အချီတော်ဝန်သည် နန်းတွင်းအချီတော်များအား အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်သည်။ ဤတွင် အချီတော်ဟူသော ဝေါဟာရကို ရွှေနန်းသုံးဝေါဟာရ အဘိဓာန်၌ ‘ဧကရာဇ်မင်းမြတ်၏ သားတော် သမီးတော်ဟူသမျှမှာ ခြေကျင်သွားလာခြင်း အလွန်နည်းပါးသည်။ နန်းတော်ပေါ်၌ တစ်ဆောင်မှ တစ်ဆောင်သို့ကူးသည့် အခါဖြစ်စေ ၊ ဥယျာဉ်တော်သို့ ဆင်းသည့်အခါ ဖြစ်စေ ၊ မင်းသား မင်းသမီး ကလေးကို ချီပွေ့၍သော်လည်း ၊ ပခုံးထက်မှာ ထမ်း၍ သော်လည်းကောင်း ၊ အလိုရှိရာ အရပ်သို့ ရောက်အောင်သွားရသည်။ ထို့ကြောင့် ဤသူကို အချီတော် ခေါ်သည်။’ ဟူ၍ ဖော်ပြထားသည်။ အချီတော်ဝန်ကို ယေဘုယျအားဖြင့် အချီတော်ဟူ၍လည်း ခေါ်ဆိုကြ၏။ ဝန်အဆင့်ရှိသူအား အချီတော်ဟု ဖော်ပြခြင်းသည် အချီတော်ဦန်ကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်ခါတစ်ရံ အချီတော်သားဟုဖော်ပြကြ၏။

အချီတော်ဝန်ကြီး ပဒေသရာဇာ ပြင်ဆင်ရန်

ညောင်ရမ်းခေတ်နှောင်းကာလ စနေမင်း(၁၆၉၈-၁၇၁၄) လက်ထက်တွင် ဝန်ကြီးပဒေသရာဇာကို အချီတော်သားအဖြစ် ခန့်အပ်ခဲ့သည်။ အိမ်ရှေ့မင်း၏ အချီတော်သားဖြစ်သဖြင့် အိမ်ရှေ့မင်း၏ အချီတော်များအား အုပ်ချုပ်ကွပ်ကဲရသူဖြစ်ဟန် ရှိသည်။ ဤအကြောင်းကို မဏိကတ်ပျို့နိဂုံးတွင် သားတော်ရန်နင်း ၊ အိမ်ရှေ့မင်း၏ ၊ ထံရင်းမခြား ချီတော်သားလျှင် ၊ ဖြစ်ငြားသည်ကြောင့် ၊ မနှောင့်ဒုက္ခ၊ မွေးစကပင် ၊ သုခပျော်ပျော် ၊ လူဖြစ်တော်၏။ ဟူ၍ရေးဖွဲ့ထားသည်။

အချီတော်ဝန်ကျော်ထင်ဇေယျသူ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလတွင် ထင်ရှားခဲ့သည့် အချီတော်ဝန် တစ်ဦးမှာ ကျော်ထင်ဇေယျသူ ဘွဲ့ခံ ဦးနု ဖြစ်သည်။ ဦးနုသည် ဒုတိယ နဝဒေးဘွဲ့ရ ကုန်းဘောင်ခေတ်ဦးကာလတွင် ထင်ရှားခဲ့သည့် အချီတော်ဦန်တစ်ဦးမှာ ကျော်ထင်ဇေယျသူ ဘွဲ့ခံ ဦးနု ဖြစ်သည်။ ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက် ၁၇၈၈ ခုနှစ်တွင် ဦးနုအား ကျော်ထင်ဇေယျသူဘွဲ့ဖြင့် အစချီတော်ဝန်ရာထူးခန့်အပ်ခြင်း ဖြစ်သည်။ ရွာဝေး ရွာလူကြီးအဖြစ်မှ အချီတော်ဝန်အရာသို့ တိုးမြှင့်ခန့်အပ် ခဲ့ခြင်း ဖြစ်သည်။

အထိန်းတော် အယတော် အချီတော် ပြင်ဆင်ရန်

ဤတွင် မြန်မာမင်းများလက်ထက်၌ မိဖုရား မင်းသမီးတို့ သားတော် သမီးတော်များ မွေးဖွားသန့်စင်သောအခါ အထိန်းတော် ၊ အယတော် ၊ အချီတော်များ ဝဲလှည့် ၊ ယာလှည့်ခွဲ၍ နေ့ညမပြတ် ဝင်ထွက်ခံစားကြရရာ အချီတော်ဝန်သည် အထိန်းတော် ၊ အယတော် ၊ အချီတော် အားလုံးနှင့် သက်ဆိုင်သောဝန်ဖြစ်မည် ထင်ပါသည်။

အချီတော်ဝန် မင်းကြီး၏ ဆုတောင်းစာ ပြင်ဆင်ရန်

ဘုန်းတော်ကြီးကျောင်းများတွင် ပါဠိ ပိဋကတ်တော် ပေထုပ်များ လှူဒါန်းရာ၌ ပေစာထုပ်သော ကြိုးထက်တွင် ဆုတောင်းစာကို ရက်လုပ်ကမ်ပည်းတင်လေ့ရှိသည်။ ယင်းပေစာထုပ်ကြိုးဆုတောင်းစာများထဲတွင် အချီတော်ဝန် မင်းကြီးမဟာမင်းလှမင်းကျော်၏ ဆုတောင်းစာကိုလည်း တွေ့ရှိရသည်။ အချီတော်ဝန် မင်းကြီး မဟာမင်းလှမင်းကျော်ဇနီးမောင်နှံမှာ ကုန်းဘောင် ခေတ်နှောင်းကာလတွင် ပေထုပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ပေထုပ်ကြိုး၏ အဆုံး၌ မဂ်ဝယ်လေးတန် ၊ ဖိုလ်မှန်လေးဦး ၊ နိဗ္ဗာန်ထူးကို ၊ ဆွတ်ခူးပန်ဆင်ရလိုသော် ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉