အက်စပါရန်တိုဘာသာစကား

ကမ္ဘာသူ ကမ္ဘာသားအချင်းချင်းတို့ပြောဆိုရေးသား ဆက်သွယ်ကြသော ကိစ္စ၌ အားလုံးနား လည်လေအောင် ကြံဆတီထွင်သော ကမ္ဘာသုံးစကား (ဝါ) ကမ္ဘာသုံးစာကို ဆေးပညာနှင့် ဘာသာ ဗေဒပညာရပ်နှစ်ခု စလုံးကို နိုင်နင်းစွာ တတ်ကျွမ်းသော ရုရှအမျိုးသား လုဒွစ် ဇာမင်နော့ (၁၈၉၅-၁၉၁၇) က တီထွင်သည်။ တီထွင်ရာ၌ ထားရှိသော အာသီသမှာ ကမ္ဘာသူ ကမ္ဘာသားအချင်းချင်း စကားတစ်မျိုးတည်း၊ စာ တစ်မျိုးတည်းနှင့် ပြောဆိုရေးသား ဆက်ဆံလျှင် မျိုးရိုးဇာတိကွဲပြားခြားနားသည်ကို အကြောင်းပြု ၍ပေါ်ပေါက် သော အာဃာတ တရားများပပျောက်၍ ငြိမ်း ချမ်းရေး ရကြပါစေဟူသော အာသီသဖြစ်သည်။

နိုင်ငံအချင်းချင်းဆက်ဆံရာ၌ နာလည်းစေရန်ရည်ရွယ်၍ နိုင်ငံ တကာသုံး ဘာသာစကားတစ်ခုတည်း ကို ကြံဆခဲ့သည်မှာ ခရစ်နှစ်ရာစုခေတ် ဂရိဒဿနိကပညာရှင် ဂါလင်နှင့် ဆိုက ရေးတီးတို့ လက်ထက်ကပင် စတင်သည်ဟုဆိုကြသည်။ ၁၂ ရာစုခေတ်၌လည်း တျူတန်နစ်အနွယ် မင်းညီမင်းသားတို့သည် တစ်ကမ္ဘာလုံး က သုံးစွဲနိုင်သောဘာသာစကားကို ကြံဆကြ သည်။ ဥရောပနိုင်ငံတွင် စွယ်စုံကျမး်ကို ရှေးဦးစွာ ပြုစုခဲ့ သော ဒေးကတ်သည်လည်း ဤသို့ကြံစည်ဖူးသည်ဟု ဆို သည်။ ပြင်သစ်စာပေပညာရှင် ဗော်လတဲယားသည်လည်း ကမ္ဘာသုံး ဘာသာစကားတီထွင်ရန် လုံ့လထုတ်ခဲ့သည်။

ဂျာမန်ဒဿနိက ဗေဒပညာရှင် အီမန်နျူယယ်ကန့် (၁၇၂၄ -၁၈၀၄) ကလည်း ယင်းကဲ့သို့ ကြံဆတီထွင်သောအရာ တို့ကို ထောက်ခံအားပေးသည်။

၁၉ ရာစုနှစ်တွင် ခရစ်ယန် ဘုန်တော်ကြီးတစ်ဦးဖြစ်သော ဖားသားရှက်ယာသည် ဗိုလာပွစ်အမည်ရှိ သောကမ္ဘာသုံး ဘာသာကို တီထွင်သည်။ သို့ရာတွင် ယင်းတီထွင်မှုမှာ ရှုပ်ထွေးခဲယဉ်းလှသောကြောင့်မအောင် မြင့်ခဲ့ချေ။

၁၈⁠၈၇ ခုနှစ်တွင် ဇာမင်နော့သည် ဒေါက်တာအက်စပါရန် တို ဟူသော နာမည်ဝှက်ဖြင့် နိုင်ငံတကာ သုံး ဘာသာ စကားအမည်ရှိသော စာတမ်းတစ်စောင်ကို ရေးသား ထုတ်ဝေသည်။ မကြာမီ ယင်းကမ္ဘာသုံး ဘာသာစကား သည် ရုရှနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ခေတ်စားလာသည်။ ဒေါက်တာ အက်စပါရန်တို ဟူသော အမည်ကို စွဲ၍လည်း ယင်းဘာသာစကားကို အက်စပါရန်တိုဟူ၍ အများက ခေါ် ဝေါ် သမုတ်ကြ လေသည်။

၁၉၅၂ ခုနှစ်တွင် အက်စပါရန်တိုဘာသာကို သုံးစွဲကြသူတို့ ၏ ဦးရေသည် နိုင်ငံပေါင်း ၃၂ နိုင်ငံ၌ ၂၈၀၀၀ဝ၀ဝ ခန့် ရှိသည်ဟု ခန့်မှန်းသည်။ ၁၉၆၀ ပြည့်နှစ်သို့ရောက်သော် ယင်းလူဦးရေမှာ ၅၀၀၀ဝ၀ဝ အထိတိုးသည်။ အက်စပါရန်တို ဘာသာစကားသည် ရေးသား ပြောဆိုရာ၌›င်း၊ သံကြိုးရိုက် ရာ၌›င်း လွန်စွာ လွယ်ကူသည်။ ထို့ကြောင့် ကုန်စည်ကူး သန်း ရောင်းဝယ်ရေးဆိုင်ရာ အစည်းအဝေးကြီးများ၌ ယင်း ဘာသာစ ကားကို သုံးလေ့သုံးထ ပြုကြသည်။ ထိုဘာသာ စကားဖြင့် အသံလွှင့်သည်မှာလည်း အောင်မြင်သည်။

ဒုတိယ ကမ္ဘာစစ်ပြီးသည့်နောက်ပိုင်းတွင် အသံလွှင့်ဌာန ပါင်း ၂၀ တို့က ယင်းဘာသာဖြင့် အသံလွှင့်ကြသည်။ ဗြိတိသျှ အက်စပါရန်တိုအသင်း စာကြည့်တိုက်၌ အက်စပါ ရန်တို ဘာသာဖြင့် ရေးသားထားသော စာအုပ်စာတမ်းပေါင်း ၃၀၀၀ဝ၀ဝ ခန့်ကို စာရင်းတင်ထားသည်။ ယင်းတို့တွင် မူရင်း စာပေနှင့် ဘာသာပြန်စာ ပေတို့ ပါဝင်ကြ၏။ သိပ္ပံမဂ္ဂဇင်း ခုနစ်စောင်၊ ရှစ်စောင်ခန့်သည်လည်း အက်စပါရန်တိုဘာသာ နှင့်ပင် ထုတ် ဝေသည်။

ကမ္ဘသုံးဘာသာစကားတို့ကို တီထွင်ကြသည့် အရာ၌ အက်စပါရန်တိုသည် အခြားတီထွင်ချက်တို့ ထက် ပို၍ အောင်မြင်သည်။ အဘယ်ကြောင့်ဆိုသော် တီထွင်ရာ၌သဒ္ဒါ နည်းတို့ကို တစ်သမတ်တည်းဖြစ်အောင် ရိုး⁠ရိုးနှင့်ရှင်းရှင်း တီထွင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် စကားတို့၏ အခြေခံ ဖြစ်သော ဓာတ်ပစ္စည်းများ ကို ကြံဆရာ၌ ဥရောပတိုက်၌ သုံးစွဲ နေကြသော ဘာသာရပ်ကြီးများမှ ထုတ်နုတ်သုံးစွဲသဖြင့်လည်း အများ က ရိမ်မိနားလည်နိုင်ကြသော သဘောရှိသည်။

၁၉၀၇ ခုနှစ်တွင် ပဲရစ်မြို့၌ ယင်းအက်စပါရန်တိုကို ပြုပြင်၍ အီဒိုဟု ခေါ်ဝေါ်အပ်သော ဘာသာစ ကားကို တီထွင်ရန် ကြံစည်ကြသည်။ သို့ရာတွင် နောက်အသစ်ထပ်မံပြုပြင်သော အက်စပါရန်တိုကို အက်စ ပါရန်တိုအသစ်ဟု ခေါ်ဆိုပြီးလျှင် ယင်းကိုပင် ဆက်လက်သုံးစွဲသည်။

ဇာပင်နော့ကို ရုရှအမျိုးသားဟု ဆိုသော်လည်း သူ၏မူလ ဇာတိမှာ ပိုလန်နိုင်ငံဖြစ်သဖြင့် ပိုလန်လူ မျိုးတို့က အက်စပါ ရန်တို တီထွင်သူသည် ပိုလန်အမျိုးသား ဖြစ်သည်ဟု မှတ်ယူ ကြသည်။ အက်စပါရန်တို သည် ပိုလန်နိုင်ငံ ဝါဆောမြို့၌ပင် ကွယ်လွန်သည်။ အက်စပါရန်တိုကို တီထွင်၍ စာတမ်းထုတ် ဝေရာ၌ စာ ပေပညတ်ခြင်း ကျပ်တည်းလှသောကြောင့် ဇာမင် နော့သည် ပထမ၌ ရုရှဘာသာဖြင့် ရေးပြီးလျှင် နောက်ပိုင်း မှာမှ ပိုလန်နိုင်ငံ ဘာသာစကားဖြင့်ရေးသည်။ ဒုတိယကမ္ဘာ စစ်အတွင်း၌ နာဇီတို့က အက်စပါရန်တိုဘာသာ ကို နှိပ်ကွပ် ပညတ်ကြသည်။ စစ်ကြီးပြီးသောအခါမှသာ အက်စပါရန်တို လှုပ်ရှားမှုကို ပိုလန်နိုင်ငံ၌ ပြန်၍ ဖော်နိုင်ကြသည်။ ယခုအခါ ပိုလန်နိုင်ငံ အက်စပါရန်တိုယူနီယံသည် ကုလသမဂ္ဂ ယူနက် ကိုအဖွဲ့၏အတိုင် အပင်ခံဖြစ်သော ကမ္ဘာ့အက်စပါရန်တို ယူနီယံနှင့် ဆက်သွယ်ထားသည်။ [၁]

ကိုးကားပြင်ဆင်

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၇၈