ဟောင်လွန်းသည့်ခွေး လူမလေး

ဟောင်လွန်းသောခွေး လူမလေးသည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ဟောင်လွန်းသောခွေးကို လူမကြောက်သကဲ့သို့ ဟောင်ဖွာဟောင်ဖွာနှင့် အမြဲမြည်တွန်တောက်တီးတတ်သူကို ကြောက်ရွံ့ရိုသေမှု နည်းသည်။

ချုန်းလွန်သောမိုး ရေမဖောင် သည်လည်း ဆင်တူသော စကားပုံတစ်ခုဖြစ်သည်။

"စစ်ဆိုသည် ငြိမ်လွန်းလျှင် စိုးရိမ်ရမြဲ ဖြစ်၏။ ကျည်တွေ တဝေါဝေါ သွန်နေတိုင်းလည်း ကြောက်မက်ဖွယ်မရှိ ဖြစ်တတ်သည်။ ဟောင်လွန်သောခွေး လူမလေးဟု အဆိုရှိပြန်သည် မဟုတ်ပါလား။" [၁၃၂၈] ရှေ့သို့၊ ၁၁၊ ၄။ ၃၃။

ကိုးကား ပြင်ဆင်ရန်