အစ္စလာမ်မစ် ကိုင်ရို
အစ္စလာမ်မစ် ကိုင်ရို သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မြို့လယ်နေရာ၏ တစိတ်တဒေသဖြစ်ပြီး တံတိုင်းကာရံထားသော မြို့တော်ဟောင်း၏ ပတ်ဝန်းကျင်နှင့် ကိုင်ရိုရဲတိုက် ပတ်ဝန်းကျင်တို့ပါဝင်ကာ ရာပေါင်းများစွာသော ဗလီများ၊ သင်္ချိုင်းဂူများ၊ မဒရာဆာ့ ဟုခေါ်သော ကျောင်းများ၊ စံအိမ်များ ၊ ကာရာဗန်ဆီရိုင်းခေါ် လမ်းနံဘေး ညအိပ်ထမင်းဆိုင်များ နှင့် ခံတပ်များ ရှိပြီး အစ္စလာမ်မစ်ခေတ် အတွင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၁] ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့ပြီး " ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး အစ္စလာမ်မြို့တော်များထဲမှ တစ်ခု ဖြစ်ပြီး ဗလီများ၊ မဒရာဆာ့ များ၊ ရေချိုးခန်းများ နှင့် ရေပန်းများ ရှိသည့်မြို့ " နှင့် "အစ္စလာမ်ကမ္ဘာ၏ အဓိကနေရာသစ် တစ်ခုဖြစ်ပြီး ၁၄ ရာစုတွင် ရွှေရောင်ခေတ်သို့ ရောက်ရှိခဲ့သောမြို့" ဟု ရည်ညွှန်းဖော်ပြခဲ့သည်။[၂]
သမိုင်းဝင်ကိုင်ရို* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | အီဂျစ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i,v,vi |
ကိုးကား | ၈၉ |
ဒေသ** | အာရပ်နိုင်ငံများ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကိုးကား
ပြင်ဆင်ရန်- ↑ e.g. O'Neill, Zora et al. 2012. Lonely Planet: Egypt (11th edition).
- ↑ UNESCO, Decision Text, World Heritage Centre, retrieved 21 July 2017