အက်စထရစ် (Asterisk) ဆိုသည်မှာ ပီဘီအိတ်စ် ခေါ် ပုဂ္ဂလိက တယ်လီဖုန်း အိတ်ချိန်း အဖြစ် အသုံးပြုနိုင်ရန် အတွက် ရေးသားထားသော ကွန်ပျူတာ ဆော့ဖ်ဝဲလ် တစ်ခုဖြစ်သည်။ ဒီဂျီယမ် ဆက်သွယ်ရေး ကုမ္ပဏီမှ မာ့ခ်စပင်ဆာက ၁၉၉၉ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။ အခြားသော ပီဘီအိတ်စ်များ ကဲ့သို့ပင် ၎င်းနှင့် တွဲဆက်ထားသော တယ်လီဖုန်းများ အချင်းချင်း ခေါ်ဆိုနိုင်ခြင်း၊ အများသုံး တယ်လီဖုန်း ကွန်ယက်သို့ ချိတ်ဆက်နိုင်ခြင်း နှင့် ဗွီအိုအိုင်ပီ ဝန်ဆောင်မှုများ ရရှိနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်။ ၎င်း၏ အမည်သည် “*” သင်္ကေတမှ တဆင့် ပြောင်းလဲလာခြင်း ဖြစ်သည်။