အကျွန်တို့လယ် ကောက်စိုက်တုန်းက

အကျွန်တို့လယ် ကောက်စိုက်တုန်းက သည် ဟန်ချင်း ကဗျာအမျိုးအစားဖြစ်၍ ကျေးလက်ရိုးရာတေးတစ်ပုဒ် ဖြစ်သည်။ ရေးသားသူ၏ အမည်ကို မသိရပါ။ အောင်ပင်လယ်ကောက်စိုက်သမတို့၏ လိမ်းခြယ်ထားပုံများ၊ ဟန်ပန်အမူအရာ အလှအပများကို ရေးဖွဲ့ထားသည်။

အကျွန်တို့လယ် ကောက်စိုက်တုန်းက ပြင်ဆင်ရန်

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့
လယ်တော်တွင်းက များတတွေ။

ကိုယ်စီကလို့ လှစရာ
တို့မျက်နှာမှာ နံသာပြောက်လို့
လှည်းစာခေါက်ကို အိုင်အိုင်အေးအောင်
သွေးကြပါအေ။

ပန်းထိမ်လက်ခ မပေးရ
ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို
ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်
ပေရွက်လိပ်ကြီး နားတောင်းဆင်
ယဉ်နိုင်အောင် ယဉ်လိုက်ချည့်
အောင်ပင်လယ်ရွာမရိုင်း
တိုင်းရွှေပြည့်လက်နား။

လေးရာ့နှစ်ဆယ်
အနံငယ်တိုထဘီနှင့်
ဖျင်အင်္ကျီသစ်ခေါက်ဆိုးမို့
ချုပ်ရိုးတွေသီတစ်တန်းမှာ
သန်းကိုက်လို့မယား။

ကျွဲခတ်သည့်ဟန်
ချဗျာဆံ စုံပါးရိုက်ကို
ခါလိုက်ချည့် တို့အပျိုမှာ
ယဉ်နဂို မူကြစို့
မုရိုးဖြူ ဆံခွေထုံးမှာ
ကုံးပန်လို့ခြားခြား။

အကျွန်တို့လယ် ကောက်စိုက်တုန်းက
ပြုံးလိုက်တဲ့ အကောင်ဟာရယ်
သင်း ပါရဲ့လားအေ့။

ပုံးဖာမှောက်ဆင်
တို့လှတုန်းကို မြင်ပတဲ့အောင်
ငါးမျိုးဆင် ပဝါပြောက်မှာ
အဖာတွေ တစ်ရာလောက်ကို
ဟော မြှောက်လို့ပြစမ်း။

ကိုးကား ပြင်ဆင်ရန်

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်