အခြေခံဥပဒေပါနောက်ဆက်တွဲများ(အခြေခံဥပဒေ)

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) စာအုပ် စာမျက်နှာ (၁၈၁-၁၉၄)၊ နောက်ဆက်တွဲဇယားများမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်သည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မာတိကာ


အခြေခံဥပဒေပါနောက်ဆက်တွဲဇယားများ
ဇယား
ပြည်ထောင်စုဥပဒေပြုစာရင်း
(ပုဒ်မ ၉၆ ကို ရည်ညွှန်းသည်)
၁။ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ
(က) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်မြေအစိတ်အပိုင်းများကာကွယ်ရေး၊ ယင်းသို့ကာကွယ်ရေးအတွက် စီမံပြင်ဆင်ခြင်း၊
(ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများ၊
( ဂ ) ဇီဝနှင့်ဓာတုစသည့်လက်နက်များအပါအဝင် လက်နက်ခဲယမ်းမီးကျောက်များနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၊
(ဃ) အဏုမြူစွမ်းအင်၊ အဏုမြူလောင်စာ၊ အဏုမြူရောင်ခြည်နှင့် ယင်းတို့ကို ဖြစ်ထွန်းစေသော ဓာတ်သတ္တုပင်ရင်း အခြေအမြစ်များ၊
( င ) စစ်ကြေညာခြင်းနှင့် စစ်ပြေငြိမ်းခြင်း၊
(စ) နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊
(ဆ) ရဲတပ်ဖွဲ့။
၂။ နိုင်ငံခြားရေးကဏ္ဍ
(က) သံတမန်ရေးရာ၊ ကောင်စစ်ရေးရာနှင့် အခြားရေးရာဆိုင်ရာ ကိုယ်စားလှယ်များ၊
(ခ) ကုလသမဂ္ဂ၊
(ဂ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်ပြည်ထောင်ဆိုင်ရာ ညီလာခံများ၊ ဆွေးနွေးပွဲများ၊ အစည်းအေဝးများ၊ အသင်းများနှင့် အခြားအဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ရေးနှင့် ယင်းတို့၏ ဆုံးဖြတ်ချက်များကို အထမြောက် စေရေး၊
(ဃ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များ၊ ကွန်ဗင်းရှင်းများ၊ နှစ်ပြည်ထောင်ဆိုင်ရာသဘောတူညီချက်များ၊ စာချုပ်များကို ချုပ်ဆိုရေးနှင့် အထမြောက်စေရေး၊
(င) နိုင်ငံကူးလက်မှတ်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ၊
(စ) ပြည်ဝင်ခွင့်ဗီဇာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုရေး၊ နေထိုင်ခွင့်ပြုရေး၊ နိုင်ငံမှ ထွက်ခွာခွင့်ပြုရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်နှင်ဒဏ်ပေးရေး၊
(ဆ) ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲအပ်ပေးရေးနှင့် သက်ဆိုင်ရာနိုင်ငံမှ တောင်းဆိုရေး။
၃။ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ
(က) ပြည်ထောင်စုအရအသုံး ခန့်မှန်းခြေငွေစာရင်း၊
(ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊
(ဂ) ငွေစက္ကူထုတ်လုပ်ရေး၊ ဒင်္ဂါးသွန်းလုပ်ရေး၊
(ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊
(င) နိုင်ငံခြားသုံးငွေ ထိန်းသိမ်းကြီးကြပ်ရေး၊
(စ) အရင်းအနှီးနှင့်ငွေကြေးဈေးကွက်၊
(ဆ) အာမခံလုပ်ငန်း၊
( ဇ ) ဝင်ငွေခွန်၊
(ဈ) ကုန်သွယ်လုပ်ငန်းခွန်၊
(ည) တံဆိပ်ခေါင်းခွန်၊
(ဋ) အကောက်ခွန်၊
(ဌ) အောင်ဘာလေထီ၊
( ဍ ) အခွန်အယူခံခြင်း၊
(ဎ) ပြည်ထောင်စု၏ ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဏ) ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်း၊
(တ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ထုတ်ချေးခြင်း၊
(ထ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ရင်းနှီးမြှုပ်နှံခြင်း၊
(ဒ) ပြည်တွင်းပြည်ပမှငွေချေးယူခြင်း၊
(ဓ) ပြည်ထောင်စုအတွက် ပစ္စည်းရယူခြင်း၊
(န) ပြည်ပမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့။
၄။ စီးပွားရေးကဏ္ဍ
(က) စီးပွားရေး၊
( ခ ) ကူးသန်းရောင်းဝယ်ရေး၊
(ဂ) သမဝါယမ၊
(ဃ) ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့၊ လုပ်ငန်း၊ ကုမ္ပဏီ၊ အစုစပ်၊
( င ) သွင်းကုန်၊ ထုတ်ကုန်နှင့်ယင်းကုန်ပစ္စည်းများ၏ အရည်အသွေးသတ်မှတ်ခြင်း၊
(စ) ဟိုတယ်နှင့်တည်းခိုခန်း၊
(ဆ) ခရီးသွားလာရေးလုပ်ငန်း။
၅။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ
(က) မြေယာစီမံခန့်ခွဲမှု၊
(ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်ခြင်း၊
(ဂ) ကြေးတိုင်နှင့် မြေစာရင်း၊
(ဃ) မြေတိုင်း၊
(င) ပြည်ထောင်စုက စီမံခန့်ခွဲသည့် ဆည်မြောင်း၊ တာတမံနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ၊
(စ) မိုးလေဝသ၊ ဇလဗေဒနှင့် မြေငလျင်တိုင်းတာရေး၊
(ဆ) စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊
(ဇ) စက်မှုလယ်ယာ၊
(ဈ) စိုက်ပျိုးရေးသုတေသန၊
(ည) ဓာတ်မြဩေဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်ရေး၊
( ဋ ) ပင်လယ်ငါးလုပ်ငန်း၊
(ဌ) တိရစ္ဆာန်မျိုးပွားရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် သုတေသနလုပ်ငန်းများ။
၆။ စွမ်းအင်၊ လျှပ်စ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ
(က) ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြည်ထောင်စုဥပဒေအရ ဘေးအန္တရာယ် ဖြစ်လောက်အောင် လောင်ကျွမ်းစေတတ်သည်ဟု သတ်မှတ်ထားသော အခြားအရည်အခဲ စသည်များ၊
(ခ) ပြည်ထောင်စု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊
( ဂ ) သတ္တုများ၊ သတ္တုတွင်းများ၊ သတ္တုတွင်း အလုပ်သမားဘေးကင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး၊
(ဃ) ကျောက်မျက်ရတနာ၊
(င) ပုလဲ၊
(စ) သစ်တော၊
(ဆ) တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် သဘာဝနယ်မြေများ အပါအဝင် ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ထိန်းသိမ်းရေး။
၇။ စက်မှုလက်မှုကဏ္ဍ
(က) ပြည်ထောင်စုအဆင့်က ဆောင်ရွက်မည့် စက်မှုလုပ်ငန်းများ၊
( ခ ) စက်မှုဇုန်များ၊
(ဂ) ထုတ်လုပ်သည့်ပစ္စည်းများအတွက် အခြေခံစံချိန်စံညွှန်းများ၊
(ဃ) သိပ္ပံနှင့်နည်းပညာ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသန၊
(င) အလေးတင်းတောင်း၊ အတိုင်းအတာစသည်တို့ကို စံပြုခြင်း၊
(စ) မူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ် တံဆိပ်များ၊ စက်မှုဆိုင်ရာ ဒီဇိုင်းများစသည့် အသိဉာဏ်ဆိုင်ရာပစ္စည်းများ။
၈။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ
(က) ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး၊
( ခ ) ရေကြောင်းလမ်းများပြုပြင်ထိန်းသိမ်းရေး၊
(ဂ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊
(ဃ) ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊
(င) ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းကြီးများ၊
(စ) မီးပြတိုက်၊ မီးပြသင်္ဘောနှင့် မီးပြအစီအမံများ၊
(ဆ) သင်္ဘောတည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး၊
(ဇ) လေကြောင်းသယ်ယူပို့ဆောင်ရေး၊
(ဈ) လေကြောင်းပျံသန်းရေး၊ ထိန်းသိမ်းရေးနှင့် လေယာဉ်ကွင်းတည်ဆောက်ရေး၊
(ည) ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊
(ဋ) မီးရထား၊
(ဌ) ပြည်ထောင်စုက စီမံခန့်ခွဲသည့်လမ်းမကြီးများ၊ တံတားကြီးများ၊
(ဍ) စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးများ၊
(ဎ) ရုပ်မြင်သံကြား၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အသံလွှင့်အသံဖမ်းလုပ်ငန်းနှင့် အလားတူ ဆက်သွယ်ရေးများ၊ အိမ်ရာနှင့် အဆောက်အအုံများ။
၉။ လူမှုရေးကဏ္ဍ
(က) ပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်ပြနည်းစနစ်၊ သုတေသန၊ စီမံကိန်း၊ စီမံချက်နှင့်စံများ၊
(ခ) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံစသည့်သင်တန်းများနှင့် အဆင့်မြင့်ပညာ အခြားအဖွဲ့အစည်းများ၊
(ဂ) ပြည်ထောင်စုကသတ်မှတ်သည့် စာမေးပွဲများ၊
(ဃ) ကိုယ်ပိုင်ကျောင်းများနှင့် သင်တန်းများ၊
(င) အမျိုးသားအားကစား၊
(စ) အမျိုးသားကျန်းမာရေး၊
(ဆ) တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါးဖွံ့ဖြိုးတိုးတက်ရေး၊
( ဇ ) ကုသိုလ်ဖြစ်ဆေးရုံများနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့်ဆေးခန်းများ၊
(ဈ) မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊
(ည) ကြက်ခြေနီအသင်း၊
( ဋ ) အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်စသည်တို့ တုပရောနှော ထုတ်လုပ်ရောင်းချခြင်းမှ ကာကွယ်ရေး၊
(ဌ) ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအား စောင့်ရှောက်ရေး၊
(ဍ) ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊
(ဎ) မီးသတ်တပ်ဖွဲ့၊
(ဏ) အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး၊
(တ) ဝါဏိဇ္ဇပဋိပက္ခ၊
(ထ) လူမှုဖူလုံရေး၊
(ဒ) အလုပ်သမားအဖွဲ့အစည်းများ၊
(ဓ) ပြည်ထောင်စုက စီမံခန့်ခွဲသည့် -
(၁) ရှေးဟောင်းယဉ်ကျေးမှု သို့မဟုတ် သမိုင်းဝင်ဒေသများ၊ အဆောက်အအုံများ၊ အထိမ်းအမှတ်များ၊ မှတ်တမ်းများ၊ ကျောက်စာများ၊ မင်စာများ၊ ပေပုရပိုက်များ၊ လက်ရေးစာများ၊ လက်ရာများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ရှေးဟောင်းသုတေသနလုပ်ငန်းများ၊
(၂) ပြတိုက်များ၊ စာကြည့်တိုက်များ။
(န) စာပေ၊ သဘင်၊ ဂီတ၊ ရိုးရာပန်း၊ ရုပ်ရှင်၊ ဗီဒီယို၊
(ပ) မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ရေး။
၁၀။ စီမံခန့်ခွဲရေးကဏ္ဍ
(က) အထွေထွေအုပ်ချုပ်ရေး၊
(ခ) ရွာမြေ၊ မြို့မြေ စီမံခန့်ခွဲရေး၊
(ဂ) အိမ်ငှား၊ မြေငှား၊
(ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါး၊
(င) နိုင်ငံတော်လျှို့ဝှက်ချက်ထိန်းသိမ်းရေးဆို်င်ရာကိစ္စများ၊
(စ) အသင်းအဖွဲ့များ၊
(ဆ) အကျဉ်းထောင်၊
(ဇ) နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊
(ဈ) သန်းခေါင်စာရင်း၊
(ည) နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊ နိုင်ငံသားစိစစ်ရေးနှင့် မှတ်ပုံတင်လုပ်ငန်း၊
(ဋ) ဘွဲ့ထူး၊ ဂုဏ်ထူး။
၁၁။ တရားစီရင်ရေးကဏ္ဍ
(က) တရားစီရင်ရေး၊
( ခ ) ရှေ့နေများ၊
(ဂ) ပြစ်မှုဆိုင်ရာ ဥပဒေများ၊ ကျင့်ထုံးများ၊
(ဃ) တရားမဥပဒေများ၊ ကျင့်ထုံးများအပါအဝင်၊ ပဋိညာဉ်၊ အနုညာတ စီရင်ဆုံးဖြတ်ရေး၊ တရားစွဲဆိုပိုင်ခွင့်ရှိသော နစ်နာချက်များ၊ လူမွဲအဖြစ်ခံယူခြင်း၊ ယုံမှတ်အပ်နှံခြင်းနှင့် ယုံမှတ်အပ်နှံထားသဖြင့် စီမံပိုင်ခွင့်ရှိသူများ၊ အမွေထိန်းနှင့် ပစ္စည်းထိန်း၊ မိသားစုဆိုင်ရာဥပဒေများ၊ အုပ်ထိန်းသူများနှင့် အုပ်ထိန်းခံရသူများ၊ ပစ္စည်းလွှဲပြောင်းခြင်း၊ အမွေဆက်ခံရေး၊
( င ) သက်သေခံဥပဒေ၊
(စ) ကာလစည်းကမ်းသတ်၊
(ဆ) အမှုတန်ဖိုးသတ်မှတ်ခြင်း၊
(ဇ) သီးခြားသက်သာခွင့်၊
(ဈ) နိုင်ငံခြားစီရင်ပိုင်ခွင့်အာဏာ၊
(ည) ပင်လယ်ရေကြောင်းစီရင်ပိုင်ခွင့်၊
(ဋ) ပင်လယ်ဓားပြမှုများ၊ နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သောပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာဥပဒေကို ဖောက်ဖျက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သောပြစ်မှုများ။


ဇယား ၂
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း
(ပုဒ်မ ၁၈၈ ကို ရည်ညွှန်းသည်)
၁။ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးခန့်မှန်းခြေငွေစာရင်း၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊
(ဂ) မြေယာခွန်၊
(ဃ) ယစ်မျိုးခွန် (မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများမပါ)၊
(င) အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်စသည့် စည်ပင်သာယာရေးဆိုင်ရာ အခွန်အခများ၊
(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့်ဆောင်ရွက်ခြင်း၊
( ဇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ထုတ်ချေးခြင်း၊
(ဈ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခြင်း၊
(ည) ဒေသန္တရစီမံကိန်း၊
( ဋ ) အသေးစားငွေချေးလုပ်ငန်း။
၂။ စီးပွားရေးကဏ္ဍ
(က) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် စီးပွားရေးကိစ္စများ၊
(ခ) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊
(ဂ) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် သမဝါယမကိစ္စများ။
၃။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ
(က) လယ်ယာစိုက်ပျိုးရေး၊
(ခ) အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေး၊
(ဂ) ဓာတ်မြဩေဇာ စနစ်တကျ သုံးစွဲရေးနှင့် သဘာဝမြဩေဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေး၊
(ဃ) စိုက်ပျိုးရေး ချေးငွေနှင့် စုငွေများ၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသော ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊
( စ ) ရေချိုငါးလုပ်ငန်း၊
(ဆ) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်းရေး။
၄။ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ
(က) ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊
(ခ) ဆားနှင့်ဆားထွက်ပစ္စည်း၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်း၊
(ဃ) ကျေးရွာထင်းစိုက်ခင်း၊
(င) အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်။
၅။ စက်မှုလက်မှုကဏ္ဍ
(က) ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရန် သတ်မှတ်ထားသည့် စက်မှုလုပ်ငန်းများမှအပ အခြားစက်မှုလုပ်ငန်းများ၊
(ခ) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ။
၆။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ၊
( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့်လမ်းများ၊ တံတားများ၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းသာ သွားလာသည့် ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး။
၇။ လူမှုရေးကဏ္ဍ
(က) ပြည်ထောင်စုက ချမှတ်ထားသည့် တိုင်းရင်းဆေးဆိုင်ရာ မူဝါဒများနှင့် မဆန့်ကျင်သော တိုင်းရင်းဆေးဆိုင်ရာကိစ္စများ၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းများ၊
(ဂ) မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊
(ဃ) ကုန်တင်ကုန်ချလုပ်ငန်း၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် –
(၁) ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး၊
(၂) ပြတိုက်နှင့်စာကြည့်တိုက်များ။
(စ) ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗီဒီယိုရုံ၊
(ဆ) ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့်ပြပွဲများ။
၈။ စီမံခန့်ခွဲရေးကဏ္ဍ
(က) စည်ပင်သာယာရေး၊
(ခ) မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး၊
(ဂ) ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ။


ဇယား ၃
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း
(ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)
၁။ မြို့ပြနှင့် ကျေးရွာစီမံကိန်းများ၊
၂။ လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၃။ ပြည်သူ့ကျန်းမာရေး၊
၄။ စည်ပင်သာယာရေးလုပ်ငန်း၊
၅။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊
၆။ စားကျက်မြေများထိန်းသိမ်းရေး၊
၇။ သစ်တောများကာကွယ်ထိန်းသိမ်းရေး၊
၈။ ပြည်ထောင်စုကပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
၉။ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စ၊
၁၀။ မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စ။


ဇယား ၄
ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ
(ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည်)


ကျွန်ုပ် ———---——— သည် ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင်ယခုကျွန်ုပ် ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်/ကျမ်းသစ္စာဆိုသည်။


ဇယား ၅
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ
(ပုဒ်မ ၂၅၄ ကို ရည်ညွှန်းသည်)
၁။ မြေယာခွန်၊
၂။ ယစ်မျိုးခွန်၊
၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် ဆည်များ၊ တာတမံများကို အရင်းခံသည့် ရေခွန်၊ တာတမံခွန်နှင့် ထိုဆည်များ၊ တာတမံများ၏ ရေအားဖြင့် ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ၊
၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့်လမ်းများ၊ တံတားများ ဖြတ်သန်းခ၊
၅။
(က) ရေချိုငါးလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေး၊
( ခ ) သတ်မှတ်ထားသော အကွာအေဝးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းအပေါ် တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေး။
၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်း၊ ရေလမ်းသုံးယာဉ်များဆိုင်ရာ ဥပဒေအရ စည်းကြပ်သောအခွန်၊
၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းရငွေနှင့် ငှားရမ်းခများ၊ ယင်းပစ္စည်းများမှ ရရှိသော အခြားအကျိုးအမြတ်များ၊
၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ် ကောက်ခံသည့် အခကြေးငွေများ၊ အခွန်အခများနှင့် အခြားရငွေများ၊
၉။ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တရားရုံးများက ချမှတ်သည့် ဒဏ်ငွေများ၊ ဝန်ဆောင်မှုအတွက် ကောက်ခံသည့် အခွန်အခများနှင့် အခြားရငွေများ၊
၁၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများ ထုတ်ချေးသဖြင့် ရရှိသော အတိုးများ၊
၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ရရှိသည့် အကျိုးအမြတ်များ၊
၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ သစ်တောများမှ အောက်ပါပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်အခများ -
(က) ကျွန်းနှင့်သတ်မှတ်သောသစ်မာများမှအပ ကျန်သစ်များအပေါ်တွင် ကောက်ခံသည့်အခွန်၊
(ခ) ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများ စသည်တို့အပေါ် ကောက်ခံသည့်အခွန်။
၁၃။ မှတ်ပုံတင်ကြေး၊
၁၄။ ပွဲခွန်၊
၁၅။ ဆားခွန်၊
၁၆။ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ရရှိသည့်ဘဏ္ဍာငွေများ၊
၁၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ထည့်ဝင်ငွေများ၊
၁၈။ ပိုင်ရှင်မပေါ်သော သွင်းထားငွေများနှင့်ပစ္စည်းများ၊
၁၉။ ရတနာသိုက်။


ကိုးကား ပြင်ဆင်ရန်

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၈၁-၁၉၄)။

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်