အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်

တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးလေဆိပ်

အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (IATA: ICN, ICAO: RKSI) သည် တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးလေဆိပ်ဖြစ်သလို ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်များစားရင်းဝင် လေဆိပ်ဖြစ်သည်။ အဓိကအားဖြင့် အခြားနိုင်ငံများမှ ဆိုးလ်မြို့သို့ သွားရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအား ဝန်ဆောင်မှုပေးသည့် လေဆိပ်လည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်မှစ၍ ကမ္ဘာပေါ်တွင် အကောင်းဆုံးလေဆိပ်ဟု သတ်မှတ်ခြင်းခံရသည်။

အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
Incheon International Airport

인천국제공항
仁川國際空港

Incheon Gukje Gonghang
Inch'ŏn Kukche Konghang
  • IATA: ICN
  • ICAO: RKSI
    Incheon International Airport သည် တောင်ကိုရီးယားနိုင်ငံ တွင် တည်ရှိသည်
    Incheon International Airport
    Incheon International Airport
    Location of airport in South Korea
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
ပိုင်ဆိုင်သူတောင်ကိုရီးယား အစိုးရ
စီမံကွပ်ကဲသူIncheon International Airport Corporation (IIAC)
ဝန်ဆောင်မှု ဧရိယာဆိုးလ်မြို့
တည်နေရာအင်ချွန်၊ တောင်ကိုရီးယား
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
  • Asiana Airlines
  • Korean Air
  • Polar Air Cargo
ပင်လယ်မျက်နှာပြင် အထက်၂၃ ပေ / ၇ မီတာ
ကိုဩဒိနိတ်37°27′48″N 126°26′24″E / 37.46333°N 126.44000°E / 37.46333; 126.44000
ဝက်ဘ်ဆိုဒ်http://www.airport.kr/eng/
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
15R/33L 12,303 3,750 နိုင်လွန်ကတ္တရာ
15L/33R 12,303 3,750 နိုင်လွန်ကတ္တရာ
16/34 13,123 4,000 နိုင်လွန်ကတ္တရာ
ရဟတ်ယာဉ်ကွင်း
အရေအတွက် အလျား မျက်နှာပြင်
ပေ မီတာ
H1 63 19 ကွန်ကရစ်
ကိန်းဂဏန်း အချက်အလက်များ (2009)
လေယာဉ် အဝင်အထွက်211,404
ခရီးသည်30,000,000
ကုန်စည်တန်ချိန်4,500,000
Statistics from IIAC[]

အင်ချွန်လေဆိပ်သည် ဆိုးလ်မြို့ အနောက်ဘက် ၇၀ မီတာ (၄၃ မိုင်) အကွာတွင် တည်ရှိပြီး ကိုရီးယားလေကြောင်း (Korean Air)၊ အေးရှားနားလေကြောင်း (Asiana Airlines) နှင့် ပိုလာ ကုန်တင်လေကြောင်း (Polar Air Cargo) တို့၏ အဓိကခြေကုတ်စခန်းဖြစ်သည်။ အင်ချွန်လေဆိပ်သည်လည်း အရှေ့အာရှဒေသ၏ ခရီးသည်နှင့် ကုန်စည် လေကြောင်းပို့ဆောင်ရေး အချက်အချာ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ယင်းလေဆိပ်သည် အာရှတွင် ခရီးသည် ပို့ဆောင်မှု အဋ္ဌမမြောက်အများဆုံး၊ ကမ္ဘာပေါ်တွင် ကုန်စည်ပို့ဆောင်မှု စတုတ္ထ အများဆုံးနှင့် ကမ္ဘာလှည့်ခရီးသည် နံပတ် ၁၁ မြောက် အများဆုံး လေဆိပ်ဖြစ်သည်။

အင်ချွန်လေဆိပ်ကို ၂၀၀၁ ခုနှစ် အစောပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစားထိုးခဲ့သည်။ ဂင်ပိုလေဆိပ်သည် လက်ရှိတွင် ပြည်တွင်းလေယာဉ်များ၊ တိုကျို (ဟာနဲ့ဒါ့)၊ ရှန်ဟိုင်း (ဟုန်ချောင်) နှင့် အိုစကာ (ကန်ဆိုင်း) သို့သာ ပြေးဆွဲသည်။ အင်ချွန်လေဆိပ်တွင် ဂေါက်ကွင်း၊ စပါး (spa)၊ ကာစီနို (လောင်းကစားရုံ)၊ အိပ်စက်အနားယူခန်း၊ အင်ဒိုးဥယျာဉ်နှင့် ကိုရီးယား ယဉ်ကျေးမှု ပြခန်းများ တည်ရှိသည်။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်