ဒါက ရှိနှင့်ပြီးသား ဇယားကွက်မှာ ကော်လံအသစ်တစ်ခု၊ ဒါမှမဟုတ် အတန်းတစ်ခု ထပ်တိုးတဲ့နေရာမျိုးမှာ သုံးတဲ့ပုံစံဖြစ်ပါတယ်။


အတန်းသစ်တစ်ခု ထပ်တိုးခြင်း

ဇယားတစ်ခုတွင်းမှာ အတန်းသစ်တစ်ခု ထပ်တိုးဖို့အတွက် အတန်းခြားတစ်ခုနဲ့ တခြားအတန်းက ဇယားကွက် အရေအတွက် တူတူ ထပ်ဖြည့်ဖို့ လိုပါတယ်။


အလွယ်ဆုံးနည်းလမ်းကတော့ ရှိပြီးသား အတန်းရဲ့ markup ကုဒ်ကို ကူးယူလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါဆိုရင် ဇယားထဲက စာတွေကိုပဲ ပြင်လိုက်ရုံပါပဲ ဇယားရဲ့ နောက်ဆုံး အတန်းအောက်က |} ကို ချန်ထားဖို့ မမေ့ပါနဲ့။

ကော်လံသစ်တစ်ခု ထပ်တိုးခြင်း

ဇယားတစ်ခုမှာ ကော်လံတစ်ခု ထပ်တိုးဖို့ဆိုရင် အတန်းတစ်ခုစီမှာ ဇယားကွက်တစ်ခုစီ ထပ်ဖြည့်ရမှာ ဖြစ်ပါတယ်။


ပြောင်းလဲမှုများ နမူနာကြည့်ခြင်း

ပြင်ဆင်ထားတာတွေကို နမူနာကြည့်ခြင်းက ဇယားတွေမှာ အထူးအရေးပါ ပါတယ်။ ဇယားကွက်ပုံစံ ပျက်စေနိုင်တဲ့ အမှားအသေးတွေ ဖြစ်ပေါ်စေနိုင်လို့ပါ။