အင်ဗီတာဘောလုံးကွင်းသည် လန်ဒန်မြို့ အရှေ့တောင်ဘက် ပလန်းစတတ်ဒေသတွင် တည်ရှိသည်။ တော်ဝင်အာဆင်နယ်အသင်း၏ အိမ်ကွင်း ဖြစ်သည်။

အင်ဗီတာကွင်း
အမည်အင်ဗီတာ ဘောလုံးကွင်း
တည်နေရာပလန်းစတတ်၊ လန်ဒန်
ပိုင်ဆိုင်သူဂျီရော့ ဝီဗာ
ဝင်ဆံ့ပမာဏc.၁၂,၀၀၀
တည်ဆောက်ခြင်း
ဖွင့်လှစ်၁၈၉၀
ပိတ်သိမ်းc. ၁၈၉၄
ဖြိုဖျက်?
ငှားရမ်းသူ
ဝူးဝစ်အာဆင်နယ် (၁၈၉၀-၁၈၉၃)
တော်ဝင်အော်ဒန့်ဖက်ထရီ ဘောလုံးအသင်း (၁၈၉၃-၁၈၉၄)

သမိုင်းကြောင်း ပြင်ဆင်ရန်

အင်ဗီတာကွင်းဟု အမည်ပေးအပြီး တော်ဝင်အာဆင်နယ်၏ ပထမဆုံး ကိုယ်ပိုင်ကွင်း ဖြစ်လာသည်။ ပွဲကြည့်စင်နှင့် အဝတ်လဲခန်းများ တပ်ဆင်ထားသည်။ အာဆင်နယ်၏ ယခင်အိမ်ကွင်း မန်နာကွင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။

အင်ဗီတာကွင်းသို့ ပြောင်းစဉ် အာဆင်နယ်အသင်းမှာ အပျော်တမ်းအသင်း ဖြစ်သည်။ ထိုနှစ်အတွင်းပင် ဝူးဝစ်အာဆင်နယ်အမည်ဖြင့် ပရော်ဖက်ရှင်နယ်အသင်း ဖြစ်လာသည်။

၁၉၈၃-၁၉၈၄ ခုနှစ် ပထမဆုံးရာသီအတွက် ဤကွင်းကို သုံးရန်ရည်ရွယ်သော်လည်း ကွင်းပိုင်ရှင်မှ £ ၂၀၀မှ £ ၃၅၀ သို့ ကွင်းငှားခတိုးလိုက်၍ မတတ်နိုင်တော့ပေ။ ထို့ကြောင့် မန်နာကွင်းသို့ ပြန်လည်ပြောင်းခဲ့သည်။

ထို့နောက် ဖြိုဖျက်ကာ အိမ်ရာများဆောက်လုပ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်