အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်/၄

တည်းဖြတ်မုဒ် ဖွင့်ခြင်း
တည်းဖြတ်မုဒ် ဘယ်လိုစဖွင့်မလဲ

ကိရိယာဘား အခြေခံများ
အလိုရှိရာသုံးဖို့ ကိရိယာများ

လင့်ခ်များနှင့် ဝီကီလင့်ခ်များ
စာမျက်နှာအချင်းချင်း ချိတ်ဆက်ဖို့

ဆောင်းပါးသစ်များ ဖန်တီးခြင်း
စာမျက်နှာတစ်ခု တည်ဆောက်ခြင်း

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



Screenshot of the VisualEditor toolbar


သင့်ပြင်ဆင်ပြောင်းလဲမှုတွေကို စိတ်တိုင်းကျပြီဆိုရင် အဲဒါတွေကို လွှင့်တင်ဖို့ (သိမ်းဆည်းတာနဲ့ အတူတူ) အချိန်ရောက်လာပါပြီ။ သင့်တည်းဖြတ်မှုတွေကို လွှင့်တင်တဲ့အခါမှာ သင်တည်းဖြတ်နေတဲ့ ဝီကီပီးဒီးယား စာမျက်နှာကို ချက်ခြင်း ပြောင်းလဲမှုတွေ ဖြစ်သွားစေမှာပါ။ (တည်းဖြတ်မှုကို ပယ်ဖျက်ချင်ရင်တော့ ဘရောက်ဇာဝင်းဒိုးစ်ကိုသာ ပိတ်လိုက်ပါ။)

တည်းဖြတ်မှုပြီးသွားပြီဆိုရင် ကိရိယာဘားပေါ်က အပြာရောင်ပြောင်းလဲမှုများကို လွှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် သင့်တည်းဖြတ်မှု အကျဉ်းချုပ်ကို ရေးသားနိုင်မယ့် အကွက်လေး ပွင့်လာပါလိမ့်မယ်။ ဒီအကျဉ်းချုပ်က တခြားတည်းဖြတ်သူတွေကို သင်ဘာတွေ ပြောင်းလဲခဲ့သလဲဆိုတာကို သိစေပါတယ်။


အငြင်းပွားဖွယ်ရာမရှိတဲ့ စာလုံးပေါင်း ပြင်ဆင်တာ၊ ပုံစံပြောင်းတာ စတဲ့ တည်းဖြတ်မှုတွေကို လုပ်ခဲ့တယ်ဆိုရင်တော့ သင့်တည်းဖြတ်မှုတွေကို အရေးမကြီးသော ပြင်ဆင်မှုအဖြစ် အမှတ်အသားပြုခြင်းက တခြားတည်းဖြတ်သူတွေကို ကူညီရာရောက်ပါတယ်။ (အကောင့်မဝင်ထားရင်တော့ ဒါကို သုံးလို့ရမှာ မဟုတ်ပါဘူး) အလားတူ စာမျက်နှာရဲ့ နောက်ထပ်ပြောင်းလဲမှုတွေကို သင်သိလိုသေးတယ်ဆိုရင် စာမျက်နှာကို သင့်ရဲ့ စောင့်ကြည့်စာရင်း မှာ ပေါင်းထည့်နိုင်ပါတယ်။ (ဒါလဲ အကောင့်ဝင်ထားမှပဲ သုံးနိုင်မှာပါ)


ပြောင်းလဲထားသည်များကို ပြန်လည်ဆန်းစစ်ရန် ခလုတ်ကတော့ သင့်ပြောင်းလဲမှုတွေအတွက် Wiki markup ရင်းမြစ်ကုဒ်ကို ပြသပေးမှာပဲ ဖြစ်ပါတယ်။ တည်းဖြတ်မှုအား ယခင်နေရာမှပြန်စရန် ခလုတ်ကတော့ တည်းဖြတ်တဲ့နေရာကို ပြန်သွားစေမှာဖြစ်ပါတယ်။