င်း၊ ပေါလုက (ရော၉:၂၇-၃၃၊ ၁၀:၁၆-၂၁)တွင်၎င်း အသိအမှတ် ကိုးကားကြသည်။ (ယော ၁၂:၃၈-၄၁) တွင် အထင်အရှား ကိုးကားထားသည်။ အငယ်၄၁တွင် “ဟေရှာယသည် ဘုန်းအာနုဘော်ကို မြင်၍၊ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကိုဟော ပြောသည်” ဟုဟေရှာယ၏ အမည်ကို အတိအလင်း ကိုးကားရေးသားထားသည်။ အငယ်(၃၈)ပါ“ဤအရာများ” ဆိုသည်မှာ ဟေရှာ (၅၃:၁)ပါ အကြောင်းအရာ များဖြစ်၍ “ဟေရှာယက ဘုန်းအာနုဘော်ကို မြင်သည်” (ငယ်၃၉၊၄၀)ဟူသော စကားစုမှာ ဟေရှာယ ၆:၁၀မှ ယူထားသည်။

၃။ အစီအစဉ်နှင့် တိုးတက်မှုသဟဇာတဖြစ်ဖြစ်

ယေရမိကျမ်းသည် နှစ်ယောက် သို့မဟုတ် သုံးယောက်က ရေးသားသော စာအပိုင်းအစများ ဖြစ်သည်ဟု ဆိုသော်လည်း ရှေ့နောက်အကျိုးအကြောင်း ဆက်စပ်နေသည်။ ဓမ္မအယူအဆများ တစ်သဘောတည်းရှိသည်။

၄။ ကဗျာအလင်္ကာရသမြောက်ခြင်း

ကျမ်းစာ ဒုတိယပိုင်းသည် မယုံနိုင်လောက်အောင် လက်ရာကောင်းမွန်ရသ မြောက်လှသည်။ ဘီစီ၅၀၀စုနှစ်ခန့်က ရေးသားထားကြောင်း ယုံမှားလောက်သည်။ ထို့ကြောင့် ဟေရှာယနောက်ပိုင်းတွင် ပေါ်ထွန်းသော ပရောဖက်ငယ်များသည် ပရောဖက်ပြုကျမ်းများတွင် သူတို့အမည်နာမများ ထည့်သွင်းရေးသားလာကြသည်။

၅။ ပင်လယ်သေမှရရှိသောစာလိပ်

ဘီစီ(၂)ရာစုခန့်က ပြုစုခဲ့သည်ဟု ယူဆသည့် ပင်လယ်သေမှ ရရှိသောစာလိပ်ကလည်း ဟေရှာယကျမ်းအား အခန်းကြီး(၄၀)မှ စ၍စာအုပ်နှစ်ပိုင်း ခွဲခြားဖို့ရာ အထောက်အထား မပြုပါ။

ဟေရှာယကျမ်းရှေ့နောက်မညီကြောင်းစွပ်စွဲချက်အားဖြေကြားခြင်း

ရှေ့နောက်ညီညွတ်မှု မရှိကြောင်း သမိုင်းဒေါင့်၊ ဘာသာအသုံးအနှုန်း ဓမ္မအယူအဆ(၃)ခုဖြင့် တင်ပြထားသည်။

၁။ သမိုင်းရှုဒေါင့်

ဟေရှာယကျမ်းကို အခန်းကြီး ၁-၃၉နှင့် ၄၀-၆၆ ခွဲခြားဖို့ ဆိုခဲ့သည်။ အခန်းကြီး၃၆-၃၉သည် သမိုင်းကြောင်း ဖြစ်သည်။ အခန်းကြီး ၁-၃၉သည် ဓမ္မ ဟောင်းကျမ်း ပရောဖက်ငယ်များနှင့်၎င်း၊ အခန်းကြီး ၄၀-၆၆သည် ဓမ္မသစ် ကျမ်းနှင့်၎င်း နှီးနွယ်ဆက်စပ်နေကြသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။

ဓမ္မဟောင်းကျမ်းမှ အခန်းတစ်ခုလုံး ဓမ္မသစ်ကျမ်းနှင့် ယှဉ်တူသည်မှာ အံ့ဩစရာ ဖြစ်သည်။ တိုက်ဆိုင်မှု မဖြစ်နိုင်။ မည်သို့ပင် ဖြစ်စေကာမူ ကျမ်းစာအုပ်ကို အခန်းလိုက် ပိုင်းခြားခြင်းသည် ဝိညာဉ်တော်အမှု မဖြစ်နိုင်။

အခန်းကြီး (၁-၃၉)သည် တိုင်းတပါးသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း မခံရမီ ကာလဖြစ်၍၊ အခန်းကြီး(၄၀-၆၆)သည် ဖမ်းဆီးခေါ်ဆောင်ခြင်း နောက်ပိုင်း ကာလဖြစ်သည်။ ဟေရှာယသည် အနာဂတ်ကာလကို ကြိုတင်သိမြင် ရေးသားနိုင်ပါသလား။ ကျမ်းစာပညာရှင် အများအပြားက ‘မဖြစ်နိုင်’ဟု ဆိုကြသည်။  ယေရမိ၊ ဒံယေလနှင့် ခရစ်တော်ဘုရား(မ၁၃)တို့ အမှန်တကယ် သိမြင်ကြသည်။

အကယ်၍ အခန်းကြီး(၄၀-၆၆)သည် ဘီစီ-၅၀၀ခုနှစ်ခန့်တွင် ရေးသားသည်မှန်လျှင် ပါလက်စတိုင်းသားများ အကြောင်းပါရှိ၍ ဗာဗုလုန်သားများ အကြောင်း အဘယ့်ကြောင့် မပါရှိသနည်း။

၂။ ဘာသာစကားရှုထောင့်

ဟေရှာယဒုတိယပိုင်း လေယူလေသိမ်းသည် ထူးခြားသည်။ “သင်တို့ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို နှစ်သိမ့်ကြလော့၊ နှစ်သိမ့်စေကြလော့” (၄၀:၁)ဟူသော အသုံးအနှုန်းကို သတိထားကြည့်ပါ။ သို့သော် စာရေးသူ၏ စာကဗျာ အလင်္ကာဖွဲ့နွဲ့ဟန်ဟုလည်း ယူဆစရာ အကြောင်း ရှိသည်။ ပလေတို၊ မီလ်တန်နှင့် ရှိတ်စပီးယားအစရှိသော ကမ္ဘာ့စာဆိုတော်များသည်လည်း သူတို့လက်ရာမှန်း မထင်ရအောင် တစ်မျိုးတစ်ဘာသာ ရေးခဲ့ကြသည် မဟုတ်လား။  ဟေရှာယကလည်း ထိုအတိုင်း ဖြစ်နိုင်သည်။ ထို့ကြောင့် အခန်းကြီး (၄၀-၆၆) လေသံပြောင်းလဲသွားခြင်းကို သဘောပေါက် လက်ခံနိုင်လောက်ပါသည်။

အပိုင်းနှစ်ခုဘဲဆိုဆို၊ သုံးပိုင်းဟု ဘဲပြောပြော၊ ဆင်တူရိုးမှား အချက်ပေါင်းများစွာ ရှိသည်။ ထိုသို့နားလည်နိုင်ရန် ဟေဗြဲဘာသာစကားကို အသေးစိတ် သိရှိလိုသည်။ မည်သို့ပင် အထင်အမြင် ကွဲပြားပြပေးသော “ဘုရားသခင်၏ စင်ကြယ်မှုအကြောင်း” ကြစေကာမူ၊ ဟေရှာယကျမ်းသည် ဘုရားသခင်ဖော်ဖြစ် သည်။

၃။ ဓမ္မအယူအဆရှုထောင့်

ကျမ်းစာပညာရှင်များက ယေရှာယကျမ်း ပထမပိုင်းနှင့် ဒုတိယပိုင်းက ပိုမိုရှေ့ကျချင်သည်။ (လေးနက်တိကျခြင်း မရှိသော အယူအဆများသည် သက်ရှိသတ္တဝါများ အကြားတွင် သာမက ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ဖြစ်ပေါ်ပြောင်းလဲစေသည်ဟု ဤစကားအရ ယူဆနိုင်သည်။ ဟေရှာယက ဘုရားသခင်၏ အံ့ဖွယ်အမှု လက္ခဏာများကို ပြောသည်။ ဒုတိယပိုင်းတွင် အတိအကျရှင်းပြထားသည်။ ဟေရှာယနှင့် ခေတ်ပြိုင်ပေါ်ထွန်းသော ပရောဖက်မိက္ခာကလည်း ဟေရှာယ ဒုတိယပိုင်းအယူအဆမျိုး တစ်ခွန်းတဆဟောကြားထားသည်။ )

တတိယပိုင်းသည် ဓမ္မအယူအဆအနည်းဆုံး ဖြစ်သည်။ သို့သော် ပထမပိုင်းတွင် သဘာဝတရားကို ဆန့်ကျင်လျက် ဓမ္မအယူအဆခိုင်မာဆုံး တင်ပြထားသည်။

ဟေရှာယသည် သူမမွေးခင် နှစ်ရာပေါင်းများစွာက Cyrusနာမည်ကို အတိအကျ ဖော်ပြထားခြင်းဖြင့် ပရောဖက် ဟုတ်မှန်ကြောင်း သက်သေတစ်ခုအဖြစ် ဆိုနိုင်သည်။ အခန်းကြီး(၄၅)တွင် ယောရှဘက်က “သူ့ဘဝကို Cyrus ကလွှမ်းမိုးသည်။ ” ဟုဆိုထားသည်။

ကျမ်းပိုဒ်များစွာတွင် ရှေးပရောဖက်ပြုချက် ပြည့်စုံသည့်အချက်များ ထောက်ပြထားသည်။  တဖန် ငြင်းစရာရှိသည်ဆိုသည်မှာ ထိုခေတ်ကာလ၏ နေ့ရက်အချိန်ကာလ ဖြစ်သည်။

ဘုရားသခင်သည် ရှေ့ဖြစ်နောက်ဖြစ်အားလုံးကို သိတောမူသော သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူသည့်အတိုင်း သူ့ပရောဖက်ကိုလည်း ရှေ့အနာဂတ်ကာလ အဖြစ်အပျက်ကို အသေးစိတ် အသိပေးခြင်းဖြစ်သည်။

၃။ အချိန်ကာလ

ဩဇိမင်းနတ်ရွာစံသည့် ဘီစီ၇၄၀ခုနှစ် (၆:၁)တွင် ပရောဖက်ဟေရှာယ စတင် ပရောဖက်ပြုသည်။ အထူးသဖြင့် ယုဒလူမျိုးအကြား မင်းကောင်းမင်းမြတ် ဩဇိနှင့်ယောသမ်၊ မင်းဆိုးမင်းညစ်အာခပ်နှင့် ပရောဖက်ဟေရှာယ၏ မိတ်ကောင်းဆွေမွန် ဟေဇကိမင်းများလက်ထက် အထိမင်းဆက်(၄)ဆက်တိုင်တိုင် သာသနာ့အမှုတော် ဆောင်ခဲ့သည်။ (ဘီစီ၆၈၁)တွင် သနာခရိပ်ကံတော်ကုန်ကြောင်း မှတ်တမ်းတင်ထားသဖြင့် ဟေရှာယသည် (ဘီစီ၆၈၀)ခုနှစ်တွင် အသက် ရှင်နေသည်ဟု ကောက်ချက်ချရသည်။ နှစ်ပေါင်း(၆၀)ခန့် ကာလရှည်ကြာ ပရောဖက်ပြုခဲ့သည်။ မင်းဆိုမင်းညစ် မနာရှေလက်ထက်တွင် ဟေရှာယက ကွယ်လွန်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဟေရှာယနာမည်၏ အဓိပ္ပာယ်မှာဘုရားသခင်၏ ကယ်တင်ခြင်းဟု အနက်ရကြောင်း (၃)မျိုးဖြင့် ဖော်ပြထားသည်။ ကယ်တင်ခြင်းဟူသော ဝေါဟာရကို (၂၆)ကြိမ်သုံးထားသည်။ ဤစကားက ကျမ်းစာတစ်အုပ်လုံး ရှေ့သွားနောက်ညီပုံကို ဖော်ဆောင်ထားသည်။ အခန်းကြီး(၁-၃၉)တွင်လူသားများကယ်တင်ခြင်း လိုအပ်ပုံကိုရှင်းပြ၍၊အခန်းကြီး(၄၀-၆၆)တွင်ဘုရားသခင်၏ကရုဏာကြီးမားပုံကိုပုံဖော်ပြထားသည်။

ဣသရေလသားများဆိုးသွမ်းမိုက်မဲမှုအတွက်ဘုရားသခင်၏အပြစ်တ ရားစီရင်ခြင်းခံရမည့်အကြောင်းသတိပေးထားသည်။ သို့သော်လည်းကျေးဇူး တော်သည်ကုန်ခမ်းပပျောက်ခြင်းမရှိ။ ထိုဣသရေလလူမျိုးများနှင့်တပါးအမျိုး သားအားလုံးကိုလည်းကယ်တင်ရှင်စေလွှတ်၍ကယ်တင်ခိုင်းမည်ဟုဆိုသည်။

နိုင်ငံရေးရှုထောင့်အရဆိုလျှင်မြောက်ဘက်တွင်အင်အားကြီးထွားသော အာရှုရိနှင့်ဘုန်းတန်ခိုးထလာသောအဲဂုတ္တုနှစ်နိုင်ငံအကြားတွင်ရှိဖို့မှာထားသည်။ ကျမ်းစာနောက်ပိုင်းတွင်နောက်အနှစ်(၂၀၀)၌ဗာဗုလုန်တန်ခိုးကြီးထွားမည့်အကြောင်းဟောထားသည်။

ပါဝင်သည့်အချက်များ

၁။ အရေးယူအပြစ်ဒဏ်ပေးမည့်အကြောင်းနှင့်ကောင်းကြီးပေးမည့်အကြောင်း ပရောဖက်ပြုချက်များ (အခန်း၁-၃၅)

(က) ယုဒနှင့် ယေရုရှလင်အပေါ် အပြစ်တရားစီရင်မည့်အကြောင်းနှင့် ယေရုရှလင် ပြန်လည် ထွန်းလင်းတောက်ပလာမည့် အကြောင်း(အခန်း၁-၅)

၁။ ဣသရေလတို့အား တရားစီရင်ခြင်း(အခန်း၁)

၂။ အနာဂတ် ကောင်းကြီးမင်္ဂလာ(အခန်း၂-၄)

၃။ အပြစ်ဒုစရိုက်ကြောင့် ဣသရေလများအရေးယူခြင်း(အခန်း၅)

(ခ) ဟေရှာယအားဘုရားသခင်ကခေါ်ခြင်း၊တာဝန်ပေးခြင်း(အခန်း၆)

(ဂ) ဧမာနွေလဘုရား(အခန်း၇-၁၂)

၁။ အံ့ဩဖွယ်ရာများမြင်တော်မူခန်း(အခန်း၇)

၂။ အံ့ချီးဖွယ်ရာမေရှိယနယ်မြေ(အခန်း၈-၁၀)

၃။ အနှစ်တစ်ထောင် မေရှိယနိုင်ငံတော် (အခန်း၁၁-၁၂)

(ဃ) တိုင်းနိုင်ငံသားများအားတရားစီရင်ခြင်း(အခန်း၁၃-၂၄)

၁။ ဗာဗုလုန်အမျိုး(၁၃:၁-၁၄:၂၃)

၂။ အာရှုရိအမျိုး(၁၄:၂၄-၂၇)

၃။ ဖိလိတ္တိအမျိုး(၁၄:၂၈-၃၂)

၄။ မောဘလူမျိုး(အခန်း၁၅-၁၆)

၅။ ဒမာသက်လူမျိုး(အခန်း၁၇)

၆။ အမည်နာမအတိကျဖော်ပြထားသောအာဖရိကသားများ(အခန်း၁၈)

၇။ အဲဂုတ္တုအမျိုး(အခန်း၁၉-၂၀)

၈။ ဗာဗုလုန်မျိုး(၂၁:၁-၁၀)

၉။ ဒူမာ(ဧဒုံ)အမျိုး(၂၁:၁၁-၁၂)

၁၀။ အာရေဗျအမျိုး(၂၁:၁၃-၁၇)

၁၁။ ယေရုရှလင်အမျိုး(အခန်း၂၂)

၁၂။ တုရုအမျိုး(အခန်း၂၃)

၁၃။ ကမ္ဘာမြေတဝှမ်းလုံး(အခန်း၂၄)

(င) တေးကဗျာများအကြောင်း(အခန်း၂၅-၂၇)

၁။ ဣသရေလတို့၏နိုင်ငံတော်ကောင်းကြီးမင်္ဂလာချီးမွမ်းသီချင်း(အခန်း၂၅)

၂။ ယုဒတို့၏ခိုင်ခံ့သောခေတ်ကာလတေးကဗျာ(အခန်း၂၆)

၃။ ရွေးနှုတ်ထားသောဣသရေလများအတွက်သီချင်း(အခန်း၂၇)

(စ)ဣသရေလနှင့်ယေရုရှလင်တို့ကျဆုံးခြင်းနှင့်ပြည်လည်ထမြောက်ခြင်း (အခန်း၂၈-၃၅)

၁။ ဧဖရိမ်၊ဣသရေလသို့အမင်္ဂလာ(အခန်း၂၈)

၂။ အာရေလ၊ယေရုရှလင်သို့အမင်္ဂလာ(အခန်း၂၉)

၃။ ဖိလိတ္တိအမျိုး(၁၄:၂၈-၃၂)

၄။ မောဘအမျိုး(အခန်း၁၅-၁၆)

၅။ ဒမာသက်အမျိုး(အခန်း၁၇)

၆။ အမည်နာမအတိအကျမဖော်ပြသောအာဖရိကသားများ(အခန်း၁၈)

၇။ အဲဂုတ္ထုအမျိုး(အခန်း၁၉-၂၀)

၈။ ဗာဗုလုန်အမျိုး(၂၁:၁-၁၀)

၉။ ဒူမာ(ဧဒုံ)အမျိုး(၂၁:၁၁-၁၂)

၁၀။ အာရေဗျလူမျိုး(၂၁:၁၃-၁၇)

၁၁။ ယေရုရှလင်အမျိုး(အခန်း၂၂)

၁၂။ တုရုအမျိုး(အခန်း၂၃)

၁၃။ ကမ္ဘာမြေတဝှန်းလုံး(အခန်း၂၄)

(င)တေးကဗျာများအကြောင်း(အခန်း၂၅-၂၇)

၁။ ဣသရေတို့၏နိုင်ငံတော်ကောင်းကြီးမင်္ဂလာချီးမွမ်းသီချင်း(အခန်း ၂၅)

၂။ ယုဒတို့၏ခိုင်ခံ့သောခေတ်ကာလတေးကဗျာ(အခန်း၂၆)

၃။ ရွေးနှုတ်ထားသောဣသရေလများအတွက်သီချင်း(အခန်း၂၇)

(စ)ဣသရေလနှင့်ယေရုရှလင်တို့ကျဆုံးခြင်းနှင့်ပြန်လည်ထမြောက်ခြင်း(အ ခန်း၂၈-၃၅)

၁။ ဧဖရိမ်၊ဣသရေလသို့အမင်္ဂလာ(အခန်း၂၈)

၂။ အာရေလ၊ယေရုရှလင်သို့အမင်္ဂလာ(အခန်း၂၉)

၃။ အဲဂုတ္တုနှင့်မဟာမိတ်ပြုခြင်းအမင်္ဂလာ(အခန်း၃၀-၃၁)

၄။ ဖြောင့်မတ်စင်ကြယ်သောဘုရင်အုပ်စိုးခြင်း(အခန်း၃၂)

၅။ အဓမ္မအာရှုရိသားများသို့အမင်္ဂလာ(အခန်း၃၃)

၆။ တိုင်းနိုင်ငံသားများသို့အမင်္ဂလာ(အခန်း၃၄)

၇။ ပေါ်ထွန်းလာမည့်နိုင်ငံတော်၏ဘုန်းတန်ခိုး(အခန်း၃၅)

၂။ ခေတ်သမိုင်းကြောင်းပြောင်းလဲခြင်း၊ဟေဇကိ၏အတ္ထုပတ္တိ(အခန်း၃၆-၃၉)

(က)အာရှုရိမှဟေဇကိကရွေးထုတ်ခြင်း(အခန်း၃၆-၃၇)

၁။ အာရှုရိယတို့ဘုရားတရား၌အားနည်းခြင်း(အခန်း၃၆)

၂။ ဘုရားသခင်ကအာရှုရိပြည်ဖျက်ဆီးခြင်း(အခန်း၃၇)

(ခ)ဟေဇကိမင်းဖျားနာခြင်းနှင့်နာလံပြန်ထခြင်း(အခန်း၃၈)

(ဂ)ဟေဇကိမင်း၏အပြစ်ဒုစရိုက်(အခန်း၃၉)

၃။ အနာဂတ်ဖမ်းဆီးခြင်းခံရခြင်းထဲမှငြိမ်သက်ဆောက်တည်ရာ(အခန်း ၄၀-၆၆)

(က)ဣသရေလတို့ကယ်ထုတ်ခြင်းခံရမည့်အကြောင်း(အခန်း၄၀-၄၈)

၁။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းနှင့်ငြိမ်သက်ခြင်းဘဝ(၄၀:၁-၁၁)

၂။ ဘုရားသခင်၏ထောက်မစောင့်ရှောက်ခြင်း(၄၀:၁၂-၃၁)

၃။ ဣသရေလတို့၏သန့်ရှင်းစင်ကြယ်သောဘုရား(အခန်း၄၁)

၄။ ဘုရားသခင်၏အစေခံတော်(အခန်း၄၂)

၅။ ဣသရေလတို့ပြန်လည်စုစည်းဖွံ့ဖြိုးမည့်အကြောင်း(အခန်း၄၃-၄၄)

၆။ ဘုရားသခင်ဘိသိက်ပေးထားသောကုရုမင်း(အခန်း၄၅)

၇။ ဗာဗုလုန်ရုပ်တုများပြိုလဲပျက်စီးခြင်း(အခန်း၄၆)

၈။ ဗာဗုလုန်ပျက်စီးခြင်း(အခန်း၄၇)

၉။ ဣသရေလတို့လိမ္မာ၍ပြန်လာကြခြင်း(အခန်း၄၈)

(ခ)ဣသရေလလူများကမေရှိယသခင်ငြင်းပယ်ကြခြင်း(အခန်း၄၉-၅၁)

၁။ အစေခံမေရှိယသခင်(အခန်း၄၉)

၂။ တပည့်တော်စစ်စစ်မေရှိယ(အခန်း၅၀)

၃။ ဖြောင့်မတ်သောသခင်မေရှိယအရှင်(အခန်း၅၁-၅၂:၁၂)

၄။ အပြစ်ဒုစရိုက်များကိုယူဆောင်သွားသောမေရှိယသခင် (၅၂:၁၃-၅၃:၁၂)

၅။ ရွေးနှုတ်သူနှင့်အားဖြည့်သူမေရှိယသခင်(အခန်း၅၄)

၆။ ကမ္ဘာ့ဧဝံဂေလိအမှုတော်ဆောင်ကြီးမေရှိယ(၅၅:၁-၅၆:၈)

၇။ ဒုစရိုက်သမားများကိုအပြစ်စီရင်မည့်မေရှိယ(၅၆:၉-၅၇:၂၁)

(ဂ) ဣသရေလ၏ဒုစရိုက်၊အပြစ်စီရင်ခြင်း၊နောင်တနှင့်ပြန်လည်ထူထောင် ခြင်း(အခန်း၅၈-၆၆)

၁။ ဝိညာဉ်ပြည့်ဝသူ၏ပျော်ရွှင်ချမ်းမြေ့ခြင်း(အခန်း၅၈)

၂။ ဣသရေလတို့၏ဆိုးညစ်ခြင်း(အခန်း၅၉)

၃။ ဇိအုန်တောင်တွင်ဘုန်းတန်ခိုးထင်ရှားမည့်အကြောင်း(အခန်း၆၀)

၄။ မေရှိယသခင်၏အမှုတော်(အခန်း၆၁)

၅။ ယေရုရှလင်ပျော်ရွှင်ချမ်းမြေ့လာမည့်အကြောင်း(အခန်း၆၂)

၆။ ဆိုးယုတ်သူများဝဋ်လည်ကြမည့်အကြောင်း(၆၃:၁-၆)

၇။ ရွေးနုတ်ထားသူများ၏ဆုတောင်း(၆၃:၇-၆၄:၁၂)

၈။ ရွေးနုတ်ထားသူများ၏ဆုတောင်းချက်အပေါ်ဘုရား၏အဖြေစကား (အခန်း၆၅)

၉။ လောင်ကျွမ်းခြင်းနှင့်ကောင်းကြီးမင်္ဂလာမြစ်ရေ(အခန်း၆၆)

TAGS: ဟေရှာယအနာဂတ္တိကျမ်း