အင်းဝရှေးဟောင်းသုတေသနပြတိုက်

အင်းဝရှေးဟောင်းသုတေသနပြတိုက် သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်ရှိ အင်းဝရှေးဟောင်းမြို့အတွင်း စည်တိုပုံမြို့ရိုးအနီးတွင် တည်ရှိသော ယဉ်ကျေးမှုပြတိုက်တစ်ခု ဖြစ်သည်။[၁]

အင်းဝရှေးဟောင်းသုတေသနပြတိုက်
တည်ထောင်ခြင်း၁၉၉၁
တည်နေရာအင်းဝမြို့ဟောင်း၊ မန္တလေးတိုင်းဒေသကြီး

အင်းဝရှေးဟောင်းသုတေသနပြတိုက်တွင် အင်းဝတည်ထောင်ခဲ့သော ခေတ်အဆက်ဆက်ပစ္စည်းများဖြင့် ခင်းကျင်းပြသထားသည်။[၁] ပြတိုက်ကို တနင်္လာနေ့နှင့် နေ့ကြီးရက်ကြီးများမှအပ နေ့စဉ်ဖွင့်လှစ်ပြသထားသည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို ၁၉၉၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မြို့နယ်အဆင့်ပြတိုက် "ရတနာပူရအင်းဝပြတိုက်"အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။[၁][၃] ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြတိုက်အဆောက်အအုံသစ်ကို ဆောက်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် "အင်းဝရှေးဟောင်းသုတေသနပြတိုက်" အဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ အင်းဝရှေးဟောင်းသုတေသနပြတိုက်။ ယဉ်ကျေးမှုဝန်ကြီးဌာန။ 6 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ ဒီဇင်ဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. အင်းဝရှေးဟောင်း သုတေသနပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ဆောင်နေပြီး အင်းဝခေတ် ပစ္စည်းအမျိုးအစား ၁၀၀ ကို ထပ်မံတိုးချဲ့ပြသမည်Eleven Media (၁၂ ဇန်နဝါရီ ၂၀၁၈)။ 6 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ ဒီဇင်ဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ အင်းဝခေတ် အသုံးအဆောင်ပစ္စည်းများ အခြားစိတ်ဝင်စားဖွယ်ရာများ လေ့လာနိုင်သော အင်းဝရှေးဟောင်းသုတေသနပြတိုက်သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၃ အောက်တိုဘာ ၂၀၁၅)။ 6 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ ဒီဇင်ဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။