အက်ဒွပ် ဝစ်တန်
ဤဆောင်းပါးကို အင်္ဂလိပ် ဝီကီပီးဒီးယား ရှိ Edward Witten အား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ မှီငြမ်း၍ မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
အက်ဒွပ် ဝစ်တန် (အင်္ဂလိပ်: Edward Witten; /ˈwɪtən/) ( ဩဂုတ် ၂၆၊ ၁၉၅၁ ဖွား) သည် အမေရိကန်ပြည်ထောင်စုသား သဘောတရားရေးရာ ရူပဗေဒ (theoretical physics) နှင့် သင်္ချာကဲရူပဗေဒ (mathematical physics) ပညာရှင်တစ်ဦးဖြစ်ပြီး ကြိုးမျှင် သီအိုရီ (string theory)၊ ကွမ်တမ် ဒြပ်ဆွဲအား (quantum gravity)၊ အထူးဘက်ညီ ဖီးသီအိုရီများ (supersymmetric field theories) အပါအဝင် အခြား သင်္ချာကဲရူပဗေဒနယ်ပယ်များရှိ သူ၏ သုတေသနလုပ်ငန်းများကြောင့် ထင်ရှားသူဖြစ်သည်။ သူသည် သင်္ချာကဲ ရူပဗေဒ အပြင် သင်္ချာသန့်သန့်ဆိုင်ရာ သုတေသနကိုလည်း ပူးတွဲလုပ်ကိုင်ခဲ့ရာ ၁၉၉၀ ခုနှစ်တွင် ဖီး ဆုတံဆိပ်ကို ရရှိခဲ့သည်။ ဤဆုတံဆိပ်ကို ရရှိသူများအနက် ဝစ်တန်သည် ပထမဦးဆုံးနှင့်၊ မျက်မှောက်ခေတ်ကာလအထိ တစ်ဦးတည်းသော၊ ရူပဗေဒ ပညာရှင်ဖြစ်သည်။
အညွှန်း
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Edward Witten – Adventures in physics and math (Kyoto Prize lecture 2014)။ 23 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2017 တွင် ပြန်စစ်ပြီး။
- ↑ Announcement of 2016 Winners။ World Cultural Council။ 7 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 6, 2016 တွင် ပြန်စစ်ပြီး။
ဤ သင်္ချာပညာရှင်တစ်ဦးအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ဤ ရူပဗေဒပညာရှင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |