အစ္စလာမ့်အခွန် ဟူသည် အစ္စလာမ့်ဥပဒေအရ ပေးဆောင်ရသော အခွန်အခများဖြစ်သည်။[၁] ၎င်းတို့မှာ "မြေခွန်ဆိုင်ရာ ဥပဒေအခြေအနေ"နှင့် "အခွန်ထမ်း၏ လူမှုရေး(သို့)ဘာသာရေးဆိုင်ရာအခြေအနေ" နှစ်မျိုးလုံးတွင်အခြေခံသည်။

အစ္စလာမ့်အခွန်များတွင် ပါဝင်သည်မှာ...

  • ဇကားသ် - အစ္စလာမ့်မဏ္ဏိုင်ငါးရပ် မှ တစ်ချက်ဖြစ်သည်။ မွစ္စလင်မ်ဆင်းရဲနွမ်းပါးသူများအတွက်လှူတန်းရန် ယေဘုယျ အားဖြင့်အခွန်အဖြစ် ၂.၅%ပေးရန် မွစ္စလင်မ်များအတွက်သာ စည်းကြပ်ပြဋ္ဌာန်းထားသည်။  ဤသည်အစ္စလာမ်နိုင်ငံ တော်ကကောက်ယူသောအခွန်ဖြစ်သည်။
  • ဂျိဇ်ယဟ် - တစ်ဦးချင်းဆိုင်ရာ နှစ်စဉ် အခွန်  သည် သမိုင်းအရအစ္စလာမ်နိုင်ငံများတွင် မွစ္စလင်မ်မဟုတ်သူအချို့ -ဇင်မ္မီး-(အစ္စလာမ်နိုင်ငံဥပဒေတွင်းထာဝရနေထိုင်သူများ) အတွက် သတ်မှတ်ထားပြီး ဆင်းရဲသားများ အမျိုးသမီးများ  ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် ကင်းလွတ် ခွင့်ပေးထား သည်။[၂][၃][၄] (ေအာက်တွင်ရှု)
  • ခရားဂျ် - အစတွင် မွစ္စလင်မ်မဟုတ်သူများအတွက်သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် မွစ္စလင်မ်များအတွက်လည်း သတ်မှတ်ခဲ့သည့် မြေခွန်ဖြစ်သည်။
  • အုရှ်ရ် - လယ်ယာမြေရိတ်သိမ်းခွန် ၁၀%၊ မိုးရေဖြင့်စိုက်သော လယ်ယာမြေတွင် ၁၀%နှင့် ရေသွင်းစိုက်သော လယ်ယာမြေတွင် ၅% ပေးဆောင်ရမည့် အခွန်များဖြစ်သည်။[၅] ထိုနည်းတူ မွစ္စလင်မ်များ မိမိတို့ထုတ်ကုန်များတွင် အခွန်ပေးစေရန်အတွက် နိုင်ငံခြားတင်သွင်းကုန်များအပေါ် အခွန် ၁၀% ပေးဆောင်ရန် စည်းကမ်းအဖြစ်အသုံးပြုသည်။[၆]ခလီဖဟ် Umar ibn al-Khattāb သည် အုရှ်ရ်စည်းကမ်းကို သတ်မှတ်သော ပထမဆုံး မွစ္စလင်မ်အာဏာရှင်ဖြစ်ခဲ့သည်။ [ကိုးကားချက်လိုသည်]

စီးပွားရေးပါမောက္ခMurat Çizakça၊၏ သုတေသနအရ ဇကားသ်၊ ဂျိဇ်ယဟ်နှင့် ခရားဂျ်တို့သာBuktasiraတွင် ဖော်ပြထားသည်။

Ushr ပြင်ဆင်ရန်

အုရှ်ရ်သည် အစ္စလာမ်အစောပိုင်းကာလများတွင် ရေလောင်းစိုက်ပျိုးသော လယ်ယာမြေထွက်ကုန်အတွက် ၅% (သို့)ဆည်ရေအသုံးပြုလယ်ယာမြေ ထွက်ကုန်အတွက် ၁၀%အခွန်သတ် မှတ်ထားသည်။ ခလီဖဟ် Umar ibn al-Khattāb သည် နယ် စပ်ဖြတ်ကျော်ကုန်သွယ်ခွန် ပါဝင်သည့် အုရှ်ရ်ကို ကျယ်ပြန့်စေရန်ပြုလုပ်သူဖြစ်သည်။ အုရှ်ရ်၏ အဓိပ္ပာယ်အစစ်အတိုင်း ဆယ်ပုံတစ်ပုံ အဖြစ် အစ္စလာမ်အုပ်ချုပ်ခံ နယ်မြေများဖြစ်သော စပိန်နှင့် မြောက်အာဖရိကအား အိန္ဒိယနှင့် အရှေ့တောင်အာရှမှတစ်ဆင့် ၁၈ရာစုတွင် အုပ်ချုပ်ကျင့်ကြံစေခဲ့သည်။ မွတ်စ္စလင်မ်မဟုတ်သူ ကုန်သည်များ၏ နယ်စပ်ဖြတ်ကျော်သွင်းကုန် (သို့) ထုတ်ကုန်များအတွက်သာ ၁၀%အခွန်အဖြစ် အစ္စလာမ်အစိုးရက ထိန်းချုပ်ခဲ့သည်။ ၎င်းစည်းကမ်းကို အစ္စလာမ့်အုပ်ချုပ်ရေးနယ်များတွင်ကုန်ရောင်းလိုသောမွတ်စ္စလင်မ် မဟုတ်သူ နိုင်ငံခြားသားကုန်သည်များနှင့် အစ္စလာမ့်အာဏာ စက်အောက်နေထိုင်သော မွတ်စ္စလင်မ်မဟုတ်သူ (ဇင်မ္မီး)များအတွက် အသုံးပြုခဲ့သည်။ အလယ်ခေတ် အိုမာန်နှင့် အိန္ဒိယနိုင်ငံအကြား သမိုင်းကြောင်းဆိုင်ရာ ကုန်သွယ်ရေးစာ ရွက်စာတမ်းများတွင် ကုန်သွယ်ဆိပ်ကမ်းသို့ ရောက်ရှိလာသော သင်္ဘောများပေးဆောင်ရသည့် အုရှ်ရ်အကြောင်းအရာကို လေ့ လာနိုင်သည်။ မွတ်စ္စလင်မဟုတ်သူကုန်သည်များမှတဆင့်ပြောင်းလဲ၍ မွတ်စ္စလင်များကို အခွန်ဆောင်စေခြင်းသည် အုရှ်ရ်အခွန်၏ အားနည်းချက်များကို ဖုံးကွယ်လိုသော အဓိကအကြောင်းအရင်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Böwering၊ Gerhard, ed. (2013)။ The Princeton Encyclopedia of Islamic Political Thought။ Princeton University Press။ p. 545။
  2. Abdel-Haleem၊ Muhammad (8 Sep 2010)။ Understanding the Qur'ān: Themes and Style။ I. B. Tauris & Co Ltd။ pp. 70, 79။ ISBN 978-1845117894
  3. Abou Al-Fadl 2002.
  4. Jizyah Archived 8 September 2015 at the Wayback Machine. The Oxford Dictionary of Islam (2010), Oxford University Press, Quote = Jizyah: Compensation. Poll tax levied on non-Muslims as a form of tribute and in exchange for an exemption from military service, based on Quran 9:29.
  5. Nasr၊ Seyyed Vali Reza (2001)။ Islamic Leviathan : Islam and the Making of State Power: Islam and the ...။ Oxford University Press။ p. 14411 September 2014 တွင် ပြန်စစ်ပြီး
  6. Fauzia၊ Amelia။ Faith and the State: A History of Islamic Philanthropy in Indonesia။ BRILL။ p. 7811 September 2014 တွင် ပြန်စစ်ပြီး