ဟဲသားပင်အမျိုးပေါင်းလေးရာမျှရှိရာ ယင်းတို့သည် များသောအားဖြင့် အာဖရိကတိုက်၌ မူလပေါက်ရောက်ကြသည်။ ဂရိတ်ဗြိတိန်နိုင်ငံရှိ မြေရိုင်းများတွင် ပေါက်ရောက် လေ့ရှိသော အမြဲစိမ်းချုံပင်မျိုးဖြစ်သည်။ ဥရောပတိုက်ရှိ အချို့အစိတ်အပိုင်းများနှင့် အာဖရိကတိုက်တို့၌လည်း ပေါက်ရောက်သေးသည်။ ထိုအပင်မျိုး၏ပင်စည်သည်တို၍မွဲပြာရောင်ရှိပြီးလျှင် အမွေးများရှိလေသည်။ ထိုအပင်၏အကိုင်းများသည် တံမြက်စည်းနှင့်တူပြီးလျှင် အရွက်များမှာအပ်များနှင့် တူကြသည်။ ထိုအပင်၏ပန်း ရောင်အပွင့်သေးကလေးများသည် ခေါင်းလောင်းငယ်များနှင့်တူပြီးလျှင် အခိုင်ရှည်များအဖြစ်နှင့် ပွင့်ကြလေသည်။ ဥရောပတိုက်အချို့ဒေသများ၌ထိုဟဲသားပင်မျာုး ပေါက်ရောက်လျက်ရှိရာထိုအပင်များကိုတံမြက်စည်းများနှင့် ဝက်မှင်ဘီးများ ပြုလုပ်ကြလေသည်။ ပြင်သစ်နိုင်ငံတွင် ပေါက်ရောက်သောဟဲ သားပင်များ၏ အမြစ်များကို ဆေးတံများပြုလုပ်ရန် အသုံးပြုကြသည်။ စကော့တလန်ပြည်တွင် အချို့ဆင်းရဲသားများသည် သူတို့၏ နေအိမ်များကို မိုးရာတွင်ဟဲသားပင်မှရရှိသည့်ပစ္စည်းများကို အသုံးပြုကြသည်။ အချို့နေရာများတွင် ဟဲသားပင်ကို ကျိုချက်ပြီးနောက် ရရှိသောအရည်ဖြင့် သားရေများကို နယ်လေ့ရှိကြသည်။ အိမ်မွေးတိရစ္ဆာန်များကို ဟဲသားပင်၏ အညှောက်များကိုကျွေးမွေးကြသည်။ ဟဲသားပင်၏ အစေ့များကိုငှက်များကလည်း ကြိုက်နှစ်သက်ကြသည်။ ဟဲသားပင်သည် အဲရစ်ကေဆီအီးမျိုးစဉ်၌ပါဝင်၍ ရုက္ခဗေဒအမည်အားဖြင့် ကယ်လူနာ ဗာလဂါရစ်ဟုခေါ်သည်။ အချို့အပင်များသည်လက်မအနည်းငယ်သာမြင့်ကြသော်လည်း အချို့အပင် များကမူ သုံးပေသို့မဟုတ် သုံးပေမက မြင့်တတ်ကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)