အကြမ်းဖက်ဝါဒ ဆိုသည်မှာ နိုင်ငံရေးရည်ရွယ်ချက်များ အထမြောက်အောင်မြင်ရန် သာမန်ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းကိုဆိုလိုသည်။[၁] ယင်းအား ငြိမ်းချမ်းရေးကာလအတွင်း အကြမ်းဖက်မှု သို့မဟုတ် လက်နက်ကိုင်မဟုတ်သူများအပေါ် စစ်ရေးပြုခြင်းများအပေါ် ရည်ညွန်းသည်။[၂] အကြမ်းဖက်သမားနှင့် အကြမ်းဖက်ဝါဒ ဆိုသောအသုံးအနှုန်းသည် ၁၈ ရာစုနှောင်းပိုင်း ပြင်သစ်တော်လှန်ရေးတွင် စတင်သုံးစွဲခဲ့ပြီး[၃] ၁၉၇၀ ခုနှစ်များကာလ မြောက်အိုင်ယာလန် ပဋိပက္ခ၊ အစ္စရေး-ပလက်စတိုင်း ပဋိပက္ခတို့တွင် နိုင်ငံတကာ၏ အရေးစိုက်ခြင်းကို ခံရသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး နယူးယောက်စီးတီး၊ ပင်နီဆလဗေးနီးယားပြည်နယ်တို့တွင် အသေခံတိုက်ခိုက်မှုများ တိုးပွားလာခဲ့သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း နယူးယောက်စီတီးရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာအား United Airlines Flight 175 က တိုက်ခိုက်မှုဖြစ်ပွားနေပုံ

ဘုံသဘောတူညီမှုမရှိဘဲ အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်းများစွာ ရှိနေသည်။[၄][၅] အစိုးရများနှင့် နိုင်ငံမဲ့အဖွဲ့အစည်းများက အတိုက်အခံအဖွဲ့အစည်းတို့ကို နာမည်ပျက်စေရန် ယင်းအသုံးအနှုန်းကို သုံးစွဲလေ့ရှိကြသည်။ ကွဲပြားခြားနားသော နိုင်ငံရေးအဖွဲ့အစည်းများက သူတို့၏ရည်မှန်းချက်များ အောင်မြင်ရန်အလိုငှာ အကြမ်းဖက်ဝါဒကို အသုံးပြုသည်ဟု စွတ်စွဲခံရလေ့ရှိသည်။[၅][၆][၇][၈] ယင်းတို့တွင် လက်ယာစွန်းနှင့် လက်ဝဲစွန်း နိုင်ငံရေးအဖွဲ့အစည်းများ၊ အမျိုးသားရေးအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ တော်လှန်ရေးသမားများနှင့် အုပ်ချုပ်သူအစိုးရတို့ ပါဝင်သည်။[၉] နိုင်ငံအများအပြားတွင် အကြမ်းဖက်ဝါဒအား ရာဇဝတ်မှုအဖြစ် ကြေညာရန် တရားဥပဒေပြုကြသည်။[၁၀] အကြမ်းဖက်ဝါဒအား နိုင်ငံများကိုယ်တိုင် ကျူးလွန်သောအခါ ယင်းအား အကြမ်းဖက်ဟု မသုံးနှုန်းတော့ပဲ မီးခိုးရောင်ဧရိယာ ပြဿနာဟု ခေါ်ဆိုသည်။ အကြမ်းဖက်ဝါဒအား စစ်ရာဇဝတ်မှုဟု သတ်မှတ်သင့်သည်ဟု အများသဘောတူညီချက် မရှိပေ။[၁၀][၁၁] မေရီလန်း တက္ကသိုလ်မှ ပြုစုထားသော The Global Terrorism Database အရ ၂၀၀၀ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကြားတွင် နိုင်ငံအခြေပြုမဟုတ်သော အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၆၁၀၀၀ ရှိခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄၀၀၀၀ သေဆုံးခဲ့သည်ဟုဆိုသည်။[၁၂]


ကိုးကား ပြင်ဆင်ရန်

  1. "Do Terrorists Win? Rebels' Use of Terrorism and Civil War Outcomes" (May 20, 2015). International Organization 69 (3): 519–556. doi:10.1017/S0020818315000089. 
  2. Wisnewski၊ J. Jeremy, ed. (2008)။ Torture, Terrorism, and the Use of Violence (also available as Review Journal of Political Philosophy Volume 6, Issue Number 1)။ Cambridge Scholars Publishing။ p. 175။ ISBN 978-1-4438-0291-8။ 18 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 4 September 2021 တွင် ပြန်စစ်ပြီး
  3. Stevenson၊ Angus, ed. (2010)။ Oxford dictionary of English (3rd ed.)။ New York: Oxford University Press။ ISBN 978-0-19-957112-3
  4. Halibozek၊ Edward P.; Jones၊ Andy; Kovacich၊ Gerald L. (2008)။ The corporate security professional's handbook on terrorism (illustrated ed.)။ Elsevier (Butterworth-Heinemann)။ pp. 4–5။ ISBN 978-0-7506-8257-2။ 27 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး December 17, 2016 တွင် ပြန်စစ်ပြီး
  5. ၅.၀ ၅.၁ Mackey၊ Robert။ "Can Soldiers Be Victims of Terrorism?"၊ The New York Times၊ November 20, 2009။ 4 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 12 June 2011။ "Terrorism is the deliberate killing of innocent people, at random, in order to spread fear through a whole population and force the hand of its political leaders." 
  6. Sinclair၊ Samuel Justin; Antonius၊ Daniel (2012)။ The Psychology of Terrorism Fears။ Oxford University Press, US။ p. 14။ ISBN 978-0-19-538811-4။ 14 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 4 September 2021 တွင် ပြန်စစ်ပြီး
  7. White၊ Jonathan R. (January 1, 2016)။ Terrorism and Homeland Security။ Cengage Learning။ p. 3။ ISBN 978-1-305-63377-3။ 16 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 4 September 2021 တွင် ပြန်စစ်ပြီး
  8. Ruthven၊ Malise; Nanji၊ Azim (April 24, 2017)။ Historical Atlas of Islam။ Harvard University Press။ ISBN 978-0-674-01385-8။ 14 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 4 September 2021 တွင် ပြန်စစ်ပြီး
  9. "Terrorism"Encyclopædia Britannica။ p. 3။ 18 August 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး September 8, 2020 တွင် ပြန်စစ်ပြီး
  10. ၁၀.၀ ၁၀.၁ Majoran၊ Andrew။ "The Illusion of War: Is Terrorism a Criminal Act or an Act of War?"၊ Mackenzie Institute၊ August 1, 2014။ 4 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 31 December 2020။ 
  11. Eviatar၊ Daphne (June 13, 2013)။ Is 'Terrorism' a War Crime Triable by Military Commission? Who Knows?။ 11 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2021 တွင် ပြန်စစ်ပြီး။
  12. Global Terrorism Index 2015။ Institute for Economics and Peace။ 7 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2021 တွင် ပြန်စစ်ပြီး။