အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) သည် သုခသိဒ္ဂိရပ်ကွက် ၊ ဇမ္ဗူသီရိမြို့နယ် ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းတွင် တည်ရှိသော အစိုးရနည်းပညာအထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။ အကျယ်အဝန်းမှာဧရိယာ(၄.၅)ဧကခန့်ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ မေလ(၅) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤကျောင်း အဆောက်အဦနေရာသည် မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ရန်ရည်ရွယ် ဆောက်လုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) မှ လွဲပြောင်းလက်ခံခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။

သင်ကြားပေးလျက်ရှိသောအဓိကဘာသာရပ်များ ပြင်ဆင်ရန်

  • (က)အဆောက်အဦနည်းပညာသင်တန်း(Building Technology)
  • (ခ) လျှပ်စစ်နည်းပညာသင်တန်း(Electrical Technology)
  • (ဂ) အီလက်ထရောနစ်နည်းပညာသင်တန်း (Electronics Technology )
  • (ဃ) မော်တော်ယာဉ်နည်းပညာသင်တန်း (Auto Mechanics Technology))
  • (င) သုတနည်းပညာသင်တန်း (Information Technology)
  • (စ) စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း(Machining Technology)
  • (ဆ)ရေခဲသေတ္တာနှင့်လေအေးပေးစက်နည်းပညာသင်တန်း(Refrigeration and Air Conditioning Technology)

အစိုးရနည်းပညာအထက်တန်းကျောင်းကို အခြေခံပညာအလယ်တန်း(အဌမတန်း)အောင်မြင်ပြီးသူများတက်ရောက်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်