အင်ဒို-ဥရောပနွယ် ဘာသာစကားများ
အင်ဒို-ဥရောပနွယ် ဘာသာစကားများ သည် ဆက်နွယ်နေသည့် ဘာသာစကားများနှင့် ဒေသိယစကား ရာဂဏန်းကို စုစည်းထားသည့် ဘာသာစကား မိသားစုကြီး ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှင်သန်လျက် ရှိသော အင်ဒို-ယူရိုပီယန် ဘာသာစကားများ စုစုပေါင်း ၄၄၅ ခုခန့်ရှိသည်။ ၎င်းတို့အနက် အင်ဒို-အီရန်နီးယန်း ကိုင်းခွဲမှာ ဘာသာစကား ၃၁၃ ခုရှိ၍ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုကြီးတွင် အများအားဖြင့် ယနေ့ခေတ် ဥရောပနှင့် အာရှတိုက် အနောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်း တွင်ရှိသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများသည် ရှေးခေတ် အနာတိုလီယား(ယနေ့ တူရကီနိုင်ငံ)နှင့် ရှေးခေတ် တာရင်းချိုင့်ဝှမ်းဒေသ (ယနေ့ တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း)၊ အာရှတိုက် အလယ်ပိုင်းဒေသ အများစုနှင့် တောင်အာရှ စသည့်ဒေသများတွင် စတင်အခြေချခဲ့သည်။ ကြေးခေတ် အနာတိုလီယန်းဘာသာစကား နှင့် မိုင်စီနေးယန်း ဂရိဘာသာစကား အထောက်အထားများအရ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုသည် အာဖရိုအေးရှားတစ် ဘာသာစကား မိသားစုပြီးလျှင် ဒုတိယ အရှည်လျားဆုံး သမိုင်းကြောင်း မှတ်တမ်းရှိသည့် ဘာသာစကား မိသားစုဖြစ်သည်။
အင်ဒို-ယူရိုပီယန် ဘာသာဗေဒသမိုင်း
ပြင်ဆင်ရန်၁၆ ရာစုနှစ်မှာ အိန္ဒိယတိုက်ငယ်ကို သွားရောက်ခဲ့တဲ့ ဥရောပက ခရီးသွားတွေဟာ အင်ဒို-အာရိယာန်၊ အီရန်နီးယန်း နဲ့ ဥရောပက ဘာသာစကားများကြားမှာ တူညီမှုတွေ ရှိနေကြခြင်းကို စတင်သတိပြုမိကြသည်။ ၁၅၈၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ သာသနာပြုခရီး ရောက်ရှိနေတဲ့ သောမတ်စ် စတီဖင် က သူ့ညီထံသို့ ရေးသားသည့် စာတစ်စောင်တွင် အိန္ဒိယနိုင်ငံ၏ ဘာသာစကားများ (အထူးသဖြင့် သက္ကတဘာသာစကား) နှင့် ဂရိဘာသာစကား နှင့် လက်တင်ဘာသာစကား များတွင်ရှိသော တူညီမှုများကို ရေးသားထားခဲ့သည်။
သက္ကတဘာသာစကားနဲ့ ပတ်သက်ပြီး နောက်မှတ်တမ်းတစ်ခုက အီတလီနိုင်ငံ ဖလောရင့်မြို့သား ဖိလစ်ပို ဆာဆက်တီ ဟာ အိန္ဒိယတိုက်ငယ်ကို ခရီးသွားခဲ့သည်။ ၁၆၈၅ ခုမှစ်မှာ သူဟာ သက္ကတဘာသာစကားနဲ့ အီတလီဘာသာစကား များကြားမှာရှိတဲ့ တူညီမှုတွေကို မှတ်သားထားခဲ့သော်လည်း ပညာရှင်များက ဆက်လက်လေ့လာခဲ့ခြင်းမျိုး မရှိခဲ့ပါ။
၁၆၄၇ ခုနစ်မှာ ဒတ်ခ်ျလူမျိုး ဘာသာဗေဒပညာရှင် မာကု ဇူးရစ် ဗန် ဘောက်ဇ်ဟွန်း ဆိုသူက အာရှတိုက်နဲ့ ဥရောပတိုက်က အချို့သော ဘာသာစကားများရဲ့ တူညီမှုများကို လေ့လာကြည့်ခြင်းအားဖြင့် အဲဒီဘာသာစကားတွေဟာ မူလဘုံဘာသာစကား တစ်ခုတည်းက ဆင်းသာလာတာဖြစ်တယ်လို့ ယူဆခဲ့သည်။ သူရဲ့အဆိုပြုယူဆချက်ထဲမှာ ဒတ်ခ်ျဘာသာစကား၊ အယ်လ်ဘေးနီးယန်းဘာသာစကား၊ ဂရိဘာသာစကား၊ လက်တင်ဘာသာစကား၊ ပါရှန်းဘာသာစကားနဲ့ ဂျာမန်ဘာသာစကားတို့ ပါဝင်ပြီး နောက်ပိုင်းမှာ ဆယ်လ်ဗစ်ဘာသာစကား၊ ဆဲလ်တစ်ဘာသာစကားနဲ့ ဘဲလ်တစ်ဘာသာစကားတို့ကို ထပ်မံထည့်သွင်းခဲ့သည်။ ဒါပေမယ် သူ့ရဲ့အဆိုဟာ လူသိနည်းပြီး ထပ်မံလေ့လာမှုများလည်း မရှိခဲ့ပေ။
အတန်းအစားခွဲခြားခြင်း
ပြင်ဆင်ရန်အင်ဒို-ယူရိုပီယန် ဘာသာစကားတွင် အုပ်စုပေါင်း များစွာရှိပြီး အဓိကကိုင်းခွဲ ဆယ်ခုရှိသည်။ ဒေးဗစ်အန်ထော်နီ၏ အဆိုအရ ၎င်းတို့ ပေါ်ထွက်ခဲ့တဲ့ အချိန်သမိုင်းအလိုက် အောက်ပါ စီစဉ်နိုင်သည်-
- အနာတိုလီယန်းဘာသာစကား - အစောဆုံး သက်သေအထောက်အထား ခိုင်မာသည့် ကိုင်းခွဲဖြစ်သည်။ ဘီစီ ၄၂၀၀ ခန့်က ပေါ်ပေါက်ခဲ့သည်။
- တိုချာရီယန် - ဘီစီ ၃၇၀၀ ခန့်က ပေါ်ပေါက်ခဲ့သည်။ တာဖာနီယန်နှင့် ကူချီယန် ဟူသော ဒေသိယစကား နှစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ၁၀ ရာစုနှစ်ခန့်တွင် ပျောက်ကွယ်ခဲ့သည်ဟု ယူဆရသည်။
- ဂျာမန်နစ် - ဘီစီ ၃၃၀၀ ခန့်က ပေါ်ပေါက်ခဲ့သည်။ အေဒီ ၂ ရာစုခန့်က ရှေးအကျဆုံး ဂေါ့သစ်စာများဖြစ်သည့် ရန်းနစ် ကျောက်စာများတွင် စာအရေးအသား စတင်တွေ့ရှိရသည်။ ရှေးဟောင်းအင်္ဂလိပ် လက်ရေးစာမူများကို ၈ ရာစုခန့်မှစ၍ တွေ့ရှိရသည်။
- အီတာလစ် - လက်တင်နှင့် သူ၏ ဆက်ခံဘာသာစကားများ ပါဝင်သည်။ ဘီစီ ၃၀၀၀ ခန့်က စတင်ပေါ်ပေါက်ခဲ့သည်။ ခိုင်မာသော အထောက်အထားများကို ဘီစီ ၇ ရာစုခန့်က စ၍ တွေ့ရှိရသည်။
- အာမေးနီးယန်း - ဘီစီ ၂၈၀၀ ခန့်က စတင်ပေါ်ပေါက်ခဲ့သည်။ အေဒီ ၅ ရာစုခန့်မှစ၍ စာအရေးအသား ပေါ်ပေါက်ခဲ့သည်။
- ဘယ်လ်တို-ဆယ်လ်ဗစ် - ဘီစီ ၂၈၀၀ ခန့်က စတင်ပေါ်ပေါက်ခဲ့သည်။
- ဆယ်လ်ဗစ်
- ဘဲလ်တစ်
- ဟယ်လန်နစ် - ဘီစီ ၂၅၀၀ ခန့်က စတင်ပေါ်ပေါက်ခဲ့သည်။
- အင်ဒို-အီရန်နီးယန်း - ဘီစီ ၂၂၀၀ ခန့်က စတင်ပေါ်ပေါက်ခဲ့သည်။
- အင်ဒို-အာရိယာန်
- အီရန်နီးယန်း
- နျူရီစတန်နီ
- အယ်လ်ဘေးနီးယန်း