ဟေလီယိုစဖီးယား ဟူသည် နေ၏ မဂ္ဂနက်တိုစဖီးယားအလွှာ၊ အာစထရိုစဖီးယားအလွှာနှင့် အပြင်ဘက်အကျဆုံးအလွှာဖြစ်သည်။ ဟေလီယိုစဖီးယားအလွှာ၏ နေ၏ သံလိုက်စက်ကွင်းများသဖွယ်ပြုမူပြီး နဂါးငွေ့တန်း ဂယ်လက်ဆီမှ ရောက်လာသော ကော့မစ်ရောင်ခြည်များ၊ ဂါမာရောင်ခြည်ကဲ့သို့သော အန္တရာယ်ရှိသည့်ရောင်ခြည်များကို ကာကွယ်ပေးသည်။ ဟေလီယိုစဖီးယားဟူသောအမည်ကို Alexander J. Dessler ဆိုသူက ၁၉၆၇ ခုနှစ် သိပ္ပံစာပေတွင် ပထမဆုံးအသုံးပြုခဲ့သောကြောင့် ခေါ်ဆိုသည့်အမည်ဖြစ်သည်။[၁] ဟေလီယိုစဖီးယားကိုလေ့လာသည့် သိပ္ပံလေ့လာမှုကို ဟေလီယိုရူပဗေဒဟုခေါ်ဆိုပြီး အာကာသရာသီဥတုတို့ ပါဝင်သည်။

PIA22835-VoyagerProgram&Heliosphere-Chart-20181210.png
Sink analogySolar wind at Voyager 1 cut out.png
PIA17046 - Voyager 1 Goes Interstellar.jpg
  • ထိပ်: ကြယ်တာရာကြားခံနယ်သို့ဖြတ်သန်းသွားသော ဟေလီယိုစဖီးယား၏ဇယား:
    1. Heliosheath-ဟေလီယိုစဖီးယား၏ အပြင်ဘက်နယ်မြေ
    2. Heliopause-နေမုန်တိုင်းနှင့် ကြယ်တာရာခံမုန်တိုင်းတို့ ဆုံရာနယ်နိမိတ်
  • အလယ်: water running into a sink as an analogy for the heliosphere and its different zones (left) and Voyager measuring a drop of the solar wind's high-energy particles at the termination shock (right)
  • အောက်: နေအဖွဲ့အစည်း ၏ အရွယ်အစားနှင့် ဗွိုင်ယေဂျာ ၁ ၏ တည်နေရာ။ Gliese 445 သည် နေမှ ဗွိုင်ယေဂျာအကွာအဝေးထက် အဆပေါင်း ၁၀၀၀၀ နီးပါးကွာဝေးသည်။

ဗွိုင်ယေဂျာအာကာသယာဉ် ၂ စင်းသည် termination shock နှင့် heliosheath ကိုကျော်ဖြတ်ကာ ဟေလီယိုစဖီးယားအပြင်ဘက်သို့ စူးစမ်းလေ့လာခဲ့သည်။ ဗွိုင်ယေဂျာ ၁ သည် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် heliopause သို့ရောက်ရှိခဲ့ပြီး ပလာဆမာ သိပ်သည်းဆ ရုတ်တရက် ၄၄ ဆ များလာသည်ကို ခြေရာခံမိသည်။[၂] ဗွိုင်ယေဂျာ ၂ သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်တွင် heliopause ကို ဖြတ်သန်းခဲ့သည်။[၃] heliopause သည် နေစကြဝဠာနှင့် အခြားဂယ်လက်ဆီများ၏ နယ်နိမိတ်ဖြစ်သောကြောင့် ဟေလီယိုစဖီးယားမှထွက်ခွာသွားသည့် ယင်းအာကာသယာဉ် ၂ စင်းသည် ကြယ်တာကြားခံ အာကာသယာဉ်များအဖြစ် မှတ်တမ်းဝင်ကြသည်။

အပြင်ဘက်ဖွဲ့စည်းပုံပြင်ဆင်

Heliosphere (နေနယ်မြေ)၏ အပြင်ဘက်တည်ဆောက်ပုံအား နေမုန်တိုင်းများနှင့် ကြယ်ကြားအာကာသတွင် တိုက်ခတ်နေသော ကြယ်မုန်တိုင်းတို့၏ အပြန်အလှန်သက်ရောက်နေမှုက အဆုံးအဖြတ်ပေးသည်။ နေမုန်တိုင်းများသည် နေမှအဘက်ဘက်သို့ တစ်စက္ကန့်လျှင် ကီလိုမီတာရာပေါင်းများစွာမြန်နှုန်းဖြင့် တိုက်ခတ်နေကြသည်။ အကွာအဝေးတစ်ခုအရောက်တွင်၊ နက်ပကျွန်းဂြိုဟ်အား အတော်ဝေးဝေး ကျော်ပြီးနောက်တွင် ကြယ်ကြားနယ်မြေမှ ဓာတ်ငွေ့များနှင့်တွေ့ပြီး နေမုန်တိုင်းအားနည်းလာသည်။ အောက်ပါအဆင့်များအတိုင်းဖြစ်ပွားသည်။

  • နေမုန်တိုင်းများသည် အသံထက်မြန်သောနှုန်းဖြင့် နေစကြာဝဠာအတွင်းတွင်လှည့်ပတ်နေသည်။

ကျမ်းကိုးပြင်ဆင်

  1. Alexander J. Dessler (February 1967). "Solar wind and interplanetary magnetic field". Reviews of Geophysics and Space Physics 5 (1): 1–41. doi:10.1029/RG005i001p00001. Bibcode1967RvGSP...5....1D. 
  2. NASA Spacecraft Embarks on Historic Journey Into Interstellar Space (12 September 2013)။
  3. NASA's Voyager 2 Probe Enters Interstellar Space (10 December 2018)။