အချက်အလက်များ လွှင့်ထုတ်ခြင်း

အချက်အလက်များကို လွှင့်ထုတ်ခြင်း (Data transmission) သို့မဟုတ် ဒစ်ဂျစ်တယ် နည်လမ်းသုံး၍ လွှင့်ထုတ်ခြင်း (digital transmission) သို့မဟုတ် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး (digital communications) ဆိုသည်မှာ အချက်အလက် (ဒစ်ဂျစ်တယ် လှိုင်း) ကို တစ်နေရာမှ တစ်နေရာသို့ သို့မဟုတ် တစ်နေရာမှ နေရာအများသို့ လွှင့်ထုတ်ပေးနိုင်သော ကြားခံနယ်များ တလျှောက် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းအားဖြင့် ပြောင်းလဲပို့ဆောင်ပေးခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုကြားခံနယ်များတွင် ကြေးနီဝိုင်ယာကြိုးများ၊ အလင်းလှိုင်းသုံး ဖိုင်ဘာ ဓာတ်ကြိုးများ၊ ကြိုးမဲ့ ကြားခံနယ်များနှင့် သိုလှောင်သိမ်းဆည်း၍ ရသော ကြားခံနယ်များ ပါဝင်သည်။ အချက်အလက်များကို များသောအားဖြင့် လျှပ်စစ် ဗို့အားသုံး အချက်ပြလှိုင်း၊ ရေဒီယိုလှိုင်း၊ မိုက်ခရိုဝေ့ဖ်လှိုင်း ၊ အနီအောက် ရောင်ခြည်လှိုင်း အစရှိသော လျှပ်စစ် သံလိုက်အချက်ပြလှိုင်းများကို အသုံးပြု၍ ထုတ်လွှတ်လေ့ ရှိကြသည်။

အင်နာလော့ ဆက်သွယ်ရေး စနစ်တွင် အမြဲတမ်း ဆက်စပ်ပြောင်းလဲနေသော အချက်အလက်များကို အမြဲတမ်း ပြောင်းလဲနေသော အချက်ပြလှိုင်းများကို အသုံးပြု၍ တင်ဆက်ပြသလေ့ ရှိသော်လည်း ဒစ်ဂျစ်တယ် ထုတ်လွှတ်ရေးစနစ် တွင်မူ တဆက်တည်း မဟုတ်ဘဲ တစ်ဆင့်ချင်း ပြောင်းလဲနေသော သတင်းအချက်အလက်များ အဖြစ် တင်ပြလေ့ ရှိကြသည်။