အခြားဆီချိုများ ဟူ၍ သီးသန့်သတ်မှတ်ထားရသည်မှာ ရောဂါအကြောင်းရင်း တိကျစွာ ရှာတွေ့ထားသော သို့မဟုတ် တိကျစွာသတ်မှတ်နိုင်သော ဆီးချိုရောဂါများကို စုဝေးထားလို၍ ဖြစ်သည်။ လက်တွေ့တွင်မူ ဆီးချိုရောဂါသည် အများစုကို အကြောင်းရင်း အတိအကျ ရှာဖွေနိုင်ခြင်း မရှိဘဲ ယေဘုယျအားဖြင့် ဆီးချို-၁ နှင့် ဆီးချို-၂ တစ်ခုခုအတွင်း ထည့်သွင်းစဉ်းစား ကုသကြလေ့ရှိသည်။

စင်စစ် ရောဂါတစ်ခုဖြစ်လျှင် တိကျသော ရောဂါအကြောင်းရင်း ရှိမည်သာ ဖြစ်သည်။ ဆီးချိုရောဂါတိုင်းတွင် ရောဂါတစ်ခုကို တွေ့ရတိုင်း တိကျသောအကြောင်းရင်းများ ရှာမတွေ့နိုင်သေးသည်မှာ သုတေသန လိုအပ်ချက် သာလျှင်ဖြစ်သည်။ သုတေသနများ ပိုမိုပြုလုပ်နိုင်လျင် ယခင်က ဆီးချို-၁ သို့မဟုတ် ဆီးချို-၂ ဟု ခြုံငုံသမုတ်ခဲ့သော လူနာအချို့ကို ၎င်းတို့၏ ရောဂါအကြောင်းရင်း အလိုက် သီးသန့်ပြန်လည် ခွဲခြား ထုတ်ပြန်နိုင်မည် ဖြစ်၏။

အောက်ပါအကြောင်းများမှာ ယနေ့ခေတ် တွေ့ရှိရသမျှ တိကျသော ရောဂါအကြောင်းအချို့ ဖြစ်သည်။


မျိုးရိုးဗီဇ ပြင်ဆင်ရန်

မျိုးရိုးဗီဇ ဗေဒအနေနှင့် ဘီတာဆဲလ်ကို ထိန်းချုပ်သော ဂျင်းန် (Gene) ထွန်းခြင်း၁ ကြောင့်လည်း လူသား၏ ဘီတာဆဲလ် လုပ်ငန်းဆောင်တာ များ ပျက်ယွင်းသည်ကို တွေ့ထားသည်။ သာမန်အားဖြင့် ကုခန်းနယ်ပယ်တွင် ဤအမျိုးအစားကို ဆီးချို-၁ ထဲထည့်၍ ကုသနေကြရသည်။ ဤလည်း မျက်စေ့လည်စရာ တစ်ချက်ပင်။

အင်ဆူလင် ပြင်ဆင်ရန်

ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။ အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား? ဖြစ်နိုင်ပါ၏။ ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လျှင် ဖြစ်နိုင်သည်။ ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။ ၎င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။

ပန်ကရိယဂလင်းကို တိုက်ရိုက်ဖျက်ဆီးခြင်း ပြင်ဆင်ရန်

ပန်ကရိယ ဂလင်းပျက်စီးလျင်လည်း မလွဲမသွေ ဆီးချိုဖြစ်ရမည်။ ဤအပိုင်းကိုလည်း ဆီးချို-၂ ထဲတွင်လည်း မကြာခဏ ထည့်ထားရလေ့ရှိသဖြင့် ဆေးပညာနှင့် မရင်းနှီးသူများအဖို့ မျက်စိလည်စရာ ကောင်းနေပေတော့မည်။ အမှန်မှာ နာတာရှည်ပန်ကရိယရောင်ရောဂါ ၂ ကြောင့်ဆီးချိုလက္ခဏာ ပေါ်လာခြင်းမျိုးကို သုတေသီ အဆင့်အားဖြင့် အခြားအမျိုးအစား ထဲထည့်ထားသည်။ ပန်ကရိယဂလင်း ကို ခွဲစိတ်ပြီး ထုတ်ထားလျှင်လည်း ဆီးချိုဖြစ်နိုင်၍ ယင်းကိုလည်း အခြားအမျိုးအစားထဲ ထည့်ရမည်ပင် ဖြစ်သည်။

အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ၃ ပြင်ဆင်ရန်

ထို့ပြင် အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ အလွန်အမင်း များပြားနေခြင်း ကြောင့်လည်း ဆီးချိုဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင်မူ များနေသော အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများကို ဖယ်ရှားပစ်ရုံနှင့် ဆီးချိုပျောက်ကင်းနိုင်သည်။ ဤကား ထူးခြားမှုတည်း။ ဥပမာအားဖြင့် -မြန်မာများနှင့် အကျွမ်းမဝင်လှသော ကူးရှင်းရောဂါ စသည့်ရောဂါများတွင် အင်ဆူလင်ဆန့်ကျင်ဟိုမုန်းများ အလွန်များပြားနေသည်။

ဆေးဝါးများ ပြင်ဆင်ရန်

အချို့ဆေးဝါးများသည် အင်ဆူလင် ထုတ်လုပ်မှုကို ပိတ်ပင်သည်။ အချို့အဆိပ်သင့် ပစ္စည်းများကလည်း ပန်ကရိယ ဘီတာဆဲလ်ကို ဖျက်ဆီးနိုင်သည်။ ယင်းတို့ကိုလည်း ဤအမျိုးအစားထဲ ထည့်သွင်းရသည်။

  1. mutation မျိုးဗီဇချို့ယွင်းခြင်း
  2. chronic pancreatitis နာတာရှည်ပန်ကရိယ ရောင်ခြင်း အလွန်ကြာရှည်ပြီး ပန်ကရိယဂလင်း ရာခိုင်နှုန်းအတော်များများ ပျက်စီးသွားလျှင်လည်း ဆီးချိုဖြစ်နိုင်သည်။ ဤသည်ကိုလည်း လက်တွေ့ဆေးပညာ နယ်ပယ်တွင် အများအားဖြင့် ဆီးချို-၂ ထဲထည့်၍ ကုသနေကြရသည်။
  3. counter-insulin hormones အင်ဆူလင်ကို ထုတ်လုပ်မှုနည်းစေခြင်း သို့မဟုတ် အင်ဆူလင်စွမ်းဆောင်သမျှ၏ ဆန့်ကျင်ဘက်ကိုပါ လုပ်ဆောင်ခြင်းဖြင့် အင်ဆူလင်ဆန့်ကျင် ဟိုမုန်းများ အမည်ကို ခံယူထားကြသည်။ ယင်းတို့ထဲတွင် အမည်အားဖြင့် ဂလူကာဂွန်ဟိုမုန်း သည် ထင်ရှားသည်။

မူရင်း ရင်းမြစ် ပြင်ဆင်ရန်

[၁]