အညို့ကို ဘယ်လိုပြောရပါ့ (ဝတ္ထု)

အညို့ကို ဘယ်လိုပြောရပါ့ သည် မြန်မာစာရေးဆရာ မောင်သင် ရေးသည့် မဂ္ဂဇင်းဝတ္ထုရှည် ဖြစ်သည်။ ၁၉၅၂ ခု၊ နိုဝင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်းတွင် ပါသည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ရွာတရွာရှိ ရန်ဘက်မိသားစု ၂ ခုတို့ အာဏာရှိသူ၊ လက်နက်ကိုင်တို့နှင့် ပေါင်းကာ အပြန်အလှန် နှိပ်စက်ကြပုံ၊ ထိုမိသားနှစ်ခုမှ ပေါက်ဖွားလာသော ချစ်သူတစုံတို့ မေတ္တာကြီးကြပုံ၊ ရောင်စုံသူပုန်တို့ ရပ်ရွာများကို ဖျက်ဆီးကြပုံတို့နှင့် ပုံဖော်ထားသည်။

ဇာတ်ကောင်များ ပြင်ဆင်ရန်

  • မောင်သင် - ဆေးကျောင်း၌ ပညာသင်၍ ဗမာ့တပ်မတော်သို့ ဝင်သူ
  • အညို (ခ) ညိုညို - မောင်သင်နောက် လိုက်ပြေးသူ
  • ဦးဘိုးဟန် - အညို၏ ဖခင်၊ ဂျပန်ခေတ် သူကြီး၊ ဦးဇင်၏ ရန်ဘက်
  • ဒေါ်မြကြီး - ဦးဘိုးဟန်၏ ဇနီး၊ အညို မိခင်
  • ဦးဇင် - မောင်သင်၏ ဖခင်၊ အင်္ဂလိပ်ခေတ် သူကြီး၊ ဦးဘိုးဟန်၏ ရန်ဘက်
  • ဒေါ်သီလ - ဦးဇင်၏ ဇနီး၊ မောင်သင်၏ မိခင်

ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်း ပြင်ဆင်ရန်

၁၉၆၉ တွင် ရုပ်ရှင်ရိုက်ပြီး စာရေးသူ မောင်သင်ကိုယ်တိုင် မင်းသားအဖြစ် ပါဝင်သည်။