အင်ဂမာ ဘာ့ဂ်မန်း
အင်ဂမာ ဘာ့ဂ်မန်း (ဆွီဒင်: Ernst Ingmar Bergman) သည် ဆွီဒင်လူမျိုး ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ရုပ်ရှင်၊ ပြဇတ်နှင့် ရုပ်မြင်သံကြားဇတ်လမ်းထုတ်လုပ်သူ တဦးဖြစ်သည်။ ၁၉၁၈ ခုနှစ်တွင် မွေးဖွား၍ ၂၀၀၇ တွင်ကွယ်လွန်ခဲ့သော အင်ဂမာ ဘာ့ဂ်မန်း၏ လက်ရာများသည် မိမိတို့အပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်းကို အမေရိကန်ဒါရိုက်တာများဖြစ်ကြသော ဝူဒီအယ်လင် (Woody Allen)၊ ရောဘတ် အက်တမန် (Robert Altman) ၊ ရုရှားဒါရိုက်တာ အန်ဒရေ တာကော့စကီ (Andrei Tarkovsky) နှင့် တိုင်ဝမ်လူမျိုးဒါရိုက်တာ အန်းလီ (Ang Lee) အပါအဝင် နိုင်ငံအသီးသီးမှ ရုပ်ရှင်ဒါရိုက်တာများက ချီးကျူးပြောဆိုကြရသည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |