အစာငြင်းစိတ်ဝေဒနာ သည် စားသောက်ပုံမူမမှန်သော စိတ်ဝေဒနာတမျိုး ဖြစ်ပြီး လက္ခဏာအနေဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ အစာစားရန် ငြင်းခြင်း၊ ကိုယ်အလေးချိန်တက်မည်ကို စိုးခြင်း၊ ပိန်စေရန် အလွန်အမင်းလိုလားခြင်း၊ ကိုယ်ခန္ဓာအား စိတ်တိုင်းမကျခြင်းတို့ ပါဝင်သည်။ [] အရိုးငြမ်းဖွဲ့ပုံပျက်ခြင်း၊ သန္ဓေမအောင်ခြင်း၊ နှလုံးထိခိုက်ခြင်းအပြင် အခြားရောဂါများဖြစ်အောင် ဖိတ်ခေါ်တတ်သော ရောဂါမျိုးတည်း။

ဤဝေဒနာရှိသူတို့မှာ အမြဲလိုလိုပင် ဆာလောင်စိတ်ဖြစ်နေသော်လည်း ထိုစိတ်ကို ထိန်းချုပ်ရသည်ကပင် အရသာတွေ့နေတတ်၏။ မိမိကိုယ်ကို အလွန်ဝသည် ထင်သော်လည်း တကယ်တမ်းမူ အလေးမပြည့်။ [] သို့သော် အလေးမပြည့်ခြင်းကို လက်မခံဘဲ လက်ရှိအနေအထားမှာ ကျင့်သုံးနေသော အစာလျှော့မှုကြောင့်ဟု ယုံကြည်နေတတ်သည်။ [] အစာအနည်းငယ်သာ စားခြင်း၊ အချို့အစားအစာကိုသာ စားခြင်းတို့ ပြုသည်။ အလွန်အမင်းကျင့်သုံးသူတို့မှာ စားပြီးလျှင် လက်နှိုက်အန်သည်ပင် ပြုတတ်၏။ ဝမ်းနှုတ်ဆေး အမြဲစားကာ ပိန်စေရန် အားထုတ်သည်များလည်း ရှိသည်။ အမျိုးသမီးတို့တွင် ရာသီအလာ ရပ်သည်ပင် ဖြစ်တတ်၏။ အလွန်ဆိုးဝါးသော ဖြစ်စဉ်တို့တွင် ဝေဒနာရှင်သည် နေ့စဉ်စားရမည်ကိုပင် မစားတော့ဘဲ စိတ်ရောဂါကုဆရာဝန်၏ လမ်းညွှန်ချက်ကို လျစ်လျူရှုလေသည်။ ထိုအခါမျိုးတွင် လူနာရှင်တို့၏ခွင့်ပြုချက်ဖြင့် အစာပိုက်သွင်းရတော့သည်။ []

အစာငြင်းစိတ်ဝေဒနာဖြစ်ရခြင်းအကြောင်းခံကို မသိရသေး။ ယဉ်ကျေးမှုဆိုင်ရာလက်ခံချက်များသည်ပင် အဓိကကဏ္ဍအဖြစ်သည်။ ဝေဒနာရှင်အချို့မှာ ပိန်ခြင်းကို ရောဂါများခြင်းထက် တန်ဖိုးထားသည့် လူ့အသိုင်းအဝိုင်းတို့ကြောင့်တည်း။ မြန်မြန်လျင်လျင်လုပ်ရန်လိုသည့် ကစားခုန်စားနေရာများ၊ ပျောင်းပျောင်းပျော့ပျော့ဖြစ်သင့်သော အကအလှနေရာများတွင် အတွေ့များ၏။ []

  1. "What are Eating Disorders?". NIMH. Archived from the original on 23 May 2015.
  2. Attia E (2010). "Anorexia nervosa: current status and future directions". Annual Review of Medicine. 61 (1): 425–35.
  3. Diagnostic and statistical manual of mental disorders : DSM-5 (5 ed.). Washington: American Psychiatric Publishing. 2013. pp. 338–345.
  4. "Force-Feeding of Anorexic Patients and the Right to Die Archived 23 November 2020 at the Wayback Machine." (PDF).
  5. Arcelus J, Witcomb GL, Mitchell A (March 2014). "Prevalence of eating disorders amongst dancers: a systemic review and meta-analysis". European Eating Disorders Review. 22 (2): 92–101.