ဟွာဆောင်းကွင်းဆက်လူသတ်မှုများ

တောင်ကိုရီးယား ကွင်းဆက် လူသတ်သမား

ဟွာဆောင်း ကွင်းဆက်လူသတ်မှုများ (ကိုရီးယား화성 연쇄 살인 사건; ဟန်ဂျာ華城連鎖殺人事件; RRhwaseong yeonswae sarin sageon) သည် ၁၉၈၆ စက်တင်ဘာ ၁၅ နှင့် ၁၉၉၁ ဧပြီ ၃ ရက်အကြား တောင်ကိုရီးယား ဟွာဆောင်းမြို့တွင် ပေါ်ပေါက်ခဲ့သော မဖြေရှင်းနိုင်သေးသည့် လူသတ်မှုများဖြစ်သည်။[၁] ကျူးလွန်သည့်အခါတိုင်း အမျိုးသမီး သို့မဟုတ် မိန်းကလေးငယ်များအား တုပ်နှောင်သတ်ဖြတ်ထားသည်။ တောင်ကိုရီးယားနိုင်ငံ ခေတ်နှောင်းသမိုင်းတလျောက် အကျော်စော်ဆုံး လူသတ်မှုများ ဖြစ်ပြီး ရာသီခွင်လူသတ်သမား ၏ ကျူးလွန်မှုနှင့် ခိုင်းနှိုင်းခံရသည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

ဂျုံးဂီစီရင်စု ဟွာဆောင်းနယ်မြို့လေး၌ ၄ နှစ်နှင့် ၇ လအတွင်း အသက် ၁၄ နှစ်မှ ၇၁ နှစ်အရွယ် အမျိုးသမီးတို့ ပါးစပ်ဆို့ ၊ မတရားကျင့်ပြီး အသတ်ခံရသည်။ အမျိုးသမီးများ၏ အဝတ်အစားဖြင့်ပင် အသက်ရှုကြပ်အောင်ပြုလုပ်ပြီး အသတ်ခံ ရခြင်း ဖြစ်သည်။ ကျူးလွန်သူမှာ အရပ်အမြင့် ၁၆၅ မှ ၁၇၀ စင်တီမီတာ ၊ သွေးအုပ်စု ဘီ ပိုင်ရှင် အသက် ၂၀ တွင်းရှိ အမျိုးသားဟု မှုခင်းဆေးပညာ သက်သေအထောက်အထားများအရ သိရသည်။

လုပ်နည်းလုပ်ဟန်ထား သတ်ဖြတ်မှုများအား ပထမဆုံးအကြိမ်အနေဖြင့် အမှန်တကယ်သေချာပိုင်းဖြတ်နိုင်သည်ဖြစ်ရာ ကိုရီးယား၌ နာမည်ကျော်ခဲ့သည်။ ရဲအရာရှိများမှာ လူအလုပ်ရက်ပေါင်း ၂ သန်း ကြာအောင် ဤအမှုအား ဆောင်ရွက်ခဲ့သည်။[၃] သံသယရှိခံရသူအရေအတွက်မှာလည်း တိုးပွားလာရာ အဆုံး၌ ၂၁၂၈၀ ဦးအထိ ရှိလာခဲ့သည်။[၄]

၂၀၁၅ ဇူလိုင် အမျိုးသားညီလာခံက ဖယ်ရှားလိုက်ချိန်အထိ ကိုရီးယားနိုင်ငံ၌ လူသတ်မှုအတွက် statute of limitations မှာ ၁၅ နှစ်ဖြစ်သည်။ ၂၀၀၆ ဧပြီ ၂ တွင် သတ်ဖြတ်မှုအတွက် ပြဋ္ဌာန်းချက်မှာ သက်တမ်းကုန်ဆုံးသွားသည်။[၄] သို့သော် အမှု၏ ထင်ရှားကျော်စော်မှုကြောင့် ရဲမှတ်တမ်းများအား ဆက်လက်သိမ်းဆည်းထားဆဲဖြစ်သည်။ ပြဋ္ဌာန်းချက် ကို ဖယ်ရှားလိုက်သည့်အတွက် သွေးအေးသွားသောအမှုများအား ပြန်လည် သုံးသပ်လျက်ရှိသည်။

၂၀၀၄ တွင် ကောလိပ်ကျောင်းသူတဦးအသတ်ခံရသဖြင့် ဟွာဆောင်း ကွင်းဆက်လူသတ်မှုများအား စိတ်ဝင်စားမှုများ ပြန်လည်အစပျိုးလာခဲ့သည်။ ယင်းအမှုမှာလည်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။[၅]

သားကောင်များ [၆] ပြင်ဆင်ရန်

မှုခင်း ရက်စွဲ နေရာ သားကောင် မှတ်ချက်များ
၁၉၈၆ စက်တင်ဘာ ၁၅ ဟွာဆောင်း ၊ အန်ယောင်း-ရီ (ယခု ဟွာဆန်း-ဒုံ) စားကျက်ကွင်း လီဝမ်-အင်းမ် (၇၁ နှစ်) Statute of limitations expired on September 15, 2001, at 12 am.
၁၉၈၆ အောက်တိုဘာ ၂၀ ဟွာဆောင်း ၊ ဂျီနန်း-ရီ (ယခုဂျီနန်း-ဒုံ) တူးမြောင်း ပါခ့် ဟျွန်ဆုခ် (၂၅ နှစ်) Statute of limitations expired on October 19, 2001, at 12 am.
၁၉၈၆ ဒီဇင်ဘာ ၁၂ ဟွာဆောင်း ၊ အန်ယောင်း-ရီ (ယခု ဟွာဆန်း-ဒုံ) ကမ်းပါး Kwon ဂျူဘုံ (၂၅ နှစ်) Statute of limitations expired on December 11, 2001, at 12 am.
၁၉၈၆ ဒီဇင်ဘာ ၁၄ ဂျောင်နမ်-မြောင်, ဂွမ်ဟန်း-ရီ တူးမြောင်း Lee Kye-sook (23 years old) Statute of limitations expired on December 13, 2001, at 12 am.
၁၉၈၇ ဇန်နဝါရီ ၁၀ ဟွာဆောင်း ဟွမ်ဂိုင်း-ရီ (ယခု ဟွာဆန်း-ဒုံ) လယ်ကွင်း ဟွန် ဂျင်-ယောင်း (၁၉ နှစ်) Statute of limitations expired on January 9, 2002, at 12 am.
၁၉၈၇ မေ ၂ ဟွာဆောင်း ၊ ဂျီနန်-ရီ (ယခု ဂျီနန်ဒုံ) တောင် ပါ့ခ် အွန် ဂျူး (၂၉ နှစ်) Statute of limitations expired on May 1, 2002, at 12 am.
၁၉၈၈ စက်တင်ဘာ ၇ ပါလ်တန်မြောင် ၊ ဂါဂျေး-ရီ တူးမြောင်း အန် ဂီဆွန်း (၅၄ နှစ်) Statute of limitations expired on September 6, 2003, at 12 am.
၁၉၈၈ စက်တင်ဘာ ၁၆ ဟွာဆောင်း ဂျီနန်-ရီ (ယခုဂျီနန်-ဒုံ) နေအိမ် ပါ့ခ်ဆန်းဟီး (၁၄ နှစ်) ၁၉၈၉ ဇူလိုင် ၂၇ တွင် ယွန်းမို (၂၂ နှစ်) အားဖမ်းဆီးခဲ့။
၁၉၉၀ နိုဝင်ဘာ ၁၅ ဟွာဆောင်း ဗျောင်ဂျမ်းဒုံ (ဗျောင်ဂျမ်း ၁(အီလ်)-ဒုံ) တောင်ကုန်း ကင်မ် မီဂျွန်း (၁၄နှစ်) Statute of limitations expired on November 14, 2005, at 12 am.
၁၀ ၁၉၉၁ ဧပြီ ၃ ဒုန်တန်း-မြောင် ၊ ဘန်ဆုန်း-ရီ (ယခု ဒုန်တန်း ၁ - ဒုံ) တောင်ကုန်း Kwon ဆုန်းဆန်း (၆၉ နှစ်) Statute of limitations expired on April 2, 2006, at 12 am.

မီဒီယာများတွင် ဖော်ပြခြင်း ပြင်ဆင်ရန်

ဤလူသတ်မှုများအပေါ် အခြေတည်၍ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းများစွာ ဖန်တီးခဲ့ကြသည်။[၂][၇]

  • Memories of Murder (၂၀၀၃)
  • Confession of Murder (၂၀၁၂)
  • Gap-dong (၂၀၁၄)
  • Signal (၂၀၁၆)
  • Tunnel (၂၀၁၇)
  • Criminal Minds (၂၀၁၇)
  • Partners for Justice (၂၀၁၈)
  • Signal (၂၀၁၈)

ကိုးကား ပြင်ဆင်ရန်

  1. Kyung-Hyun Nam (2006-04-01)။ Hwaseong Killings Still Baffle Policeenglish.donga.com။ 2015-09-09 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Cho၊ Seongyong (2012-05-23)။ A South Korean "Zodiac"RogerEbert.com။ 2015-09-09 တွင် ပြန်စစ်ပြီး။
  3. “화성사건은 아직 끝나지 않았다” 당시 담당형사 책펴내 (in Korean)။ DongA Ilbo (2003-09-08)။ 2016-03-24 တွင် ပြန်စစ်ပြီး။ “연인원 200만명의 경찰이 투입됐고...”
  4. ၄.၀ ၄.၁ 화성연쇄살인사건 ‘살인의 추억’ 으로 묻히나 (in Korean)။ The Hankyoreh (2006-04-01)။ 2016-03-24 တွင် ပြန်စစ်ပြီး။
  5. Hwaseong Fears Return of Serial Killerenglish.chosun.com (2007-09-01)။ 2015-09-09 တွင် ပြန်စစ်ပြီး။
  6. Hwaseong serial murders victims။ May 13, 2018 တွင် ပြန်စစ်ပြီး။
  7. Julie Jones (2015-08-26)။ More Writers And Actresses Opt For Cable DramasKDramaStars။ 2015-09-09 တွင် ပြန်စစ်ပြီး။