အမှု-စကားတမျိုးဖြင့် စကားတမျိုးကို ဖုံးမှု။

အမှုသည်-အရှင်ဆန္န။


စကားတမျိုးဖြင့် ဖုံးကွယ်မှု ပြင်ဆင်ရန်

အရှင်ဆန္ဒ၏ မလျောက်ပတ်သော (အာပတ်သင့် စကားတမျိုးဖြင့် လောက်သော) အမှုကိုမြင်၍ သံဃာ့အလယ်၌ ဝိနည်းဓိုရ် ဖုံးကွယ်မှ ပုဂ္ဂိုလ်က အာပတ်ဖြင့် စစ်ဆေးအပ်သော်, “ကော အာပန္နော = ဘယ်သူ အာပတ်သင့်သလဲ”ဟု ဝိနည်းဓိုရ်ကို ပြန်၍မေး၏၊ “သင်အာပတ်သင့်တယ်”ဟုဆိုလျှင် “ကိံ အာပန္နော—အဘယ်အာပတ် သင့်သလဲ”ဟု ပြန်၍မေး၏၊ “ပါစိတ်အာပတ်, သို့မဟုတ် ဒုက္ကဋ် အာပတ်သင့်တယ်” ဟုဆိုလျှင် ဧကသ္မိံ အာပန္နော = အဘယ် အမှုကြောင့် သင့်သလဲ”ဟု ပြန်၍ မေး၏၊ “မည်သည့် အမှုကြောင့်သင့်သည်”ဟုဆိုပြန်လျှင် “ကထံ အာပန္နော = ဘယ်လို အခြင်းအရာဖြင့် (ဘယ်လို ပြုနေရင်း) သင့်သနည်း”ဟု ပြန်၍မေး၏၊ “မည်သည့် အမှုကို ပြုနေရင်းသင့်သည်ဟု ဆိုပြန်လျှင် “ကံ ဘဏထ = ဘယ်သူ့ကို ပြောနေကြတာလဲ”ဟု မေးပြန်၏။ သင့်ကို “သင့်ကို ပြောနေတာဘဲ”ဟုဆိုလျှင် “ဘာကို ပြောကြသလဲ”ဟု မေးပြန်၏၊ ဤသို့ စသည်ဖြင့် မပြီးမပြတ်နိုင်လောက်အောင် စကားတမျိုးဖြင့် စကား တမျိုးကို ကွယ်ကာနေမှုကြောင့် “အညဝါဒကေ ပါစိတ္တိယံ”ဟု ပညတ်တော် မူရလေသည်။ [၁]

သံဃာကိုညှဉ်းဆဲမှု ပြင်ဆင်ရန်

အရှင်ဆန္နသည် နောက်တကြိမ် မလျောက်ပတ်မှုကို ပြုခြင်းကြောင့် သံဃာ့အလယ်၌ အာပတ်ဖြင့် စစ်ဆေးအပ်ပြန်သော် ရှေးကလို စကားအမျိုးမျိုးပြော၍ ကွယ်ကာလျှင် အာပတ်သင့်မည် စိုးသောကြောင့် ဘာစကားမျှ ပြန်၍မပြောတော့ဘဲ တိတ်တိတ်နေလေသည်၊ ဝိနည်းဓိုရ်က အထပ်ထပ်မေးသော်လည်း ရှင်ဆန္နကား ဘာမျှပြန်၍ မပြောတော့၊ ထိုအခါ ရဟန်းများက ပြန်၍ မပြောဘဲ သံဃာကို ညှဉ်းဆဲရမလား” ဟု ကဲ့ရဲ့ကြသောကြောင့် “ဝိဟေသကေ ပါစိတ္တိယ” ဟု အနုပညတ်တပ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

အညဝါဒကေ ဝိဟေသကေ ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

မေးအပ်သောအကြောင်းမှ တပါးသော အကြောင်းကို ပြောဆိုတတ်သူ၏ အဖြစ်ကြောင့်၎င်း၊ သံဃာကို ညှဉ်းဆဲတတ်သူ၏ အဖြစ်ကြောင့်၎င်း ပါစိတ်အာပတ်သင့်၏။[၁]

မှတ်ချက် ပြင်ဆင်ရန်

အညဝါဒကအမှုကြောင့် ပါစိတ်တချက်, ဝိဟေသက အမှုကြောင့် ပါစိတ်တချက်သင့်၏။ ဤသို့ အညဝါဒက အပြုသူကို ရှေးဦးစွာ အညဝါဒကကံပြုရ၏၊ ထိုသို့ ကံပြုလျက် အညဝါဒကအမှုကို ပြုမြဲပြုနေမှ ပါစိတ်အာပတ်သင့်သည်၊ အညဝါဒကကံ မပြုရသေးခင် စကားတခုဖြင့် စကားတခုကို ကွယ်ကာနေမှုကြောင့်ကား ဒုက္ကဋ် အာပတ်သာသင့်၏။ [ဝိဟေသအမှု၌လည်း နည်းတူ။] [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး