ဟွမ်ဖူးစေတီ (ဗီယက်နမ်: Chùa Hoằng Phúc, literall: Great Blessing, Hán tự: 弘福寺) သည် ဗီယက်နမ်နိုင်ငံ၊ မြောက်ဗဟိုကမ်းရိုးတမ်းဒေသ၊ ကွမ်းဘင်စီရင်စုနယ်မြေ၊ လယ်သွေခရိုင်၊ သွမ်ထရပ်ကျေးရွာတွင် တည်ရှိသည်။ စေတီသည် နှစ်ပေါင်း ၇၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဗဟိုဗီယက်နမ်ဒေသတွင်းရှိ သက်တမ်းအကြာဆုံး စေတီဘုရားများတွင် တစ်ခု အပါအဝင်ဖြစ်သည်။[၁]

Hoang Phuc Pagoda
ဗီယက်နမ်: Chùa Hoằng Phúc
ပြန်လည်တည်ဆောက်ပြီးနောက် မြင်ကွင်း
ဟွမ်ဖူးစေတီ သည် ဗီယက်နမ်နိုင်ငံ တွင် တည်ရှိသည်
ဟွမ်ဖူးစေတီ
စေတီတည်နေရာ
ယခင်အမည်များKính Thiên Pagoda, Quan Pa Pagoda
အခြားအမည်များchùa Kính Thiên
chùa Quan
အထွေထွေ အချက်အလက်များ
တည်နေရာလယ်သွေခရိုင်၊ ကွမ်းဘင်စီရင်စုနယ်မြေ၊ ဗီယက်နမ်နိုင်ငံ
လိပ်စာသွမ်ထရပ်ကျေးရွာ၊ လယ်သွေခရိုင်၊ ကွမ်းဘင်စီရင်စုနယ်မြေ
နိုင်ငံVietnam
ကိုဩဒိနိတ်17°10′48″N 106°44′6″E / 17.18000°N 106.73500°E / 17.18000; 106.73500ကိုဩဒိနိတ်: 17°10′48″N 106°44′6″E / 17.18000°N 106.73500°E / 17.18000; 106.73500
ပျက်စီးနေသော ဂိတ်တံခါးဟောင်း
ဘုရားကျောင်းဝင်း ဂိတ်တံခါးဟောင်း

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၃၀၁ ခုနှစ်တွင် ထွမ်မင်းဆက်မှ ထွမ်နန်းတောင်းဧကရာဇ်သည် ဤဘုရားကျောင်းသို့ ရောက်ရှိလာရာမှ  ထွိုင်ခပ်ဘုရားကျောင်း ဟု ခေါ်တွင်ခဲ့သည်။ ၁၇၁၆ တွင် ငုရင်မိသားစု အကြီးအကဲ ငုရင်ဖက်ချူးက ခင်သရပ်တု ဘုရားကျောင်း ဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ ငုရင်မင်းဆက်မှ မင်းမန်ဘုရင်သည် ၁၈၂၁ တွင် ဘုရားကျောင်းသို့ ရောက်ရှိလာပြီး အမည်ကို ဟွမ်ဖူးစေတီအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ [၂]

စေတီကို အကြိမ်များစွာ ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ၁၉၈၅ တွင် အပူပိုင်းမုန်တိုင်းကြောင့် ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ရပြီး အဝင်ဂိတ်တံခါး၊ စေတီအောက်ခြေပိုင်းနှင့် ၈၀ ကီလိုဂရမ်ရှိသည့် ခေါင်းလောင်းနှင့် ဘုရားဆင်းတုအချို့သာ ကျန်ရစ်သည်။ [၂] ဤစေတီသည် ကွမ်းဘင်စီရင်စု အမွေအနှစ်များစာရင်းတွင် အပါအဝင်ဖြစ်သည်။

ဒီဇင်ဘာ ၂၀၁၄ တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။[၃] ၁၆ ဇန်နဝါရီ ၂၀၁၆ တွင် စေတီတော်သစ်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ရာ ဗီယက်နမ်အစိုးရ တာဝန်ရှိသူများ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှ သံဃာတော်များ၊ ကမ္ဘောဒီးယား သံဃရာဇာ ဆရာတော်ကြီး Tep Vong နှင့် ဗီယက်နမ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြသည်။ ဟွမ်ဖူးစေတီသည် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားသမိုင်းဝင် အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသည်။[၄] ဖွင့်လှစ်သည့်နေ့တွင် မြန်မာနိုင်ငံမှ သံဃာတော်များက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှ ဗုဒ္ဓဓာတ်တော်များကို ဟွမ်ဖူးစေတီတော်သို့ လက်ဆောင် ပေးအပ်ခဲ့သည်။[၅][၆][၇]

 
ဟွမ်ဖူးစေတီ

ကိုးကား ပြင်ဆင်ရန်

  1. Quang Binh province: Reconstruction of main facilities of Hoang Phuc pagoda completed။ religion.vn (2016-01-12)။ 2016-01-18 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Chùa Hoằng Phúc။ Buddhist Shangha (2014-12-12)။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2016 တွင် ပြန်စစ်ပြီး။
  3. Quảng Bình: Phục dựng, tôn tạo chùa Hoằng Phúc 700 năm tuổi (in Vietnamese)။ VTV။ 2014-12-20 တွင် ပြန်စစ်ပြီး။
  4. Quang Binh’s Hoang Phap pagoda recognized as national historical relic။ vietnambreakingnews.com (2016-01-16)။ 26 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-01-18 တွင် ပြန်စစ်ပြီး။
  5. Myanmar presents Lord Buddha’s sarira to Vietnamese pagoda။ VietnamNet (2016-01-16)။ 26 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-01-18 တွင် ပြန်စစ်ပြီး။
  6. Cung nghinh xá lợi Phật tổ về chùa Hoằng Phúc tại Quảng Bình (in Vietnamese)။ Vietnamplus (2016-01-15)။
  7. Cung nghinh xá lợi Phật tổ từ Myanmar về Quảng Bình (in Vietnamese)။ Tiền Phong (2016-01-15)။