အချိန်ပိုင်းခြား၍ အများမှ ရယူအသုံးပြုခြင်း

အချိန်ပိုင်းခြား၍ အများမှ ရယူအသုံးပြုခြင်း (Time-division Multiple Access or TDMA) သည် ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ကြားခံနယ်ကို မျှဝေသုံးစွဲသည့် ကွန်ယက်များတွင် အသုံးပြုကြသည်။ ထိုနည်းလမ်းကို သုံးစွဲခြင်းဖြင့် အသုံးပြုသူ အချို့အနေနှင့် တူညီသော ကြိမ်နှုန်းရှိသည့် လေလှိုင်းကို အချိန်အပိုင်းအခြားများ ပိုင်းခြားခြင်းဖြင့် မျှဝေနိုင်သည်။[၁] အသုံးပြုသူများအနေနှင့် အလျှင်အမြန် တစ်ယောက်ပြီးတစ်ယောက် မိမိတို့ ကိုယ်ပိုင် အချိန်အပိုင်းအခြားအတွင်း အလျှင်အမြန် ထုတ်လွှင့်ကြသည်။ ထို့ကြောင့် ထုတ်လွှင့်သော ကိရိယာ အများအပြား အနေနှင့် ထုတ်လွှင့်သည့် ကြားခံ (ဥပမာ ရေဒီယိုကြိမ်နှုန်း လေလှိုင်း) ကို မျှဝေနိုင်ပြီး တကြိမ်တည်းတွင် လေလှိုင်း၏ အများဆုံး လွှင့်ထုတ်နိုင်သည့် ကြိမ်ရေ၏ တစိတ်တပိုင်းကိုသာ အသုံးပြုကြသည်။ တီဒီအမ်အေအား 2G ဆယ်လူလာစနစ်များ ဖြစ်သည့် ဂျီအက်စ်အမ် စနစ်၊ အိုက်အက်စ်-၁၃၆ စနစ် ၊ ပါစင်နယ် ဒစ်ဂျစ်တယ် ဆယ်လူလာစနစ်၊ ဒစ်ဂျစ်တယ်နည်းဖြင့် မွမ်းမံထားသော ကြိုးမဲ့ဆက်သွယ်ရေးစနစ် (DECT) တို့တွင် သုံးစွဲကြသည်။ တီဒီအမ်အေကို ပထမဆုံး သုံးစွဲသည်မှာ ၁၉၇၉ တွင် အနောက်တိုင်းသမဂ္ဂ မှ ဝက်စတား ၃ ဂြိုဟ်တုတွင် ဂြိုဟ်တု ဆက်သွယ်ရေး အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ဂြိုဟ်တုဆက်သွယ်ရေးတွင် ဤနည်းလမ်းကို ကျယ်ပြန့်စွာ သုံးစွဲလျက် ရှိကြသည်။ [၂][၃][၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. Guowang Miao; Jens Zander; Ki Won Sung; Ben Slimane (2016)။ Fundamentals of Mobile Data Networks။ Cambridge University Press။ ISBN 1107143217
  2. Maine၊ K.; Devieux၊ C.; Swan၊ P. (November 1995)။ Overview of IRIDIUM satellite network။ WESCON'95။ IEEE။ p. 483။
  3. Mazzella၊ M.; Cohen၊ M.; Rouffet၊ D.; Louie၊ M.; Gilhousen၊ K. S. (April 1993)။ Multiple access techniques and spectrum utilisation of the GLOBALSTAR mobile satellite system။ Fourth IEE Conference on Telecommunications 1993။ IET။ pp. 306–311။
  4. Sturza၊ M. A. (June 1995)။ Architecture of the TELEDESIC satellite system။ International Mobile Satellite Conference။ 95။ p. 214။
  5. ORBCOMM System Overview