အက်ဒွင်အာနိုး

အင်္ဂလိပ် ကျောင်းဆရာ၊ ကဗျာဆရာနှင့် ဂျာနယ်လစ်

အက်ဒွင်အာနိုး သည် အင်္ဂလိပ် ကဗျာဆရာနှင့် ဂျာနယ်လစ်တစ်ဦး ဖြစ်သည်။ သူရေးသားခဲ့သည့် အာရှရဲ့ အလင်းရောင် ဟူသောစာအုပ်ဖြင့် ထင်ရှားခဲ့သည်။[၁]

ဆာ အက်ဒွင်အာနိုး
မွေးဖွား(1832-06-10)၁၀ ဇွန်၊ ၁၈၃၂
ဂရေ့ဆန့်, ဂရေ့ရှမ်း, ကန့်, အင်္ဂလန်
ကွယ်လွန်၂၄ မတ်၊ ၁၉၀၄(1904-03-24) (အသက် ၇၁)
လန်ဒန်မြို့၊ အင်္ဂလန်
အလုပ်အကိုင်ဂျာနယ်လစ်၊ အယ်ဒီတာ၊ ကဗျာဆရာ
နိုင်ငံလူမျိုးအင်္ဂလိပ်
ပညာရေးအောက်စဖို့တက္ကသိုလ်
ထင်ရှားသည့်လက်ရာများThe Light of Asia

လက်မှတ်

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

အက်ဒွင်အာနိုးကို ဂရာဗဲဆန့် (Gravesend)၊ ကန့် (Kent) တွင် မွေးဖွားခဲ့သည်။ Sussex တရားသူကြီးတစ်ဦးဖြစ်သည့် ရောဘတ်ကိုးအာနိုး၏ ဒုတိယမြောက်သား ဖြစ်သည်။ သူ၏ သားသမီးခြောက်ယောက်တွင် အက်ဒွင်လက်စတာအာနိုးသည် ဝတ္ထုရေးဆရာ ဖြစ်သည်။ သူသည် King's School, Rochester; King's College London; နှင့် University College, Oxford တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် သူသည် အောက်စဖို့တက္ကသိုလ်တွင် Newdigate ဆုကို ကဗျာအတွက် ရရှိခဲ့သည်။ သူသည် King Edward's School, Birmingham တို့တွင် ကျောင်းဆရာ ဖြစ်လာခဲ့သည်။ ၁၈၅၆ ခုနှစ်တွင် အိန္ဒိယသို့ သွားရောက်ကာ ပူးန(Poona) ရှိ Government Sanskrit College တွင် ကျောင်းအုပ်အဖြစ် လုပ်ဆောင်ခဲ့သည်။

၁၈၆၁ ခုနှစ်တွင် အင်္ဂလန်သို့ ပြန်လာကာ Daily Telegraph သတင်းစာတွင် ဂျာနယ်လစ်အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုသတင်းစာတွင် သူသည် အယ်ဒီတာအဖြစ် နှစ် (၄၀) ထက်မနည်း လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အယ်ဒီတာချုပ် ဖြစ်လာခဲ့သည်။[၂]

အက်ဒွင်သည် သုံးကြိမ်တိုင် အိမ်ထောင်ပြုခဲ့သည်။[၃] ပထမဇနီးမှာ Katherine Elizabeth Biddulph ဖြစ်ပြီး ၁၈၆၄ ခုနှစ်တွင် သေဆုံးခဲ့သည်။ နောင်အခါတွင် Jennie Channing နှင့် လက်ထပ်ခဲ့ပြီး သူမသည်လည်း ၁၈၈၉ တွင် သေဆုံးခဲ့ပြန်သည်။ နောက်ပိုင်းနှစ်များတွင် အာနိုးသည် တစ်ခါတစ်ရံ ဂျပန်နိုင်ငံတွင် နေထိုင်သည်။ သူ၏ တတိယဇနီးသည် Tama Kurokawa ဖြစ်ပြီး ဂျပန်လူမျိုး ဖြစ်သည်။

သူသည် အနာဂါရိကဓမ္မပါလ ( Anagarika Dharmapala) နှင့်အတူ မဟာဗောဓိအဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Sir Edwin Arnold New York Times, 25 March 1904
  2. Notices of 'The Light of Asia' Archived 2 September 2018 at the Wayback Machine. www.phx-ult-lodge.org.
  3. The Marshall, Michigan, Expounder; 1 April 1904
  4. Oxford University (1879)။ Trübner's American and oriental literary record။ Oxford University။ p. 120။