အမှု—တိုင်းတစ်ပါးဝယ် ရွံရှာဖွယ်ဟု သမုတ်အပ်၍ ဘေးရန် လည်းရှိသော အရပ်၌ အဖော်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာ။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ထိုသို့ သွားလာသူတို့ကို သေသောက်ကြူးတို့က ဖျက်ဆီးလိုက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ တိရောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ, ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

မိမိနေရာ တိုင်းပြည်မှတစ်ပါး အခြားတိုင်းပြည်ဝယ် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော အမှန်လည်း ဘေးရန်ရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး