ဟျောန်‌ဒယ် မော်တာကုမ္ပဏီ(ကိုရီးယား: 현대 자동차 주식회사)သည် ကိုရီးယား ကားကုမ္ပဏီတစ်ခုဖြစ်ည်။ အဆိုပါကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တည်ရှိသည်။ အဆိုပါကားကုမ္ပဏီအား ၁၉၆၇ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကီရာကုမ္ပဏီနှင့်အတူ ဟန်ဒေးကီရာအော်တိုမိုးတစ်အစု တည်ထောင်ထားသည်။ ဤအစုသည် ကမ္ဘာ့ကားပြုလုပ်သည့် ကုမ္ပဏီတွင် ၄ခုမြောက်အကြီးမားဆုံး ကုမ္ပဏီဖြစ်သည်ဟု ၂၀၀၉ ခုနှစ် စစ်တမ်းများက ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ်စစ်တမ်းအရ ၂နှစ်အတွင်းတွင် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး ကားပြုလုပ်သည့်ကုမ္ပဏီအဖြစ် ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ်တွင် ကီရာမပါဝင်ပဲ ဟန်ဒေး အနေဖြင့် ၈ ခုနမြောက်အကြီးမားဆုံး ကားပြုလုပ်သည့် ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။ ၂၀၁၀ ခုနှစ်တွင် ယာဉ်အစီးရေ ၃.၆ သန်းကျော် ရောင်းချခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဟန်ဒေးက ၎င်းတို့၏ ဂျန်နက်စစ်ကား(Genesis car) ကို သီးခြားဇိမ်ခံမှတ်တံဆိပ်အဖြစ် စတင်မည်ဟု ကြေညာခဲ့သည်။ ၎င်းသည် အခြားတံဆိပ်များဖြစ်သည့် Buick, Lexxus, Acura စသည်တို့ ကဲ့သို့ ဖြစ်သည်။

ဟျောန်‌ဒယ် ကုမ္ပဏီ(Hyundai Motor Company)
Hyeondae Jadongcha Jushik-hwesa
현대 자동차 주식회사
အမျိုးအစားအများပိုင်ကုမ္ပဏီ
လုပ်ငန်းမော်တော်ယာဉ်
တည်ထောင်သည့်နှစ်၂၉ ဒီဇင်ဘာ ၁၉၆၇
တည်ထောင်သူများChung Ju-yung
ဌာနချုပ်ဆိုးလ်မြို့, တောင်ကိုရီးယားနိုင်ငံ
ဝန်ဆောင်မှု ဧရိယာကမ္ဘာအနှံ့
အရေးပါ ပုဂ္ဂိုလ်များMong-Koo Chung (Chairman & CEO)
Eui-Sun Chung (Vice-Chairman)
Won-Hee Lee (President)
ထုတ်ကုန်ပစ္စည်းမော်တော်ကား, စီးပွားရေးသုံးယာဉ်ကြီးများ, အင်ဂျင်စက်
ထုတ်ကုန်ပမာဏIncrease 2,943,529 units (2011)
ဝင်ငွေIncrease US$ 97.40 billion (2011)[၁]
အသားတင် ဝင်ငွေIncrease US$ 04.70 billion (2011)[၁]
ရင်းနှီးမြှုပ်နှံမှုIncrease US$ 104.06 billion (2011)[၁]
အလုပ်သမားဦးရေ80,000 (2011)[၁]
မိခင်ကုမ္ပဏီHyundai Motor Group
ဝက်ဘ်ဆိုက်worldwide.hyundai.com

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ FY of Hyundai Motor CompanyFortune