အင်းခွေး

အမဲလိုက် ခွေး အမျိုးအစား

အင်းခွေး (Hounds) များသည် အမဲလိုက်ခွေး၊ ငှက်လိုက်ခွေး အမျိုးအစားများထက် ပိုမိုပါးနပ်ကြလေသည်။ ၎င်းတို့၏ ကျစ်လျစ်မာကျောသော ဖွဲ့စည်းမှုတို့ကြောင့် ပြေးလွှားခြင်းနှင့် နောက်ရောင်ခံလိုက်ခြင်းတို့တွင် အသုံးပြုနိုင်လေသည်။ ၎င်းတို့ကို သမင် မြေခွေး ယုန် စသည့် အပြေးကောင်းသော သားကောင်များ လိုက်ရာတွင် အသုံးပြုရန် မွေးမြူကြလေသည်။ အင်းခွေးများသည် ရှေ့မှသွား၍ သားကောင်ကိုလိုက်ပြီး ထောင်ချောက်သဖွယ် ထွက်ပေါက်မရှိအောင် ပိတ်ထားတတ်ကြသည်။ နောက်မှ မြင်းနှင့်လိုက်လာသော မုဆိုးများ ရောက်ရှိလာသည့်တိုင်အောင် သားကောင်ကို ပိတ်ဆို့ထားတတ်ကြလေသည်။ အင်းခွေးများကို နှစ်မျိုးနှစ်စား ခွဲခြားထားလေသည်။ အမြင်အာရုံကောင်းသော အင်းခွေးမျိုးနှင့် အနံ့ခံအာရုံ ကောင်းသော အင်းခွေးမျိုးတို့ ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ခွေးအမျိုးမျိုး မွေးမြူလေ့ကျင့်နည်း စာအုပ်မှ