အစ္စလာမ် ကျင့်ဝတ်များ

(အစ္စလာမ့်စာရိတ္တ မှ ပြန်ညွှန်းထားသည်)

အစ္စလာမ့်ကျင့်ဝတ် ဟူသည် အစ္စလာမ်ဘောင်တွင်းမှ ကိုယ်ကျင့်တရား ဖြစ်သည်။ အစ္စလာမ့်ကျင့်ဝတ်တွင် အဓိကအပိုင်း(၃)ပိုင်းပါဝင်သည်။

  1. အလ္လာဟ်နှင့် ပတ်သက်ဆက်နွယ်မှု ….. အလ္လာဟ့်ရှေ့မှောက်တွင် မလွဲမသွေလုပ်ရမည့် အလုပ်များ။ ဥပမာ−   နမားဇ် ရိုဇာ နှင့် ဒိုအာတောင်းခြင်း
  2. သူတစ်ပါးနှင့် ပတ်သက်ဆက်နွယ်မှု …..တစ်ဦးတစ်ယောက်၊ လူအများဖြင့် ပြောဆိုဆက်ဆံခြင်း။ ဥပမာ− မိသားစု၊ အပေါင်းအသင်းများဖြင့် ပြုမူဆက်ဆံပုံ။ အစ္စလာမ့်ကျင့်ဝတ်ဟူသည် အများအားဖြင့် ဤအပိုင်းမှဖြစ်သည်။
  3. မိမိကိုယ်တိုင်နှင့် ပတ်သက်ဆက်နွယ်မှု …..မိမိကိုယ်တိုင် ပြုကျင့်မည့် ကိစ္စများ။ ဥပမာ− မနာလိုြခင်း(ဝန်တိုြခင်း) မည်သို့မည်ပုံအစာစားခြင်း။

အစ္စလာမ့်ကျင့်ဝတ်ဟူသည် ၊ သန့်ရှင်းစင်ကြယ်ခြင်း ၊ အဟ်ကာမ် နှင့်ထိုကဲ့သို့သော အခြားကိစ္စများလည်း ပါဝင်သည်။

စာရိတ္တဆိုင်ရာ ဂုဏ်ပုဒ်အားလုံးသည် အစ္စလာမ်တွင် အလွန်အရေးပါသည်မှာ တမန်တော်မြတ်(ဆွ) မိန့်သကဲ့သို့ ဖြစ်သည်။" ငါသည် ထူးကဲမြင့်မြတ်သော စာရိတ္တကို ဖော်ဆောင်ရန်အတွက်သာ ရွေးချယ်စေလွှတ်ခံရခြင်းဖြစ်သည်။"

ကုရ်အာန်ရှိစာရိတ္တဆိုင်ရာ ဂုဏ်မြင့်များ

ပြင်ဆင်ရန်

 ကုရ်အာန်ကျမ်းရှိ ကောင်းသော ဆိုးသော ဂုဏ်ပုဒ်များကိုလေ့လာနိုင်ရန် မလွဲမသွေ တမန်တော်များ အကြောင်းကို လေ့လာရမည်။ ကောင်းဂုဏ် များကိုလေ့လာရန် ၎င်းနှင့်ပတ်သက်ရာ ဆန့်ကျင်ဖက်  ဆိုးဂုဏ်  များကိုလည်းသိထားရမည်။ သို့မှသာ ၎င်းဂုဏ်ပုဒ်များ  အားသာချက် နှင့် အားနည်းချက်များ ပိုသိနိုင်မည်။   ကုရ်အာန်ကျမ်းတွင် ကောင်းဂုဏ် ဆိုးဂုဏ်တို့ကို (၂၉)မျိုးစီ ဖော်ပြထားသည်။[]

၁-မာနထောင်လွှားခြင်း နှင့် ရိုကျိုးခြင်း

မာနကြီးခြင်းဟူသည် လူသားသည် မိမိကိုယ်ကို သူတစ်ပါးထက် သာသည်ဟု သတ်မှတ်ခြင်း ဖြစ်ပြီး ထိုနှင့်ဆန့်ကျင်ဖက်မှာ နိမ့်ကျခြင်း  (တနည်း) မိမိဂုဏ်ပုဒ်ညှိုးနွမ်းအောင် မည်သည့်အလုပ်ကိုမဆို လုပ်ခြင်း။ နှစ်မျိုးစလုံးသည် နိမ့်ကျမှုဖြစ်သည်။ မျှတသောလမ်းစဉ်မှာ ရိုကျိုးခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချခြင်း ဖြစ်သည်။

၂-လောဘ နှင့် ရောင့်ရဲတင်းတိမ်ခြင်း

လောဘ ဟူသည် လောကီ၏ ဥစ္စာဓနများပေါ်တွင် ရှုံးနိမ့်သည်ထိ တစ်စုံတစ်ရာကို လွန်ကဲစွာ မက်မောဖက်တွယ်မှုဖြစ်သည်။ ၎င်းနှင့် ဆန့်ကျင်ဖက်မှာ ပျင်းရိခြင်း(တနည်း) လောကီနှင့် အဆက်ဖြတ်ပြီး သူဖုန်းစားအသွင်နေထိုင်ခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသောလမ်းစဉ်မှာ ရောင့်ရဲတင်းတိမ်ခြင်း ဆိုလိုရင်းမှာ လောကီနှင့် သဟဇာတဖြစ်အောင်နေထိုင်ခြင်း ဖြစ်သည်။[]

၃-လောကီကိုဖက်တွယ်ခြင်း-အဆက်ဖြတ်ခြင်း-ဟန်ချက်ညီနေခြင်း

လောကီကိုဖက်တွယ်ခြင်းသည် လောဘအခြေခံသော နိမ့်ကျမှုဖြစ်သည်။ လောကီကို ရွံမုန်းခြင်းသည်လည်း နိမ့်ကျမှုဖြစ်သည်။ အကြောင်းမှာ လောကီသည် လောကုတ္တရာအတွက် စာမေးပွဲခန်းဖြစ်သည်။ ၎င်းနှစ်ခု၏မျှတသော လမ်းစဉ်မှာ လောကီနှင့် ဟန်ချက်ညီနေထိုင်ခြင်းဖြစ်သည်။

၄-မနာလိုခြင်း- သူတစ်ပါးအကျိုးလိုလားခြင်း

သူတစ်ပါးထံမှ နေ့အ်မသ်များ လျော့စေလိုခြင်းကို မနာလိုခြင်းဟုခေါ် သည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ သူတစ်ပါးအပေါ် နေ့အ်မသ်များ ပိုတိုး ပွားလာစေရန် ဆန္ဒရှိပြီး သူတစ်ပါးအကျိုးလိုလားခြင်းဖြစ်သည်။

၅-ဘဝင်- ရိုကျိုးခြင်း- နှိမ့်ချခြင်း

ဘဝင်ဟူသည် ရှိုင်သွာန်အား အလ္လာဟ့်ထံပါးမှ မောင်းထုတ်စေခဲ့သည့် မိမိကိုယ်ကို လှည့်ဖြားပြီး သူတစ်ပါးထက်သာလွန်သည်ဟု သတ်မှတ်ခဲ့သော မာန်မာနပင်ဖြစ်သည်။ ၎င်းနှင့် ဆန့်ကျင်ဖက်မှာ လူသားသည် မိမိကိုယ်ကို အကြောင်းမဲ့ နှိမ့်ချခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသော လမ်းစဉ်မှာ ရိုကျိုးခြင်းဖြစ်သည်။

၆- မျှော်လင့်ချက်ကြီးခြင်း- မျှော်လင့်ခြင်း- မျှော်လင့်ချက်မဲ့ခြင်း

မျှော်လင့်ချက်ကြီးခြင်းဟူသည် ရုပ်ပိုင်းဆိုင်ရာကိစ္စများ၌ ဝေးကွာရှည်လျားသော မျှော်လင့်ချက်များထားခြင်းဖြစ်သည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ မျှော်လင့်ချက်မဲ့ခြင်း အထူးသဖြင့် အလ္လာဟ် ၏မေတ္တာ/ကရုနာကို မျှော်လင့်ချက်မဲ့ခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသော လမ်းစဉ်မှာ လူသားကိုတိုးတက်စေသော မျှော်လင့်ချက်ရှိခြင်းဖြစ်သည်။ သို့သော် နာမ်ပိုင်းဆိုင်ရာကိစ္စများတွင် ရှည်လျားသော မျှော်လင့်ချက်များထားခြင်းသည် သင့်လျော်ပါသည်။

၇-အစဲွအလမ်း- အမှန်တရားရှေ့နာခံခြင်း- မျက်ကန်းနောက်လိုက်

အစွဲအလမ်းဟူသည် အမှန်တရားပပျောက်စေသော ယုတ္တိမတန်သည့် အရာတစ်ခုကို ခေါင်းမာစွာ ဆုပ်ကိုင်ထားခြင်းကိုခေါ်သည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ တစ်ဦးတစ်ယောက်နောက်သို့ အသိမဲ့စွာ မျက်စိမှိတ်၍ လိုက်ခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသော လမ်းစဉ်မှာ အမှန်တရားရှေ့မှောက်၌ နာခံပြီး မမှန်ကန်မှုကို လက်မခံခြင်းဖြစ်သည်။

၈-သရဲဘောကြောင်ခြင်း- ရဲစွမ်းသတ္တိ- မိုက်ရူးရဲဆန်ခြင်း

ထင်မြင်ယူဆထားသော ကိစ္စမှန်သမျှအား ကြောက်လန့်နေခြင်းကို သရဲဘောကြောင်ခြင်းဟုခေါ်သည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ မိုက်ရူးရဲဆန်ခြင်း(တနည်း)မည်သည့်အရာကိုမျှ မကြောက်ခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသောလမ်းစဉ်မှာ သင့်လျော်သော ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်သည်။

၉-ယုံမှတ်အပ်နှံခြင်း- ယုံကြည်မှုကင်းမဲ့ခြင်း

ယုံမှတ်အပ်နှံခြင်းဆိုသည်မှာ အလုပ်မှန်သမျှ ကိစ္စမှန်သမျှကို အလ္လာဟ်ထံလွှဲပြောင်း အပ်နှံခြင်း ဖြစ်ပြီး ထိုအရှင်၏ သနားကြင်နာမှုကို ယုံကြည်ကိုးစားခြင်းဖြစ်သည်။ ဤ အလုပ်သည် လူသား၏ အတတ်နိုင်းဆုံး ကြိုးစားမှုနှင့် ဆန့်ကျင်ဖက်မဟုတ်ပါ။ ၎င်း နှင့်ဆန့်ကျင်ဖက်မှာ ယုံကြည်မှုကင်းမဲ့ခြင်းဖြစ်သည်။ ယုံကြည်မှုကင်းမဲ့သူသည် မူးယစ် စေသောအရာမှန်သမျှကို ပတ်သက်ဆက်နွယ်တတ်လေသည်။

၁၀-တဏှာရာဂ- ဣန္ဒြေသိက္ခာ- ငြှိမ်းသတ်ခြင်း

တဏှာရာဂဟူသည် ရုပ်ပိုင်းဆိုင်ရာကိစ္စတစ်ခုကို အရူးအမူးစွဲလန်းသော လူသား၏ စိတ်ဆန္ဒဖြစ်ပြီး သီးခြားအဓိပ္ပာယ်မှာ လိင်ပိုင်းဆိုင်ရာတွင် အတိုင်းအတာမရှိခြင်းဖြစ်သည်။ ၎င်း၏ဆန့်ကျင်ဖက်မှာ စိတ်ဆန္ဒကို ငြှိမ်းသတ်ခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသောလမ်းစဉ်မှာ ဣန္ဒြေသိက္ခာဟူသောမိမိကိုယ်ကိုထိမ်းသိန်းခြင်းဖြစ်သည်။

၁၁-မိန်းမောခြင်း- နိုးကြား/သတိရှိခြင်း

မိန်းမောမှုသည် အခြေအနေနှင့် အချိန်အခါကို နားမလည်သောကြောင့် အလွန်တိုတောင်းသောကာလအတွင်း လူသား၏ တည်ရှိမှုကို ပြာမှုန်အဖြစ် ပြောင်းလဲသွားစေနိုင်သည်။ ၎င်း၏ဆန့်ကျင်ဖက်မှာ နိုးကြား/သတိရှိခြင်းဖြစ်သည်။

၁၂-တွန့်တိုခြင်း- ရောင့်ရဲတင်းတိမ်ခြင်း- ဖြုန်းတီးခြင်း

တွန့်တိုခြင်းဟူသော ဂုဏ်ပုဒ်ကြောင့် လူသားသည် မိမိပိုင်ဆိုင်မှုမှ သူတစ်ပါးအား ပေးကမ်းစွန့်ကျဲလိုစိတ် ပျောက်ကင်းပြီး ကပ်စေးနဲစေသည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ အတိုင်းအတာမဲ့ ပေးကမ်းခြင်း (သို့) ဖြုန်းတီးခြင်းဖြစ်သည်။ ၎င်းနှစ်ခု၏ မျှတသော လမ်းစဉ်မှာ ပေးကမ်းစွန့်ကျဲလိုစိတ်ရှိပြီး ရောင့်ရဲတင်းတိမ်ခြင်းဖြစ်သည်။ 

၁၃-အလျင်လိုခြင်း-အချိန်ဆွဲခြင်း-သီးခံစိတ်ရှည်ခြင်း

အလျင်လိုခြင်းဟူသည် အလုပ်တစ်ခုကို ကြိုတင်ပြင်ဆင်မှုများ မဖြစ်မီ ပြုလုပ်လိုခြင်း ဖြစ်ပြီး ဥပမာ အသီးမမှည့်မီ ခူးစွတ်လိုခြင်းဖြစ်သည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ အချိန် ဆွဲခြင်းနှင့် အချိန်နှင့် အင်အားကုန်ဆုံးခြင်းဖြစ်ပြီး ဤဂုဏ်ပုဒ်နှစ်ခုလုံးသည် နိမ့်ကျ သော ဂုဏ်ပုဒ်များဖြစ်သည့်အပြင် မျှတသောလမ်းစဉ်မှာ အလွန်ကောင်းမွန်သင့်လျော် သော သီးခံစိတ်ရှည်ခြင်းဖြစ်သည်။

၁၄-အရိုက်အရာ/နေရာမက်ခြင်း-မိမိကိုယ်ကိုချိုးနှိမ်ခြင်း

နေရာမက်ခြင်း (သို့) အရိုက်အရာမက်ခြင်းသည် သူတစ်ပါးကို ရိုကျိုးရန်လိုအပ်ပြီး ၎င်း နှင့်ဆန့်ကျင်ဖက်မှာ နှစ်လိုဖွယ်ကောင်းသော မိမိကိုယ်ကို ချိုးနှိမ်ခြင်းဖြစ်သည်။

၁၅-ခေါင်းမာခြင်း -အမှန်တရားကိုလက်ခံခြင်း

ခေါင်းမာခြင်းသည် မမှန်ကန်သော ကိစ္စအပေါ် အကြောင်းပြချက်မျိုးစုံ ပေးသော ဘနီအစ္စရာအီလ်လူမျိုးများကဲ့သို့ အစွဲအလမ်းကြီးစွာ လက်ခံခြင်းဖြစ်ပြီး နိမ့်ကျသော ဂုဏ်ပုဒ်ဖြစ်သည့်အပြင် ဆန့်ကျင်ဖက်အနေဖြင့် မှန်ကန်သော ကိစ္စအပေါ် တစိုက်မတ် မတ် လက်ခံကျင့်သုံးသော မယိုင်မနဲ့ရပ်တည်ခြင်းက ပိုကောင်းသည်။

၁၆-ကျေးဇူးသိတတ်ခြင်း– ကျေးဇူးကန်းခြင်း

ပေးသနားမှုအပေါ်ကျေးဇူးကန်းခြင်းဟူသည် ပေးသနားမှုတန်ဖိုးကို ဖုံးကွယ်ခြင်း (သို့) မသိနားမလည်ခြင်းဖြစ်ပြီး ကျေးဇူးတင်ခြင်းဟူသည် ပေးသနားမှုတန်ဖိုးကို သိနားလည်ပြီးနောက် နှလုံးသား၊ နှုတ်လျှာနှင့် လှုပ်ရှားမှုတို့ဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်သည်။ ကျေးဇူးသိတတ်ခြင်းသည် ပေးသနားမှုများကို တိုးပွားစေသော်လည်း ကျေးဇူးကန်း ခြင်းသည် ပေးသနားမှုများကို ရပ်တန့်ပျောက်ကွယ်စေသည်။

၁၇-အတင်းပြောခြင်း-သတင်းပြောခြင်း

အတင်းပြောခြင်းဟူသည် လူသားသည် တစ်ဦးတစ်ယောက်နောက် ကွယ်တွင် ထိုသူ၏ လျှို့ဝှက်သော အားနည်းချက်များကို ထုတ်ဖော်ခြင်းဖြစ်ပြီး ၎င်းနှင့်ဆန့်ကျင်ဖက်မှာ တစ်ဦးတစ်ယောက်၏ နောက် ကွယ်တွင် ၎င်း၏ ကောင်းသတင်းများပြောခြင်းဖြစ်သည်။ ကွယ်ရာ တွင် အတင်းပြောခြင်းဖြင့် ယုံကြည်မှုကင်းမဲ့ခြင်း၊ အထင်လွဲခြင်း၊ ပြစားခြင်း နှင့် ကလဲ့စားချေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

၁၈-စိတ်ထားကောင်းခြင်း-စိတ်ထားညံ့ခြင်း

စိတ်ထားကောင်းခြင်းဟူသည် မျက်နှာပြေပြစ်ခြင်း၊ နူးညံ့ချိုသာသော စကားဆိုခြင်း၊ ပြုံးရွှင်စွာ ပြောဆိုဆက်ဆံခြင်း၊ ချစ်ခင်စိတ်ကိုအခြေခံသော စကားလုံးများသုံးခြင်းဖြစ် ပြီး ၎င်းနှင့်ဆန့်ကျင်ဖက်မှာ စိတ် ထားညံ့ခြင်းဖြစ်သည်။ စိတ်ထားကောင်းခြင်းကြောင့် ချစ်ခင်ခြင်း၊ စိတ်ချမ်းသာခြင်းနှင့် အခြေအနေတိုင်းကို တိုးတက်အောင်မြင်စေပြီး စိတ်ထားညံ့ခြင်းကြောင့် ဆန့်ကျင်ဖက်ရလဒ်များသာ ရလာနိုင်သည်။

၁၉-(အမာနသ်)ယုံမှတ်ခံရခြင်း-(ခယာနသ်)အလွဲသုံးစားလုပ်ခြင်း

အမာနသ်ဟူသည် တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှု ဥပမာ အများနှင့်ဆိုင်သော ငွေကြေး ဥစ္စာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပြီး ခယာနသ်ဟူသည် သူတစ်ပါး၏ ပိုင် ဆိုင်မှုများကို ဂရုမစိုက်ခြင်း (သို့) ပျက်စီးစေခြင်းဖြစ်သည်။ အမာနသ်သည် ယုံကြည်မှု ချစ်ခင်ရင်းနှီးမှုများကို ဖြစ်စေသော်လည်း ခယာနသ်သည် ဆန့်ကျင်ဖက်ရလဒ်များကို သာ ဖြစ်ပေါ်စေသည်။

၂၀-မှန်ကန်ခြင်း-လိမ်ညာခြင်း

မှန်ကန်ခြင်းသည် မှန်ကန်သောအပြောနှင့် ထပ်တူကျသဖြင့် အမာနသ်လည်းပါဝင်ပြီး လိမ်ညာခြင်းသည် ၎င်းနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ လိမ်ညာခြင်းသည် လူသားအား လူကြောက်၊ ပြစားသူ၊ ခေါင်းမာသူဖြစ်စေပြီး မှန်သောစကားဆိုခြင်း သူတစ်ပါး၏ ယုံကြည်မှုကို ရနိုင်ခြင်း မှန်ကန်ခြင်းတို့နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။

၂၁-ကတိတည်ခြင်း - ကတိဖျက်ခြင်း

ကတိတည်ခြင်းသည် လူမျိုးတိုင်းနှင့် သာသနာတိုင်းက လက်ခံထားသော မွေးရာပါဗီဇ များမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကတိဖျက်ခြင်းသည် မကောင်းသော အလုပ်ဖြစ်သည်။ ကတိဖျက်ခြင်းကြောင့် ယုံကြည်မှုကင်းမဲ့စေပြီး စည်းလုံးခြင်းကို ပျက်ပြယ်စေသည်။

၂၂-ယုတ္တိဗေဒဆန်ဆန်ဆွေးနွေးခြင်း-ငြင်းခုံခြင်း

ယုတ္တိဗေဒဆန်ဆန်ဆွေးနွေးခြင်းသည် အမှန်တရားကို ရှာဖွေရန်  အ ကောင်းဆုံးလမ်းဖြစ်ပြီး တယူသန်အစွဲအလမ်းပါသော ခေါင်းမာခြင်းပါသော ငြင်းခုံခြင်းသည် နောက်ကျန်ခဲ့ခြင်း၊ မုန်းတီးခြင်းနှင့် ကွဲကွာခြင်းကိုဖြစ်စေသည်။ ငြင်းခုံခြင်းကြောင့် လိမ်ညာခြင်း ရန်ငြိုးဖွဲ့မုန်းတီးခြင်းနှင့် အယောင်ဆောင်ခြင်းတို့ ဖြစ်လာစေသည်။

၂၃-စကားသယ်ခြင်း- ဖျန်ဖြေပေးခြင်း

သူတစ်ပါးရန်ဖြစ်နေလျှင် ကျန်သူများ၏ အဓိကတာဝန်မှာ ဖျန်ဖြေပေးခြင်းဖြစ်ပြီး အလွန်ကောင်းသောအလုပ်ဖြစ်သည်။ သို့သော် အချို့သည် ဤအလုပ်နှင့်ဆန့်ကျင်ဖက် (မီးလောင်ရာလေပင့်)လုပ်ကြသည်။ စကားသယ်ခြင်း ရန်တိုက်ခြင်း လုပ်ကြသည်။ ၎င်းအလုပ်ကြောင့် အသင်းကွဲခြင်း မကောင်းမြင်ခြင်းနှင့် မုန်းတိုးခြင်းတို့ ဖြစ်ပေါ်လာ မည်။

၂၄-အကောင်းမြင်ဝါဒ(သံသယ)-အဆိုးမြင်ဝါဒ(သံသယ)

အဆိုးမြင်ဝါဒ သူတစ်ပါးအလုပ်ကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် အကောင်းမြင်ဝါဒဖြစ်ပြီး ဆန့်ကျင်ဖက်အလုပ်ကို မကောင်းမြင်ဝါဒဟုခေါ်သည်။ မကောင်းမြင်ခြင်းကြောင့် ယုံကြည်မှုပျောက်ကွယ်ခြင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ခြင်းနှင့် ချစ်ခင်ရင်းနှီးသူ အချင်း ချင်း ကွဲကွာခြင်းတို့ ဖြစ်ပေါ်လာမည်။


  1. جلددوم وسوم اخلاق درقرآن دوره دوم پیام قرآن نوشته آیت‌الله مکارم شیرازی
  2. 120طه (حرص ادم)-85اعراف-24ص-96بقره-11جمعه-1همزه-128توبهو37نحل (فضیلت حرص معنوی)