အစ္စလာမ်ဘာသာရှိ ဘုရားသခင်
အစ္စလာမ်ဘာသာတွင် ဘုရားသခင် (အာရပ်: الله, ရောမအက္ခရာ: Allāh) သည် ခွဲခြားမရနိုင်သည့် တစ်ဆူတည်းသော အနန္တတန်ခိုးရှင်ဖြစ်ပြီး စကြဝဠာကို အုပ်စိုးသည့် အသိဉာဏ်ရှင်ဖြစ်ကာ စကြဝဠာတွင်းရှိ အရာခပ်သိမ်းအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သည်။ အစ္စလာမ်ဘာသာတွင် ဘုရားသခင်သည် တစ်ဆူတည်းသော အရှင်မြတ် (tawḥīd ) ဖြစ်ပြီး[၁] ဂရုဏာရှင်နှင့် တန်ခိုးရှင် ဖြစ်သည်။[၂] အရှင်မြတ်သည် အစ္စလာမ် သာသနာကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သော့ချက်ဖြစ်သည်။
ဆွေဖှာသေ စဘူသီယာ
ပြင်ဆင်ရန်၎င်း၏ဆိုလိုရင်းမှာ အရှင်မြတ်၏ ဇာတိပကတိတွင်ရှိနေသည့် (သို့) အရှင်မြတ်၏ ဇာတိပကတိတော်နှင့် တစ်ခုတည်းတစ်ထပ်တည်းရှိနေသည့် ဂုဏ်ပုဒ်များကို ခေါ်ဆိုသည်။
ဇာသီး
ပြင်ဆင်ရန်အရှင်မြတ်၏ဇာတိတော်နှင့် သက်ဆိုင်သော ဂုဏ်ပုဒ်ဖြစ်ပြီး အိုင်းနေဇာသ်- အရှင်မြတ်၏မူလပကတိဇာတိတော် ဖြစ်သည်။ ဆွေဖှာသေ ဇာသီး ကို အဓိကကျသည့် ဆွေဖှာသ် လေးခု၌ စုစည်းတင်ပြနိုင်သည်။
- ဝါဟ်ဒါနီယသ် - အလ္လာဟ် အရှင်မြတ်သည်တစ်ပါးတည်းတည်ရှိပြီး အရှင်မြတ်နှင့်နှိုင်းဆတုပပြစရာဟူ၍အလျင်းမရှိ ပေါင်းစပ်ဖွဲ့စည်းထားသည့်အရာမျိုးလည်းမဟုတ်ပေ ၊ ထိုအဓိကဂုဏ်ပုဒ်အပေါ် အခြေခံသည့် အခြားသောဂုဏ်ပုဒ်များမှာ - အဟဒ် ၊ ဝါဟိဒ် ၊ မရှ်ဟူရ် ၊ မာအ်ရူဖှ် ၊ ဖှရ်ဒ် ၊ ကာဖှီ ၊ ဝသ်ရ် ၊ မောင်ဂျူးဒ် ၊ ဂါယသ် [၃]
- စဲရ်မဒီယသ် - အလ္လာဟ် အရှင်မြတ်သည် အဇလီ ၊ အဗဒီ - အဆုံးအစဟူသည်နှင့်ဘောင်ခတ်၍မရ အမြဲထာဝရတည်ရှိခဲ့သည် တည်ရှိနေလိမ့်မည် - ဖြစ်၏။ ၎င်းဂုဏ်ပုဒ်အပေါ်အခြေခံသည့်အခြားသောဂုဏ်ပုဒ်များမှာ - အာခဲရ် ၊ အောင်ဝလ် ၊ ဘာကီး ၊ ဟိုင်း ၊ ဒါအင်မ် ၊ စာဗစ်က် ၊ စဲရ်မဒ် ၊ ကဒီးမ် ၊ ကရီးဗ် ၊ ကာအင်မ် ၊ ကိုင်ယူးမ် ၊ မသီးန် ၊ မကီးန် ၊ ဟတ္က ၊ အဇလီ ၊ အဗဒီ ၊ ဝါဂျစ်ဘွလ်ဝိုဂျူးဒ်
- အာလင်မီယသ် - အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်အား တတ်သိနားလည်တော်မူသော အရှင်ဖြစ်တော်မူ၏ ၊ အရှင့်၏ပညာတော်သည် အချိန်တိုင်းနေရာတိုင်းကို လွှမ်းခြုံလျက် ရှိပြီး အကြွင်းမဲ့ သိမြင်တော်မူသောအရှင် ဖြစ်သည်။ ဤဂုဏ်တော်ကို အခြေခံသည့်အခြားသောဂုဏ်ပုဒ်များမှာ - ဘဆွီးရ် ၊ ဘာသွင်န် ၊ ဗွရ်ဟာန် ၊ ဂျမီးလ် ၊ ဟွတ်စ်န် ၊ ဟကီးမ် ၊ မိုဟီးသွ် ၊ ခဗီးရ် ၊ မွတ်ဒရစ်က် ၊ ဒလီးလ် ၊ ရာအ်(ယ) ၊ စဲရ်ဝဲရ် ၊ စာမေ့အ် ၊ စမီးအ် ၊ စနဒ် ၊ ရှာဟိဒ် ၊ ရှဟီးဒ် ၊ အာလင်မ် ၊ အလီးမ် ၊ အလ္လာမ် ၊ ဖှခ်ရ် ၊ နာသွစ်(က) ၊ နာဇီရ် ၊နူရ် ၊ ကာရှစ်ဖှ် ၊ ကာမိလ် ၊ ကန်ဇ် ၊ မို့အ်လင်န် ၊ အာရစ်ဖှ်
- ကာဒီရ်ရီယသ် - အရှင်မြတ်သည် အရာခပ်သိမ်းကိုစွမ်းဆောင်ရန် တတ်နိုင်သော အင်အားရှိတော်မူသောအရှင်ဖြစ်တော်မူ၏ ၊ ထိုဂုဏ်တော်မှအခြေခံသည့်အခြားသောဂုဏ်ပုဒ်များမှာ - اذخ-جبار-جلیل-محول-ذخز-رافع-رفیع-سریع-سال-سید-شدید-شریف-صادق-عده-عز-عزیز-معز-عظیم-علی-عالی-اعلی- فوق-عون-معین-مستعانغالب-غناء-غنی-مغنی-فاتح-فتاح-فالق-فارج-مفرج-فاتق-فائق-قادر-قدیر-مقنی-قاهر-قهار-ماجد-مجید-منیع-ناصر-نصیر-کبیر-متکبر-کثیر-واسع-موسع-مهیمن-مکین-مانع-مطلق-حق-فاصل-فارق-مفصل-قابض
ဖှေ့အ်လီ
ပြင်ဆင်ရန်အလ္လာဟ် အရှင်မြတ်၏လုပ်ရပ်များနှင့် ပတ်သက်သည့် ဂုဏ်တော်များဖြစ်ပြီး အရှင့်၏ ပညာနှင့် အင်အားတော်မှ ဖြစ်ပေါ်လာခြင်းဖြစ်၏။ အရှင်မြတ်၏ ဆွေဖှာသေဖှေ့အ်လ် ကို ဖော်ပြပါ အခြေခံဂုဏ်တော် ၄ ပါးတွင် ခြုံငုံ၍ တင်ပြနိုင်သည်။
- ခါလစ်ကီယသ် - အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်၏။ တည်ရှိမှုအရာအားလုံးကို အလ္လာဟ်ရည်ရွယ်တော်မူသည်နှင့် တစ်ပြိုင်နက် ဖန်ဆင်းပြီးဖြစ်သည်။ ဆိုလိုသည်မှာအရှင့်၏ အေရာဒါ နှင့် အရာခပ်သိမ်းတို့ ဖြစ်ပေါ်တည်ရှိလာပြီး အရှင်မြတ်၏ အေရာဒါ ဖြင့်သာ ရှင်သန်နေကြရ၏။ ဤဂုဏ်တော်မှအခြေခံသည့် အခြားဂုဏ်တော်များမှာ - ی-مبدء-مبدل-بارء-باعث-جاعل-محیی-خالق-خلاق-مسبب-مسخر-صانع-مصور-مضعف-معید-مغیر-فاطر-فاعل-فعال-فالق-مغنی-مقلب-ماهی-ممکن-ممیت-منشئ-منور-مکون-موسع-ماهد[၄]
- ရဗ်ဗာနီယသ် - အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို မွေးမြူထိန်းကျောင်းတော်မူသော အရှင်ဖြစ်တော်မူသည်။ စကြဝဠာကြီးသည် အရှင့်၏ ဂရုပြုထိန်းကျောင်းမှုမရှိဘဲ တစ်ခဏတစ်စက္ကန့်မျှ လည်ပတ်နေခြင်းမျိုး မရှိပေ။ ဤဂုဏ်တော်ကို အခြေခံသည့် အခြားဂုဏ်တော်များမှာ - ان-امین-مومن-انیس-مونس-مستانس-بر-بار-باسط-مبشر-مبین-مبین-تواب-مثیب-جابر-مجزل-جلیس-مجمل-مجیب-مجاب-جواد-جار-مجبر-حبیب-محبوب-محذر-داعی -مدعو-حفیظ-حافظ-حفی-حلیم-حامد-حمید-محمود-حنان-محیل-مخوف-خیر-مختار-مدبر-حرز-حاسب-حسیب-دافع-مدیل-دیان-ذارء-ذاکر-مذکور-رئوف-رب-مرتب-راتق-رجاء-راحم-رحیم-رحمان-ارحم-رازق-رزاق-راضی-رضی-مرضی-رضوان-مرغوب-مرغب-رفیق-رقیب-موهوب-مرتاح-مزین-ساتر-ستار-سلام-سامق-مسهل-شافی-شاکر-شکور-مشکور-صبور-صبار-صریخ-جبار-ضامن-طبیب-مطعم-طالب-مطلوب-مطور-عدل-عادل-عاصم-عصمت-عطوف-معطی-عفو-معافی-غافر-غفار-غفور-غفران-غیاث-مغیث-مطرح-مفرغ-مفضل-قابل-قبیل-قاسم-مقسم-مقسط-مقیت-مقیل-ملجا-ملقن-ملهم-ملی-منان-ممهل-منجی-منذر-منزل-منزل-منعم-منفس-منول-منیل-کریم-اکرم-مکرم-کالئ-ودود-موسع-ماصل-موصوف-وافی-وفی-وقی-واقی-واهب-وهاب
- ဟာကင်မီယသ် - အရာခပ်သိမ်းကုန်တို့သည် အရှင်မြတ်၏ အုပ်ချုပ်မှုစိုးစံမှုအောက်တွင် ရှိသည်။ အရှင်မြတ်သည် ဥပဒေ ပညတ်တော်များသတ်မှတ်သူ တရားစီရင်အုပ်ချုပ်ခြင်း၏ အဓိကအရင်းအမြစ်ဖြစ်သည်။ (ဆိုလိုသည်မှာ လိုအပ်သမျှ ပြဋ္ဌာန်းချက်များကို သတ်မှတ်ပြဋ္ဌာန်းသူ အုပ်ချုပ်သူအပေါင်း၏အုပ်ချုပ်သူ တရားသူကြီးအပေါင်းအား တရားစီရင်မည့်သူ စကြဝဠာကြီးတစ်ခုလုံးအား နရာမကြွင်း အုပ်ချုပ်လွှမ်းမိုးနိုင်သူ ဖြစ်သည်။) ၎င်းဂုဏ်တော်အား အခြေခံသည့် အခြားဂုဏ်တော်များမှာ - اله-امر-حاکم-دلیل-راشد-مرشد-رشید-راعی-مسئول-معبود-معقب-عماد-غایت-مقصود-قاضی-منی-ناهی-منتهی-ولی-والی-مولی-هادی-حکم
- မာလစ်ကီယသ် - ဖန်ဆင်းခံ အရာခပ်သိမ်းကို ပိုင်ဆိုင်တော်မူသောအရှင်မှာ အလ္လာဟ် အရှင်မြတ်သာတည်း။ အရှင်သည် မာလစ်ကေအလလ်အစ်သွလာ(က)- အကြွင်းမဲ့စိုးပိုင် ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်၏။ ထိုဂုဏ်
ပုဒ်ကို အခြေပြုသော အခြားသောဂုဏ်ပုဒ်များမှာ- جامع-سلطان-شافع-شفیع-صاحب-مالک-ملیک-ملک-مقدر-مقدم-کاسر-کفیل-وکیل တို့ဖြစ်သည်။[၅]
ဆွေဖှာသေစဲလ်ဗီယာ
ပြင်ဆင်ရန်( အရှင်မြတ်တွင် မရှိအပ်သော ဂုဏ်ပုဒ် များဖြစ်သည် ဥပမာ - အရှင်မြတ်သည်မဲရ်အီး မဟုတ်ပါ ၊ ဆိုလိုသည်မှာ အလ္လာဟ် အရှင်မြတ်ကို မျက်စေ့ဖြင့်မမြင်တွေ့နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မျက်စေ့ဖြင့် မြင်တွေ့ရန် အရာဝတ္ထုတစ်ခုခုဖြစ်ရတော့မည်။ အရာဝတ္ထုတစ်ခုခုဆိုပါက အရှင်မြတ်တွင်ရုပ်ခန္ဓာရှိရတော့မည်။ အရှင်မြတ်သည် ဂျစ္စမ် - ရုပ်ခန္ဓာနှင့်တည်ရှိခြင်းမျိုးမဟုတ်ပါ။)