အစ္စလာမ်ဒဏ္ဍာရီ (အင်္ဂလိပ်: Islamic mythology) အစ္စလာမ်ဘာသာတရားနှင့် ကိုရမ်ကျမ်းစာ တို့နှင့် ဆက်နွယ်ပတ်သက်သော ဒဏ္ဍာရီအစုအဝေးတစ်ခုဖြစ်သည်။ အစ္စလာမ်ဘာသာသည် ဘာသာရေးဆိုင်ရာ ရိုးရာကျင့်ထုံးများ (သို့) ဒဏ္ဍာရီများထက် လူမှုအဖွဲ့အစည်း ပုံသဏ္ဌာန်နှင့် ဥပဒေသများနှင့် ပို၍ ဆက်နွှယ်သည်။[၁] ကမ္ဘာ့ဒဏ္ဍာရီများ အောက်စဖို့ မိတ်ဆွေအသင်းက ရိုးရာဇာတ်လမ်းပုံပြင်များစွာကို အစ္စလာမ်ဒဏ္ဍာရီအဖြစ် ခွဲခြားဖော်ပြသည်။[၁] ဤရိုးရာဇာတ်လမ်းများတွင် ဖန်တီးခြင်းဆိုင်ရာ ဒဏ္ဍာရီ၊ တမလွန်လောကနှင့်ပတ်သက်သည့် အယူအဆများပါဝင်၍ ဤအယူအဆများကိုပင် အစ္စလာမ်ဘာသာသည် အခြား အေဘရာဟမ်းဘာသာတရားများနှင့်အတူ မျှဝေသုံးစွဲကြသည်။ ထို့နောက် ထသ်ရှားသော အစ္စလာမ်ဇာတ်လမ်းပုံပြင်တစ်ပုဒ်မှာ 'ကာ့ဘာ' (Kaaba) ဇာတ်လမ်းဖြစ်၏။[၁]

တမန်တော်နှင့် ၎င်းအပေါင်းအသင်းများ မက္ကာသို့ ချီတက်ကြစဉ်။ Siyer-i Nebi ၏ သရုပ်ဖော်ပုံ။
မီရ၏ပုံ၊ ဆူလ်တန် မိုဟာမက်၏ သရုပ်ဖော်

အစ္စလာမ် တမန်တော် မိုဟာမက်၏ ရိုးရာ ဘဝဖြစ်စဉ်သည် အစ္စလာမ်အဆုံးအမတွင် အဓိကနေရာမှပါဝင်ကာ သဘာဝအရ သမိုင်းကြောင်းပိုဆန်သည်ဟု ယေဘူယျအားဖြင့် အသိအမှတ်ပြုကြသည်။ အစ္စလာမ်ဘာသာသည် ဂျူးဘာသာ နှင့် ခရစ်ယာန်ဘာသာတို့ထက် ဒဏ္ဍာရီအပေါ်တွင် မှီခိုမှု နည်းပါးသည်။[၁] သို့သော် ကျမ်းရင်းလာ ဇာတ်ဘမ်းများ၌ သဘာဝလွန် အဓိကဖြစ်ရပ်နှစ်ခုပါဝင်ရာ ၎င်းတို့မှာ : ကိုရမ်ကို ဘုရားရှင်က ထုတ်ဖော်ပြသခြင်း (revelation of the Quran) နှင့် အီစရ နှင့် မီရ (Isra and Mi'ra) — ဂျေရုစလင်သို့ ညခရီးစဉ် ထို့နောက် သတ္တမမြောက် ကောင်းကင်ဘုံသို့ တက်ရောက်သွားခြင်းတို့ ဖြစ်သည်။[၁] ထို့အပြင်လည်း အစ္စလာမ် ဘာသာရေးကျမ်းများတွင် သမ္မာကျမ်းလာ ဇာတ်ကောင်များနှင့်ပတ်သက်၍ များစွာသော ရာဇဝင်ဇာတ်လမ်းများပါဝင်သည်။ အသေးစိတ်အားဖြင့် ထိုအကြောင်းအရာများသည် ဂျူး၊ ခရစ်ယာန်များနှင့် သွေဖည်ကွာဝေး၏။[၁]

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ David Leeming (2005)။ "Islamic Mythology"The Oxford Companion to World Mythology။ Oxford University Press။ pp. 207–211။ ISBN 9780190288884