ဟေလီ စတိုင်းဖဲ
ဟေလီ စတိုင်းဖဲ (အင်္ဂလိပ်: Hailee Steinfeld; ၁၉၉၆ ဒီဇင်ဘာ ၁၁ ဖွား[၂] [၃]) သည် အမေရိကန်သရုပ်ဆောင်နှင့်အဆိုတော်ဖြစ်သည်။ သူမသည် Peabody ဆု တစ်ဆု အပါအဝင် ရုပ်ရှင်၊ ဂီတဆုတံဆိပ်များစွာရရှိထားပြီး၊ အော်စကာဆု၊ ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆု နှင့် ရွှေကမ္ဘာလုံးဆုတို့အတွက်လည်း ဆန်ကာတင်စာရင်းဝင်ထားခဲ့သူဖြစ်သည်။
ဟေလီ စတိုင်းဖဲ | |
---|---|
2018 San Diego Comic-Con ရောက် စတိုင်းဖဲ | |
ဇာတိ အမည် | Hailee Steinfeld |
မွေးဖွား | Tarzana, California, U.S. | ဒီဇင်ဘာ ၁၁၊ ၁၉၉၆
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | 2007–present |
ဆွေမျိုးသားချင်း |
|
ရရှိသည့်ဆုများ | Full list |
ဂီတခရီးလမ်း | |
ဂီတဟန် | |
တူရိယာ | Vocals |
တေးသံသွင်း ကုမ္ပဏီ | Republic |
ဝက်ဘ်ဆိုက် | haileesteinfeldofficial.com |
စတိုင်းဖဲသည် အနောက်တိုင်းရုပ်ရှင် True Grit (၂၀၁၀) ဖြင့် ရုတ်ချဉ်းအောင်မြင်မှုရရှိခဲ့ပြီး၊ ထိုဇာတ်ကားဖြင့်ပင် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ အော်စကာဆုနှင့် BAFTA အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်ထွက်ရှိခဲ့သော Ender's Game နှင့် Begin Again ရုပ်ရှင်များတွင်လည်းပါဝင်ခဲ့ပြီး၊ Pitch Perfect ရုပ်ရှင်စီးရီး (၂၀၁၅-၂၀၁၇) တွင်လည်း သူမ၏ဇာတ်ရုပ်ပီပြင်မှုကြောင့် အသိအမှတ်ပြုမှုများ ပိုမိုရရှိခဲ့ကာ၊ The Edge of Seventeen (၂၀၁၆) ရုပ်ရှင်ဖြင့် ရွှေကမ္ဘာလုံးဆုအတွက်ပါ ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ သူမ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားသော Transformers ဇာတ်ကားတစ်ကားဖြစ်သည့် Bumblebee (၂၀၁၈) သည်လည်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
စတိုင်းဖဲသည် ကာတွန်းရုပ်ရှင် Spider-Man: Into the Spider-Verse (၂၀၁၈) တွင် Gwen Stacy / Spider-Woman အဖြစ်လည်းကောင်း၊ နက်ဖလစ် ဇာတ်လမ်းတွဲ Arcane (၂၀၂၁ – လက်ရှိ) တွင် Vi အဖြစ်လည်းကောင်း အသံသရုပ်ဆောင်လျက်ရှိသည်။ သူမသည် Apple TV+ ဟာသ-ဒရာမာဇာတ်လမ်းတွဲ Dickinson (၂၀၁၉-၂၀၂၁) တွင် Emily Dickinson အဖြစ်၊ Disney+ စီးရီး Hawkeye (၂၀၂၁) တွင် Kate Bishop အဖြစ် အဓိကဇာတ်ဆောင်နေရာများမှ သရုပ်ဆောင်ထားသည်။
စတိုင်းဖဲသည် Pitch Perfect 2 (၂၀၁၅) တွင် " Flashlight " သီချင်းကို ဖျော်ဖြေပြီးနောက် ဂီတဖက်တွင် အသိအမှတ်ပြုမှု ရရှိခဲ့သည်။ ထို့နောက် မကြာမီတွင် သူမသည် Republic Records နှင့် လက်မှတ်ရေးထိုးခဲ့ပြီး သူမ၏ ပွဲဦးထွက်သီချင်းတပုဒ်ဖြစ်သော " Love Myself " နှင့် ၎င်း၏ ပွဲဦးထွက် EP အဖြစ် Haiz (၂၀၁၅) ကိုပါဖြန့်ချိခဲ့သည်။ သူမသည် " Starving ", " Most Girls " နှင့် " Let Me Go " အပါအဝင် အောင်မြင်သောသီချင်းများကို သီးသန့် တပုဒ်ချင်းစီ ဆက်လက်ထုတ်ဝေခဲ့ပြီး၊ ၂၀၂၀ တွင်သူမ၏ဒုတိယ EP အဖြစ် Half Written Story ကိုထုတ်ဝေခဲ့သည်။
ငယ်စဉ်ဘဝ
ပြင်ဆင်ရန်စတိုင်းဖဲ ကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ Tarzana ရပ်ကွက်တွင် မွေးဖွားခဲ့ပြီး၊ မိခင် Cheri ( née Domasin) မှာ အဆောက်အအုံအတွင်းပိုင်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး၊ ဖခင် Peter Steinfeld မှာ ကာယနည်းပြတဦးဖြစ်သည်။ [၄] [၅] သူမသည် မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်ပြီး Griffin Steinfeld အမည်ရှိအစ်ကိုတစ်ဦးရှိသည်။ [၄] သူမ၏ဖခင်ဖက်မှ ဦးလေးသည် ကြံ့ခိုင်ရေးနည်းပြနှင့် သရုပ်ဆောင် Jake Steinfeld ဖြစ်ကာ ၎င်း၏မိခင်ဖက်မှ ဦးကြီးမှာလည်း ကလေးသရုပ်ဆောင်ဟောင်း Larry Domasin ဖြစ်သည်။ [၃] [၆] သူမ၏မိခင်ဖက်မှ အစ်မဝမ်းကွဲတော်သူ သရုပ်ဆောင် True O'Brien သည် စတိုင်းဖဲ အသက် ၈ နှစ်အရွယ်၌ ရုပ်မြင်သံကြားကြော်ငြာတစ်ခုတွင် ပါဝင်ခဲ့ရာမှ သူမကိုယ်တိုင်လည်း သရုပ်ဆောင်ခြင်းကို စိတ်ဝင်စားလာခဲ့သည်။ [၇]
စတိုင်းဖဲ ၏ဖခင်သည် ဂျူးလူမျိုးဖြစ်ပြီး မိခင်မှာ ခရစ်ယာန်ဖြစ်သည်။ [၈] [၉] [၁၀] [၁၁] သူမ၏မိခင်ဖက်မှ အဘိုး Ricardo Domasin သည် (Panglao၊ Bohol)[၆] ဖိလစ်ပိုင်လူမျိုးတစ်ဝက်နှင့် အာဖရိကန်-အမေရိကန်တစ်ဝက် ကပြားဖြစ်သည်။ [၁၂] [၁၃] [၁၄] စတိုင်းဖဲ သည် Agoura Hills တွင် ကြီးပြင်းခဲ့ပြီး နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ် Thousand Oaks တွင် ကြီးပြင်းလာကာ၊ [၄] [၁၅] Ascension Lutheran ကျောင်း၊ Conejo မူလတန်းကျောင်းနှင့် Colina အလယ်တန်းကျောင်း တို့ကို တက်ရောက်ခဲ့သည်။ သူမသည် ၂၀၀၈ မှ ၂၀၁၅ ဇွန်လ အထက်တန်းကျောင်းပြီးသည်အထိ အိမ်ကျောင်းတက်ခဲ့သည် ။ [၁၆]
အနုပညာနှင့် မီဒီယာလောကမှ လက်ခံတုံ့ပြန်မှု
ပြင်ဆင်ရန်ဂီတနှင့်သရုပ်ဆောင်ဟန်ပန်များ
ပြင်ဆင်ရန်V မဂ္ဂဇင်း စာရေးဆရာ Dylan Kelly က စတိုင်းဖဲ ကို "ရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် အထင်ကြီးလောက်သော ဇာတ်အိမ်ခန်းများနဲ့ ကျွမ်းကျင်သာလွန်မှုကိုပြသနေတဲ့ သရုပ်ဆောင်ရော၊ ဂီတမှာပါ ထက်သန်သောအနုပညာသမား" ဟု ခေါ်ဆိုခဲ့ပြီး "ကိုယ်ပိုင်ဖန်တီးတေးသွားနှင့် ခံစားချက်အပြည့်ပါ၍ ဖော်ရွေဟန်ရှိသော စာသားပိုင်နိုင်မှုတို့ ရှိတဲ့ဂီတစွမ်းရည်" ဟုလည်းပြောထားသည်။ [၁၇]
စတိုင်းဖဲ က ၂၀၁၆ ခုနှစ် အင်တာဗျူးတစ်ခုတွင် "[ကျွန်မရဲ့] ဂီတနဲ့ဆိုရင်၊ ကိုယ့်အရှိအတိုင်းကို နေလို့ရသလို ခံစားရတယ်၊ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးချယ်မယ်၊ ကိုယ့်ဘဝအတွေ့အကြုံကို တခြားမဟုတ်ဘဲ ကိုယ့်လမ်း၊ ကိုယ့်စာသားနဲ့ဖြစ်အောင်ထားမယ်" ဟု ပြောကြားခဲ့သည်။ [၁၈] “ဂီတက (သူမရဲ့) သရုပ်ဆောင်မှုအပေါ်မှာ ဩဇာလွှမ်းမိုးမှု တော်တော်ကြီးတယ်” အဲဒီနှစ်ခုက “တခုနဲ့တခု ယှက်နွှယ်နေတာ” လို့လည်း သူမက ဆက်ပြောခဲ့သည်။ [၁၈] Variety မဂ္ဂဇင်း စာရေးဆရာ Natalie Weiner မှလည်း စတိုင်းဖဲ သည် "အမျိုးသမီးစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာအယူအဆအချို့ [...] သူမ၏ဂီတထဲသို့ရေးရေးလေး" ထည့်သွင်းနေခဲ့သည်ဟုဆိုထားသည်။[၁၉] မိမိကိုယ်ကို ချစ်ခင်ခြင်းသည် ဂီတဖန်တီးရာတွင် သူမ အသုံးပြုနေကျအာဘော်တစ်ခုဖြစ်သည်။ [၂၀]
စတိုင်းဖဲ သည် "အနုပညာနဲ့ပတ်သတ်၍ အမှန်တကယ်ဂရုစိုက်သော အနုပညာရှင်တဦး" အဖြစ် သူမအား အမှတ်ရကြရန် မျှော်လင့်သည်ဟု ဆိုခဲ့ဖူးသည်။ [၂၁] “ရုပ်ရှင်ရိုက်ကွင်းမှာအလုပ်လုပ်တာနဲ့ တေးသံသွင်းစတူဒီယိုမှာအလုပ်လုပ်တာမှာ ကွာခြားချက်တွေက အများကြီးပဲ” ဟုမှတ်ချက်ပေးခဲ့ပြီး “ဂီတကို လွတ်လပ်စွာ ဖန်တီးရတာကို သဘောကျတယ်” ဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ [၂၁]
ကိုယ်ပိုင်ဘဝ
ပြင်ဆင်ရန်စတိုင်းဖဲ သည် Instagram ကျော်ကြားသူ Cameron Smoller နှင့် ၂၀၁၆ ခုနှစ်တွင် စတင်ချိန်းတွေ့ခဲ့သည်။ သူတို့သည် ၂၀၁၇ အစောပိုင်းတွင် Golden Globes ပါတီ၌ စုံတွဲအဖြစ် လူသိရှင်ကြားပွဲတက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လမ်းခွဲခဲ့ကြသည်။ [၂၂] သူမသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အိုင်ယာလန်လူမျိုးအဆိုတော် Niall Horan နှင့် စတင်တွဲခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လမ်းခွဲခဲ့ကြသည်။ [၂၃] [၂၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Hailee Steinfeld - Biography။ October 17, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.Hailee Steinfeld Answers the Web's Most Searched Questions | WIRED။ November 30, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ၃.၀ ၃.၁
You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist
- ↑ ၄.၀ ၄.၁ ၄.၂ Strauss၊ Bob။ "Thousand Oaks teen Hailee Steinfeld earns nods for big role in 'True Grit'"၊ December 18, 2010။ 18 January 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 7 January 2011။
- ↑ Garza, Oscar (February 25, 2011).
- ↑ ၆.၀ ၆.၁ Hailee Steinfeld hopes to visit Bohol | Inquirer Entertainment (September 28, 2013)။ October 22, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 2, 2014 တွင် ပြန်စစ်ပြီး။
- ↑ Days of our Lives True O'Brien loves playing Paige and talks about working with Justin Bieber - Inside the Bubble။ March 4, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 29, 2014 တွင် ပြန်စစ်ပြီး။
- ↑ Berk၊ Philip (January 12, 2017)။ This actress is destined for greatness။ Star2-com။ April 27, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2018 တွင် ပြန်စစ်ပြီး။
- ↑ Tanenbaum၊ Gil (January 11, 2015)။ Hailee Steinfeld To Star In Carrie Pilby။ Jewish Business News။ April 27, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2018 တွင် ပြန်စစ်ပြီး။
- ↑ Tugend၊ Tom။ "Coens' 'Grit' at top of Oscar list, with a king and a social networker"၊ The Jewish Journal of Greater Los Angeles၊ January 27, 2011။ 18 January 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 28 January 2011။
- ↑
You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist
- ↑ Abad၊ Paolo (April 6, 2016)။ WATCH: Hailee Steinfeld on connecting with her Filipino roots။ Rappler။ April 27, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2018 တွင် ပြန်စစ်ပြီး။
- ↑ "Bright Star"။ September 2016။ p. 112။ Cite magazine requires
|magazine=
(အကူအညီ) - ↑ Hailee Steinfeld hopes to visit Bohol (September 28, 2013)။ December 18, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 17, 2018 တွင် ပြန်စစ်ပြီး။
- ↑
You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist
- ↑ Lindell၊ Karen။ "Hailee Steinfeld is still in a daze over the accolades she's receiving for 'True Grit'"၊ Ventura County Star၊ December 24, 2010။ 18 January 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 31 December 2010။
- ↑ Hailee Steinfeld Finds Clarity Through Acting and Music-Making။ October 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
- ↑ ၁၈.၀ ၁၈.၁ Hailee Steinfeld (March 28, 2016)။ October 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
- ↑ Hayley Williams' 'Petals for Armor' and Hailee Steinfeld's 'Half Written Story': Album Reviews (May 8, 2020)။ October 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
- ↑ Multi-platinum recording artist Hailee Steinfeld releases new single and album while on lockdown (April 27, 2020)။ September 14, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 14, 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂၁.၀ ၂၁.၁ Hailee Steinfeld hopes to leave behind a musical legacy။ June 2, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 30, 2021 တွင် ပြန်စစ်ပြီး။
- ↑ "All the Deets:Does Hailee Steinfeld Have A Boyfriend? A Detailed Breakdown Of Her Love Life"။ December 11, 2019။ November 12, 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ More than one of
|archivedate=
နှင့်|archive-date=
specified (အကူအညီ); Cite magazine requires|magazine=
(အကူအညီ) - ↑ "Niall Horan girlfriend: The real reason behind split from Hailee Steinfeld"။ May 31, 2020။ November 12, 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ More than one of
|archivedate=
နှင့်|archive-date=
specified (အကူအညီ); Cite magazine requires|magazine=
(အကူအညီ) - ↑ "Niall Horan opens up about why he and Hailee Steinfeld broke up"။ March 20, 2020။ December 5, 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ More than one of
|archivedate=
နှင့်|archive-date=
specified (အကူအညီ); Cite magazine requires|magazine=
(အကူအညီ)