မိုဘိုင်းအက်ပ်

(အက်ပ် မှ ပြန်ညွှန်းထားသည်)

မိုဘိုင်းအက်ပ် (မိုဘိုင်းအက်ပ်ပလီကေးရှင်း၏ အတိုကောက်) ဆိုသည်မှာ စမတ်ဖုန်းများ၊ တက်ဘလက်ကွန်ပျူတာများ၊ စမတ်နာရီများ နှင့် အခြားမိုဘိုင်းစနစ်များတွင် အသုံးပြုရန် ထုတ်လုပ်ထားသော ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်သည်။ အက်ပ်များကို အများအားဖြင့် သက်ဆိုင်ရာပလက်ဖောင်း အက်ပ်စတိုး (ဥပမာ၊ အက်ပဲ အိုင်ဖုန်း အက်ပ်စတိုး သို့မဟုတ် ဂူဂယ် ပလေးစတိုး)မှ ရနိုင်သည်။ ၎င်းတို့သည် ၂၀၀၈ ခုနှစ်တွင် ပထမဆုံးပေါ်ပေါက်လာခဲ့သည်။

မိုဘိုင်းအက်ပ်လည်ပတ်နေသည့် အိုင်းပက်
ဝီကီပီးဒီးယား အက်ပ် လည်ပတ်နေသည့် စမတ်ဖုန်းများ

မိုဘိုင်းအက်ပ်ကို အတိုထပ်ချုံးပြီး အက်ပ်(App)ဟုလဲ ခေါ်ဝေါ်အသုံးများကြသည့်အတွက်၊ အမေရိကန်ဒိုင်ယာလက်အဖွဲ့ကြီး (American Dialect Society)မှ ၎င်းစာလုံးကို ၂၀၁၀ခုနှစ်၏ အရေးကြီးဆုံး စကားလုံးအဖြစ် သတ်မှတ်ခဲသည်။[]

အချို့အက်ပ်များကို မိုဘိုင်းစက်ပစ္စည်း (ဥပမာ၊ ဖုန်း၊ နာရီ၊ တက်ဘလက်)နှင့် အတူ ဝယ်စဉ်ကတည်းက ထည့်သွင်းထားသည်။ နောက်ထပ်လိုအပ်သော အက်ပ်များကိုမူ အက်ပ်စတိုးမှ အခမဲ့ ဒေါင်းလုဒ်လုပ်၍ သော်လည်းကောင်း၊ အခကြေးငွေပေးဝယ်ယူ၍ သော်လည်းကောင်း မိမိမိုဘိုင်းစက်အတွင်းသို့ ရယူတပ်ဆင်နိုင်သည်။

  1. 'App' voted 2010 word of the year by the American Dialect Society (UPDATED)။ American Dialect Society (2011-01-08)။ 2015-09-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-01-28 တွင် ပြန်စစ်ပြီး။