အင်း အိုင် ခါးလှည့်
အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရားမျိုး ၇-ပါး
ပြင်ဆင်ရန်ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်းရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - ဩောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊ ဥပမာ ဩောင်း ဒူရေ ဒူရေ သွာဟစသည်မျိုး။
(၆) မန္တန် - ဥုံ အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊ ဥပမာ- ဥုံ စွာရတီကျ မေ မာတာ စသည်မျိုး။
(၇) ဂါထာ - ဥုံ ဩောင်း မပါသော ရွတ်ဆိုမှုမျိုး ပရိတ်ကြီး-စသည်။
အင်းကန်းခြင်း ၇ ပါး
ပြင်ဆင်ရန်အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇- ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏။
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့် ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။
အင်းကျိုးခြင်း ၇ ပါး
ပြင်ဆင်ရန်အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီလေချွန်ခြင်း၊
(၃) လူးလည်း၍စီစဉ်ခြင်း၊
(၄) စီရင်မပြီးမီ ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမသားမီ အတွင်းမျဉ်းများကိုသားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။
အင်းချသူ အင်္ဂါ ၈ ပါး
ပြင်ဆင်ရန်ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည်ဟူ၏။
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒဝီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဉာဏ်ရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကိုမအောက်မေ့ မတွေးတောရခြင်း။
အင်းပေါက်ခြင်း ၇ ပါး
ပြင်ဆင်ရန်ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိဟူ၏၊
(၁) အင်းပေါက်ချင်းမထိစပ်ခြင်း၊
(၂) အင်းပေါင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချမမှန်ခြင်း၊
(၄) အင်းပေါင်နှင့် အင်းဆန်ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့်မကိုက်ခြင်း၊
(၆) အက္ခရာမပီသမမှန်ခြင်း၊
(၇) အင်းကွက်ချမညီခြင်း။
- မှတ်ချက်။ ။ အင်းကွက်ကို ဝက်ခေါင်းထိုးလျှင် ကိုက်နေရမည်ဟူ၏။
အင်း “နဝ”ဖို့တည်၊ အဝပြည်၊ ကိုးမည် အင်းတို့ အဘယ်နည်း
ပြင်ဆင်ရန်သဘင်ဝန်ဦးသော်မေး၍ တောင်ဖီလာဆရာတော်ဖြေမှတ်တမ်း ကဗျာနှင့် အင်းဝမြို့ဓာတ်ပေါင်းမ ဉ္ဇူဘုရား ကျောက်စာတော် တို့မှ ထုတ်ယူဖြေကြားလိုက်သည်။ ထိုမြို့ကို သက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားက အောက်ပါအင်းများကိုဖြည့်ဖို့ တည်ထောင်သည်ဟူ၏၊
(အင်းနဝ အင်းဝ၊ ယခုသော် အဝ) ခေါ်ကြ သည်။
(၁) ရွှေကြာပင်အင်း၊ (၂) ဇနီးအင်း၊ (၃) ညောင်စောက်အင်း၊ (၄) ဝက်ချေးအင်း၊ (၅) အုန္နဲအင်း၊ (၆) အင်းမ အင်း၊ (၇) လင်းစံအင်း၊ (၈) ဘေးမဲ့အင်း၊ (၉) ဝမ်းဘဲအင်း။
ရည်ညွှန်းကိုးကား
ပြင်ဆင်ရန်- သုတေသန သရုပ်ပြ အဘိဓာန် - ဖျာပုံတိုက်သစ်ဆရာတော်