အစိုးရတစ်ခု၏ ပုံစံ သို့မဟုတ် နိုင်ငံတော်ကို အုပ်ချုပ်သည့် ပုံစံ ဟူသည် ပြည်ထောင်စုနိုင်ငံတော် တစ်ခု၏ အစိုးရ မှ ၎င်း၏ အာဏာကို လွှတ်တော်တွင်း နိုင်ငံရေးအကောင်အထည်ဖော်သူများ အပေါ် လွှမ်းခြုံနိုင်စေရန် ပြင်ဆင်ထားသည့် နိုင်ငံရေး ပြဋ္ဌာန်းချက် ပုံစံ ကိုရည်ညွှန်းပါသည်။ သံတူကြောင်းကွဲ အနေနှင့် “အုပ်ချုပ်မှုစနစ် ပုံစံ” နှင့် “အစိုးရ၏ စနစ်ပုံစံ” ဟုလည်းဆိုသည်။

လက်တွေ့အမြင် နှင့် အတွေးအခေါ် ပြဿနာများ ပြင်ဆင်ရန်

အပေါ်ယံအားဖြင့် အစိုးရတစ်ခု၏ ပုံစံကို သတ်မှတ်ပြောဆိုရန်မှာ လွယ်မည်ဟုထင်ရပါသည်။ အမေရိကန်ပြည်ထောင်စု သည် ဗဟိုအစိုးရ နှင့် သီးခြားပြည်နယ်အစိုးရတို့ခွဲခြားထားသောသမ္မတစနစ် ဖြင့် အုပ်ချုပ်သည်၊ ယခင် ဆိုဗီယက်ပြည်ထောင်စုမှာ အကြွင်းမဲ့အာဏာရှင်စနစ်ကျင့်သုံးသောနိုင်ငံ ဖြစ်သည်ဟူ၍ အများစုမှ ပြောဆိုပေလိမ့်မည်။ သို့သော် Kopstein (ကော့စတိန်း) နှင့် Lichbach (လစ်(ချ်)ဘတ်) တို့ဆိုသကဲ့သို့ပင် အစိုးရစနစ်တို့ကို အနက်ဖွင့်ဆိုခြင်းသည် ပရိယာယ်ကြွယ်လွန်းလှသည်။အစိုးရတစ်ခု၏ ပုံစံကို ဖွင့်ဆိုခြင်းသည် ထိုပုံစံတစ်ခုတွင် မရှိမဖြစ်ပါဝင်ရမည့် အချက်အလက်များကို ကြိုးစားရှာဖွေသတ်မှတ်ရသည့်အခါမျိုးတွင် အထူးပင် ပြဿနာရှုပ်ထွေးလှပါသည်။ ထိုတွင် အစိုးရတစ်ခု၏ ပုံစံကို အနက်ဖွင့်ဆိုနိုင်မှုနှင့် ထိုပုံစံ၏လိုအပ်သော ဝိသေသများကိုအနက်ဖွင့်ခြင်းတို့ ကြားတွင် ကွာဟချက်တို့ ပေါ်ပေါက်လာပေမည်။

ဥပမာအားဖြင့် ဒီမိုကရေစီ ၏ မရှိမဖြစ် ဝိသေသများကို အနက်ဖွင့်ရန်ကြိုးစားရာတွင် "ရွေးကောက်ပွဲများ" ကို ထည့်ပြောရမည်။ သို့သော် ယခင် ဆိုဗီယက်ပြည်ထောင်စု ၏ ပြည်သူလူထုနှင့် အမေရိကန်ပြည်ထောင်စု ၏ ပြည်သူလူထု နှစ်ရပ်လုံးမှာ သူတို့နှင့် သက်ဆိုင်သော ပြည်ထောင်စုအတွင်းမှ အမတ်လောင်းများကို ရုံး၊ဌာန များအတွက် ထောက်ခံ မဲပေးခဲ့ကြသည်သာဖြစ်သည်။ ထိုနှိုင်းယှဉ်ချက်၏ ပြဿနာရပ်မှာ အများစုအနေနှင့် သူတို့တွေးထင်ထားသော လက်တွေ့နှင့် ကိုက်ညီခြင်းမရှိသည့်အတွက် ယင်းကို ရင်ဆိုင် လက်ခံနိုင်လေ့မရှိခြင်း ဖြစ်ပါသည်။ ထိုသို့ အများစုမှ လက်မခံနိုင်ခြင်းကြောင့် ယခင် ဆိုဗီယက်ပြည်ထောင်စု အား အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ချင့်တွက်ခြင်း အတွေးအခေါ်တို့၏ အသုံးဝင်နိုင်စွမ်းမှာလည်း လျော့ပါးခဲ့ရသည်။

နိုင်ငံရေး သိပ္ပံတွင် နိုင်ငံရေး စနစ်ပုံစံတို့၏ ပုံစံခွဲခြားမှုများမှာ ထင်ရှားပေါ်လွင်ခြင်း မရှိသည့်အလျောက် အစိုးရ ပုံစံနှင့် လုပ်ငန်းစဉ်များ ၏ ပုံစံခွဲခြားမှုဗေဒ သို့မဟုတ် အမျိုးအစားခွဲခြားှုမှုဗေဒတို့ကို ဖန်တီးရန်မှာ ဟိုးရှေးယခင်ကပင် ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့သည်။၎င်းရည်မှန်းချက်မှာ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ ၏ နယ်ပယ်များဖြစ်သော နိုင်ငံရေးနှိုင်းယှဉ်မှု နှင့် အပြည်ပြည်ဆိုင်ရာဆက်နွယ်ခြင်း တို့တွင် အရေးပါလှသည်။

နည်းလမ်း ပြင်ဆင်ရန်

နည်းလမ်းတစ်ခုမှာ အုပ်ချုပ်မှုစနစ်တစ်ခုစီ အတွင်း တွေ့ရသော ဝိသေသတို့၏ သဘောသဘာဝတို့ကို ထပ်မံ အသေးစိတ် ရှင်းလင်းဖော်ပြရန်ပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့၏ ဥပမာတွင် နှစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်ဖြစ်ပြီး ထိုအုပ်ချုပ်ရေးစနစ် နှစ်ခု၏ အဓိကကျသည့် ခြားနားချက်မှာ ဆိုဗီယက်ပြည်ထောင်စုမှာ ကျန်ပါတီများကို တရားမဝင်ကြောင်း ကြေညာပြီး တစ်ပါတီစနစ် ကိုကျင့်သုံးခြင်းဖြစ်သည်။ နှိုင်းယှဉ်၍ပြောဆိုရလျှင် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးပါတီများအား မတားမြစ်မပိတ်ပင်ဘဲ လည်ပတ်စေပြီး နှစ်ပါတီစနစ် ကို ထိရောက်စွာ အသုံးပြုခဲ့သည်။ ထပ်လောင်းဆိုရလျှင် ဗြိတိန် ကဲ့သို့သော ဝက်မင်စတာဒီမိုကရေစီနိုင်ငံ အများစု သို့မဟုတ် ဗြိတိသျှဓနသဟာယနိုင်ငံစု တွင်းရှိ နိုင်ငံများ သည် အနည်းဆုံး ပါတီကြီး သုံးခု ပါဝင်သည့် စနစ်ကို သုံးကြသည်။

ကိုယ်စားပြုဒီမိုကရေစီ အဖြစ် ယေဘုယျမြင်တွေ့ရသောစနစ် (ဥပမာ ကနေဒါ၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စု) တို့တွင် ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲ ပုံစံမျိုးနှင့် ပေါ်ပေါက်လာသော ဖြောင့်မတ်သောဒီမိုကရေစီစနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြည့်စွက်ချက်အတွက် လိုအပ်သော လုပ်ငန်းစဉ်အများအပြား တို့အဖြစ် ပြုလုပ်ထားသော သက်သက်ပြုပြင်ထားသောဒီမိုကရေစီစနစ်တို့အကြား ကွာဟမှုမျိုးများကို တိုင်းတာရန် နည်းလမ်းများချမှတ်ထားသည့် စနစ်တို့ကိုလည်း တွေ့နိုင်သည်။

အခြားသော အရှုပ်အထွေးများမှာ နိုင်ငံရေးစနစ် အများအပြား သည် လူမှုစီးပွားရေးလှုပ်ရှားမှုများ အဖြစ်အခြေခံ၍ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုများအပြီးတွင် မိမိကိုယ်ကို အမည်မှည့်ခေါ်ထားသော သက်ဆိုင်ရာ ပါတီများ မှ အစိုးရထံသို့ သယ်ဆောင်လာခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုများမှ အာဏာနှင့် ၎င်းတို့ တွင်ရှိကောင်း ရှိနိုင်သော သီးခြား အစိုးရ ပုံစံနှင့် ချည်နှောင်မှုများသည် သူတို့ကိုယ်သူတို့ အစိုးရပုံစံမျိုးအဖြစ် ထင်မှတ်လာစေသည်။

မြေပုံ ပြင်ဆင်ရန်

မတ်လ ၂၀၁၁အရာ အစိုးရများ၏ ပုံစံများဖြင့် ကမ္ဘာ့နိုင်ငံများကို အရောင်ဖြင့်ပြသခြင်း

အပြာရောင် - သမ္မတစနစ်ဖြင့် အပြည့်အဝအုပ်ချုပ်ခြင်း။

အစိမ်းရောင်- သမ္မတစနစ်တွင် သမ္မတနှင့်အတူ ဝန်ကြီးချုပ်၏ ကဏ္ဍပါဝင်ခြင်း။

အဝါရောင် - သမ္မတစနစ် တဝက်စီပါဝင်သောအုပ်ချုပ်မှု။

လိမ္မော်ရောင်- ပါလီမန်စနစ်နှင့် အုပ်ချုပ်ခြင်း။

အနီရောင်- ပါလီမန်စနစ် အခြေခံဥပဒေဖြင့်ရေးဆွဲထားသောဘုရင်စနစ် ယင်းစနစ်တွင် ဥသျှောင်အနေနှင့် အမှန်တကယ် အာဏာကို ကိုယ်ပိုင်သုံးစွဲခြင်း မရှိပါ။

ပန်းရောင်- ပါလီမန်စနစ် အခြေခံဥပဒေဖြင့်ရေးဆွဲထားသောဘုရင်စနစ် ယင်းစနစ်တွင် ဥသျှောင်အနေနှင့် အမှန်တကယ် အာဏာကို ကိုယ်ပိုင်သုံးစွဲခြင်း ရှိသည် (အရည်အသွေးညံ့သော ပါလီမန်ရှိသဖြင့်သုံးသည်)။

ခရမ်းရောင်- သက်ဦးဆံပိုင်ဘုရင်စနစ်။

လိမ္မော်ရင့်ရောင်- တစ်ပါတီစနစ်နိုင်ငံတော်။

အစိမ်းရင့်ရောင်- စစ်အစိုးရအာဏာရှင်စနစ် (ဥပမာအားဖြင့် ထိုတိုင်းပြည်များတွင် တရားဝင်အဖြစ် သမ္မတအုပ်ချုပ်ရေးကဲ့သို့ အစိုးရအုပ်ချုပ်မှုပုံစံအောက်တွင် စာရင်းသွင်းထားလေ့ရှိသည်)။

မီးခိုးရောင်- အထက်ပါဖော်ပြထားသော စနစ်များမှ ကိုက်ညီမှုမရှိသော နိုင်ငံများ။