အင်ရှာအလ္လာဟ်

အစ္စလာမ်ဘာသာမွတ်စလင်များ၏အစမတိုင်မှီစကား

အင်ရှာအလ္လာဟ် (အာရပ်: ان‌شاءالله) သည် အာရပ်ဘာသာစကား (အာရဘီ) မှ စကားစု တစ်ခုဖြစ်၍ "ဘုရားရှင်၏ စိတ်ဆန္ဒ၊ အလို" (သို့) "ဘုရားရှင် အလိုရှိက" ဟူသောအနက်ရှိသည်။[၁]

ဤစကားစုကို များသောအားဖြင့် မွတ်စလင်များ၊ အာရပ်ခရစ်ရှန်များနှင့် အခြားဘာသာတရားရှိ အာရပ်စကားပြောဆိုသူများက သုံးနှုန်းကြ၍ အနာဂတ်တွင်ဖြစ်မည့်ကိစ္စရပ်များကို ရည်ညွှန်းရာ၌ သုံးစွဲကြ၏ ။[၂][၃] ဘုရားသခင်သာ အလိုမရှိပါက မည်သည့်အရာမျှမဖြစ်ပျက်နိုင်၊ ဘုရားရှင်၏ စိတ်ဆန္ဒသည် လူသားများ၏ စိတ်ဆန္ဒထက် သာလွန်ကြီးမြတ်ပေသည်ဟူသော ယုံကြည်ချက်ကို ဖော်ပြပေးသည်။[၂]

ဤစကားစုသည် စကားစပ်သဘောအရ ပြောင်းပြန်သဘောလည်း ရှိနိုင်သည်။ ညွှန်းဆိုသည့်သဘောမှာ မည့်သည့်အရာမျှဖြစ်မြောက်မည်မဟုတ်ဘဲ ဘုရားရှင်လက်တွင်းသို့သာ ဝကွက်အပ်ရန် ဟူသော အနက်ရှိပြီး ရံခါ ဖိတ်ကြားမှုများကို ငြင်းဆန်ရန်အတွက်လည်း အပျော့သဘောမျိုး သုံးစွဲနိုင်သည်။.[၄]

ဤဝေါဟာရကို အစ္စလာမ်ဘာသာ၏ ကိုရမ်ကျမ်းတွင်ဖော်ပြထားကာ ကိစ္စရပ်တစ်ခုကို မစတင်မီ အလ္လာဟ်၏ နာမတော်ဖြင့် အောင်မြင်ရန် အစပြုခြင်းဖြစ်ပေသည်။ ၎င်းစတင်ခြင်းသည်လည်း ဧကန်မလွဲ အမှန်ပင်အောင်မြင်မှုရရှိလိမ့်မည်ဟု အဓိပ္ပာယ်ရရှိ၏ ။[၅]

ကိုးကား ပြင်ဆင်ရန်

  1. "Inshallah: Religious invocations in Arabic topic transition" (June 2010). Language in Society 39 (3): 357–382. doi:10.1017/S0047404510000199. 
  2. ၂.၀ ၂.၁ John L. Esposito, ed. (2014)။ "Insha Allah"The Oxford Dictionary of Islam။ Oxford: Oxford University Press။ doi:10.1093/acref/9780195125580.001.0001ISBN 9780195125580
  3. Anthony Shadid။ "Allah – The Word"၊ 11 January 2010။ 
  4. Ismail၊ Aymann (2020-09-30)။ The One-Word Mystery of the Presidential Debate That Roused Muslims (and Right-Wing Bloggers) (in en)။ 2020-09-30 တွင် ပြန်စစ်ပြီး။
  5. Abdur Rashid Siddiqui (2015-12-10)။ Qur'anic Keywords: A Reference Guide။ Kube Publishing Ltd.။ ISBN 9780860376767