အချိုခြောက် (သို့) အချိုခြောက်ရည် (အင်္ဂလိပ်: black tea) သည် လက်ဖက်ရည်အမျိုးအစားတစ်ခုဖြစ်၍ အူးလုံလက်ဖက်ရည်၊ လက်ဖက်အဝါရည်၊ လက်ဖက်အဖြူရည်၊ လက်ဖက်စိမ်းရည်တို့ထက် အောက်စီဂျင်နှင့် ပို၍ဓာတ်ပြုထားသည့် အဖျော်တစ်မျိုးဖြစ်သည်။ (နို့လက်ဖက်ရည် (milk tea) နှင့် ရောထွေးမှုမရှိရန်) အင်္ဂလိပ်ဘာသာဖြင့် လက်ဖက်မည်းရည် (black tea) ဟု ခေါ်ဝေါ်ကြသည်။

အချိုခြောက်
Black tea
A cup of black tea
အမျိုးအစားလက်ဖက်
မူရင်းထုတ်လုပ်သည့်နိုင်ငံတရုတ်
အရောင်အဆင်းအနီ (ကျို/နှပ်ထားလျှင်)
ပါဝင်ပစ္စည်းလက်ဖက်ရွက်
ဆက်စပ်ထုတ်ကုန်လက်ဖက်
အချိုခြောက်
ရိုးရာ တရုတ်紅茶
ရိုးရှင်းသော တရုတ်红茶
ဆိုလိုရင်းRed tea
အင်ဒိုနီးရှား၊ ဂျာဗားရှိ လက်ဖက်စိုက်ခင်း

ဤလက်ဖက်ရည်အမျိုးအစားသည် အခြားသော အမျိုးအစားများထက်ပို၍ အရသာပြင်းသည်။ ယေဘုယျအားဖြင့် ကမ္ဘာပေါ်၌ လက်ဖက်ရည်ကြမ်းအမျိုးအစား ငါးမျိုးစလုံးကို လက်ဖက်ပင် (Camellia sinensis; common name- tea plant) မှရသော အရွက်များဖြင့် ပြုလုပ်ကြ၏ ။ အဓိက မျိုးစိတ်နှစ်ခုကို အသုံးပြုကြရာ၌ တရုတ်လက်ဖက်ရွက်သေး (C. sinensis var. sinensis) ကို အခြားသော ရေနွေးကြမ်းများပြုလုပ်ရန် အသုံးပြုသည်များပြီး အာသံလက်ဖက်ပင် (C. sinensis var. assamica) ကို ဤရေနွေးကြမ်းပုံစံအတွက် အစဉ်အဆက် အသုံးပြုခဲ့ကြသည်။ သို့သော် အာသံလက်ဖက်ရွက်ဖြင့်ပင် လက်ဖက်စိမ်းရည်၊ လက်ဖက်ဖြူရည်များကိုလည်း မကြာမီက ပြုလုပ်ခဲ့ကြလေသည်။ ဤအချိုခြောက်(ရည်)သည် တရုတ်ပြည်တွင် စတင်ဖြစ်ပေါ်လာခဲ့ကာ[၁] ကောင်းမွန်သော လက်ဖက်ရွက်အခြောက်ခံနည်းစနစ်ရှိပါက ဓာတ်တိုးအရောင် အနီရောင်ကို မူတည်ပြီး တရုတ်စကားဖြင့် ရေနွေးနီ (紅茶) ဟုခေါ်ဆိုကြသည်။[၁]

ရေနွေးကြမ်းကို အမွှေးအနံ့တစ်မျိုးဖြင့်

လက်ဖက်စိမ်း၏ အနံ့၊ အရသာသည် တစ်နှစ်သာခံသော်လည်း လက်ဖက်မည်းသည် နှစ်အချို့အထိ အနံ့အရသာ မပျက်တတ်ပေ။ ဤအတွက်ကြောင့်ပင် ဤလက်ဖက်အမျိုးအစားသည် ရောင်းဝယ်ကုန်အဖြစ် နှစ်ကာလရှည်စွာ တည်ရှိခဲ့ပေ၏ ။ မွန်ဂိုလီးယား၊ တိဘက်၊ ဆိုက်ဘေးရီးယား တို့၌ ၁၉ ရာစုခန့်က ဤလက်ဖက်မည်းကို 'ဖိသိပ်အတုံးပုံစံဖြင့်' လက်တွေ့ပြင်ပတွင် ငွေကြေးပုံစံတစ်ခုအနေဖြင့် သုံးစွဲခဲ့ကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Heiss၊ Mary Lou; Heiss၊ Robert (2011)။ The Story of Tea: A Cultural History and Drinking Guide။ Potter။ ISBN 978-1607741725
  2. Bressett, Ken. "Tea Money of China". International Primitive Money Society Newsletter (44, August 2001).