အင်တက်ဘီမြို့သည် ယူဂန်းဒါးနိုင်ငံ အလယ်ပိုင်းရှိ အဓိက မြို့တစ်မြို့ ဖြစ်သည်။ ဝိတိုရိယအိုင်၏ ကျွန်းဆွယ်ပေါ်တွင် တည်ရှိပြီး ယူဂန်းဒါးနိုင်ငံ၏ မြို့တော် ကင်ပါလာမြို့ မှ အနောက်တောင်ဘက် ၂၃ မိုင် (၃၇ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ လွတ်လပ်ရေး မရမီ ၁၉၆၂ ခုနှစ် အထိ ယူဂန်းဒါး အစောင့်အရှောက်ခံ နယ်မြေ အစိုးရ၏ ရုံးထိုင်ရာ နေရာ ဖြစ်ခဲ့သည်။ အင်တက်ဘီမြို့သည် အင်တက်ဘီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ရှိရာ မြို့ဖြစ်ပြီး ယူဂန်းဒါးနိုင်ငံ၏ အကြီးဆုံး ကူးသန်းရောင်းဝယ်ရေး နှင့် စစ်ရေးဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်ကာ ပါလက်စတိုင်း လွတ်မြောက်ရေး တပ်ဖွဲ့မှ ပြန်ပေးဆွဲထားသော ဓားစာခံ အယောက် ၁၀၀ ကျော်ကို အစ္စရေးတို့မှ ရုပ်ရှင်ဆန်ဆန် ကယ်ဆယ်ခဲ့သော အင်တက်ဘီ စစ်ဆင်ရေးကြောင့် လူသိများ ကျော်ကြားသည်။ အင်တက်ဘီမြို့သည် နိုင်ငံတော် အိမ်တော်၊ တရားဝင် ရုံးများနှင့် သမ္မတ အိမ်တော်တို့ တည်ရှိရာ ဒေသဖြစ်သည်။

အင်တက်ဘီမြို့
မြို့
နိုင်ငံ ယူဂန်းဒါး