အဂ္ဂမဟာသီရိသုဓမ္မ
နိုင်ငံတော်သမ္မတများ အလိုအလျောက်ချီးမြှင့်ခံရသော သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
အဂ္ဂမဟာသီရိသုဓမ္မဘွဲ့သည် နိုင်ငံတော်သမ္မတ အဖြစ် ရွေးရွေးချယ်တင်မြှောက်ခြင်းခံရသူများ အလိုအလျောက်ရရှိသော သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ ပထမတန်းစားဖြစ်သည်။ ဤသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့အတွက် ချီးမြှင့်မှုများမှာ ၁၄ ပဲရည် ရွှေ(၁၀)ကျပ်သား အလေးချိန်ရှိသော သုဓမ္မသင်္ဂဟဘွဲ့ အဆောင်အယောင် တံဆိပ်၊ လည်ဆွဲဖဲကြိုးနှင့် ဆင်မြန်းရန်အတွက် ၁၄ပဲ ရည်ရွှေ ရွှေရည် ၃၅ ကျပ်သား အလေးချိန်ရှိသော ရွှေစလွယ် အဆောင်အယောင် တို့ဖြစ်သည်။ ဤဘွဲ့တံဆိပ်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတများ အားလုံးနှင့် အခြားသော နိုင်ငံတော်၏ အကျိုးထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများကို ပေးအပ်ချီးမြှင့်သည်။[၁]
အဂ္ဂမဟာသီရိသုဓမ္မ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
အဂ္ဂမဟာသီရိသုဓမ္မသင်္ဂဟ၏ လည်ဆွဲဖဲကြိုးဖြင့် အဆောင်အယောင်တံဆိပ် နမူနာပုံ | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | (သုဓမ္မသင်္ဂဟ အဆောင်အယောင် ဖဲကြိုးများသည် တစ်ပုံစံတည်းဖြစ်ပြီး၊ ဖဲကြိုးတို(ဆားဗစ်တန်း)တပ်ဆင်ရန် သတ်မှတ်ထားခြင်းမရှိပါ။[၁]) |
သတ်မှတ်ချက် | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတများအားလုံးနှင့် အခြားသော နိုင်ငံတော်အကျိုး ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများ |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | မရှိပါ။ |
နောက်ထပ် (ပိုနိမ့်သော) | သတိုးသီရိသုဓမ္မ |
(ရှေ့ဖက်) နှင့် (ကျောဖက်) အဂ္ဂမဟာသီရိသုဓမ္မ အဆောင်အယောင်တံဆိပ်ပုံ (သုဓမ္မသင်္ဂဟများ၏ အဆောင်အယောင်တံဆိပ် ရှေ့ဖက်ပုံစံများသည် တူညီကြသည်။[၁]) |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၈)၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ”
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |