အကယ်ဒမီငြိမ်းငြိမ်းအိ (ခေါ်)အဂ်လန်စိန်

အမည်ရင်းမှာ မကေသီဖြစ်ပြီး မိဘများ ကအဂ်လန်နိုင်ငံတွင်အလုပ်တာဝန်ဖြင့်နေထိုင်စဉ် ၁၉၆၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။အသက် ၆ နှစ်မြန်မာပြည်​ပြန် ရောက်ရာ ​ရပ်ကွက်တွင်းတန်ဆောင်တိုင်ပွဲတော်ကလေးအငြိမ့်ကပြတင်ဆက်ရာရပ်ကွက်လူကြီးများက အဂ်လန်တွင် မွေး၍ ”အဂ်လန်စိန်အငြိမ့်”ဟုအမည်ပေးရာမှ ငယ်စဉ်လှုပ်ရှားခဲ့သောအနုပညာလှုပ်ရှားမှုများ(ကခြင်း စတိတ်ရှိုးသီဆိုချင်းများ)၌ အဂ်လန်စိန် ဟူအမည်တွင်ခဲ့သည်။၁၉၇၇ ခုနှစ် မော်လမြိုင်ရုပ်ရှင် ထုပ်လုတ်ရေးမှ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ ဇာတ်ကား အတွက် ကလေးသရုပ်ဆောင်အလိုရှိသည်ဟုသတင်းစာတွင်ကြေညာရာ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိ၍ ​ငြိမ်း​ငြိမ်းအိအဖြစ်သရုပ်ဆောင်ခဲ့ရာမြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရရှိခဲ့သဖြင့်အကယ်ဒမီငြိမ်းငြိမ်းအိ ဟုအမည်တွင်ခဲ့ပြန်သည်။ကလေးသရုပ်ဆောင်အဖြစ်ရုပ်ရှင်ကားများရိုက်ရင်း အရွယ်ရောက်လာရာ ၁၉၈၁ ခုနှစ်တွင် စိုးစံတေးသံသွင်းမှထုပ်လုပ်သည့် ”စနိုးဝှိုက်” တေးစီးရီးဖြင့်အောင်မြင်မှုရရှိသဖြင့်တေးသံရှင်တစ်ယောက်အဖြစ်ပါအနုပညာလောကတွင်ရပ်တည်နိုင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်