အဇစ် ဇက်ခနို့
အဇစ် ဇာခနို့ (၁၉၆၁ ဘွား) သည် မော်ရိုကိုနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးဖြစ်ပြီး ၂၀၀၃ ခုမှစ၍ နိုင်ငံရေးလောကသို့ဝင်သည်။ အက္ကဝါလုပ်ငန်းစု၏ အမှုဆောင်ချုပ်ဖြစ်ပြီး ၂၀၀၇ ခုမှ ၂၀၂၁ ခုအထိ စိုက်ပျိုးရေးဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ [၁] ၂၀၂၁ ခု၊ စက်တင်ဘာလ ၁၀ ရက်တွင် ဝန်ကြီးချုပ် ဖြစ်လာ၏။ [၂]
ငယ်ဘဝနှင့်ပညာရေး
ပြင်ဆင်ရန်၁၉၈၆ ခုတွင် ရှားဘရွတ်တက္ကသိုလ် (Université de Sherbrooke) မှ စီမံခန့်ခွဲမှုပညာဖြင့် ဒီပလိုမာဘွဲ့ ရသည်။ [၃]
စီးပွားရေးခြေလှမ်း
ပြင်ဆင်ရန်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုင်းတွင် လုပ်ငန်းကြီးဖြစ်သော အက္ကဝါလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဖော်ဘီမဂ္ဂဇင်းက ၂၀၁၃ ခု၊ နိုဝင်ဘာလတွင် အက်ခနို့၌ ဒေါ်လာ ၁.၄ ဘီလီယံခန့် ကြွယ်ဝနိုင်ကြောင်း ခန့်မှန်းသည်။ [၄] အက်ခနို့သည် ဤလုပ်ငန်းကို ဖခင်ထံမှ အမွေဆက်ခံရခြင်း ဖြစ်၏။ ၂၀၂၀ ပြည့်တွင် ဖော်ဘီက အက်ခနို့တွင် အာဖရိက၏ အချမ်းသာဆုံး သန်းကြွယ်သူဌေးများစာရင်း၌ အဆင့် (၁၂) တွင် ထားသည်။ [၅]
နိုင်ငံရေးလောကသို့ ရောက်လာခြင်း
ပြင်ဆင်ရန်၂၀၀၃-၂၀၀၇ ကာလတွင် ဆုမက်ဆာ့ဒရာ (Souss-Massa-Drâa) ၏ ဒေသကောင်စီဥက္ကဋ္ဌအဖြစ် လုပ်သည်။ ထိုစဉ်က လွတ်လပ်သူတို့၏ပြည်လုံးကျွတ်ထောက်ခံမှုပါတီ (National Rally of Independents) တွင် ပါတီဝင် ဖြစ်၏။ နောက် ၂၀၂၁ ခု၊ ဇန်နဝါရီလ ၂ ရက်တွင် နုတ်ထွက်သည်။ [၆][၇]
လွတ်လပ်ရေးပါတီ (Independence Party) မှ ဝန်ကြီးများ နုတ်ထွက်ကြသည်နောက် ၂၀၁၃ ခု၊ ဩဂုတ်လ ၂၃ ရက်တွင် (၁၄) ယောက်မြောက် မိုဟာမက်ဘုရင်က အက်ခနို့ကို ကြားဖြတ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်ရာ အောက်တိုဘာလ ၉ ရက်ထိ လုပ်ရသည်။
၂၀၁၆ ခု၊ အောက်တိုဘာလ ၂၉ ရက်တွင် မိခင်ပါတီသို့ ပြန်ဝင်ပြီးနောက် ဥက္ကဋ္ဌနေရာကို လက်ခံရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဆလာဟာဒင် မဇွာ (Salaheddine Mezouar) က အရာမှ နုတ်ထွက်သောကြောင့်တည်း။ [၈]
၂၀၂၁ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၃၉၅ အတွက် ၁၀၂ နေရာရကာ သူ့ပါတီက နိုင်သည်။ စက်တင်ဘာလ ၁၀ ရက်တွင် ဘုရင် မိုဟာမက် (၁၄) က ဝန်ကြီးချုပ်အဖြစ် ခန့်၏။ အက်ခနို့အနေဖြင့် အစိုးရသစ်ဖွဲ့ကာ ဘုရင့်အမှုတော်ကို ပြေကုံအောင် ထမ်းဆောင်ရမည် ဖြစ်သည်။ [၉]
မိသားစုဘဝ
ပြင်ဆင်ရန်ဆယ်လဝါ အီဒရစ်ဆီ (Salwa Idrissi) နှင့် လက်ထပ်ထားသည်။ အီဒရစ်ဆီသည်လည်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ဈေးဝယ်စင်တာများ ပိုင်၏။
ကိုးကား
ပြင်ဆင်ရန်- ↑ "Parcours : Les success stories du souss". Archived from the original on 19 April 2010.
- ↑ "Le Roi Mohammed VI nomme Aziz Akhannouch chef du gouvernement". Medias24 (in French). 10 September 2021.
- ↑ Boum, Aomar; Park, Thomas K. (2016). Historical Dictionary of Morocco (3rd ed.). pp. 34–35. ISBN 9781442262966.
- ↑ "Aziz Akhannouch & family". Forbes. Archived from the original on 13 November 2013.
- ↑ "Africa's Richest Billionaires 2020". forbes.com.
- ↑ Saad-Alami, Youness (27 September 2011). "Agriculture solidaire: Le coup de pouce d'Akhannouch Entretien avec le ministre de l'Agriculture et de la Pêche maritime". L'Economiste.
- ↑ "Morocco: Gov't Advocates Comparative Advantages Benefiting Agricultural Countries in International Markets". allafrica.com. 9 September 2011.
- ↑ "Aziz Akhannouch Elected President of RNI". moroccoworldnews.com.
- ↑ "Mohammed VI nomme Aziz Akhannouch Chef de gouvernement". Telquel (in French).