[၁] သုတ်ပေါင်း ၂၈-သုတ်။

ဤအဋ္ဌာနပါဠိ၌-ဝဂ်ပေါင်း ၃-ဝဂ် ပါရှိပါသည်။ ပထမဝဂ်၌ သုတ်ပေါင်း ၁၀သုတ်၊ ဒုတိယဝဂ်၌ ၉-သုတ်၊ တတိယဝဂ်၌ ၉-သုတ် တို့ပါရှိပါလေသည်။

ပထမဝဂ်၌ -သောတာပန် အရိယာသာဝက၏ မဖြစ်နိုင်သော အကြောင်းအရာများနှင့် ပုထုဇဉ်အတွက် ဖြစ်နိုင်သော အကြောင်းအရာများကို သုက္ကပက္ခ, ကဏှပက္ခ တစ်စုံစီ ဟောတော်မူပါသည်။

ဒုတိယဝဂ်၌ -လောကဓာတ် (ဇာတိခေတ်) တစ်ခု၌ သဗ္ဗညုဘုရားရှင် တစ်ဆူ သာပွင့်ပုံ၊ စကြာမင်း တစ်ဦးသာဖြစ်နိုင်ပုံထုံးစံနှင့် အမျိုးသမီးဘဝဖြင့် မရနိုင်သောဘဝများ၊ ဒုစရိုက် သုံးမျိုးကြောင့် ဣဋ္ဌ-ကန္တ-မနာပ အကျိုးဝိပါက်များ မဖြစ်နိုင်ပုံတို့ကို ဟောတော်မူပါသည်။

တတိယဝဂ်၌ -သုစရိုက် သုံးမျိုးကို ကျင့်သောပုဂ္ဂိုလ်များ အနိဋ္ဌ-အကန္တအမနာပ အကျိုးကို မခံစားရပုံ၊ အပါယ-ဒုဂ္ဂတိ-ဝိနိပါတနိရယတို့၌ မဖြစ်နိုင်ပုံ၊ ဒုစရိုက် သုံးမျိုးကို ပြုကျင့်သော ပုဂ္ဂိုလ်များ သုဂတိ သဂ္ဂလောက၌ မဖြစ်နိုင်ပုံတို့ကို ကဏှသုက္ကနှစ် ပက္ခစီ ခွဲ၍ ဟောကြားတော်မူပါသည်။ ။

အဋ္ဌကထာ၌ -ပထမဝဂ်-ရှေ့ပိုင်းသုံးသုတ်ဖြင့် ပုထုဇဉ်တို့ စွဲစွဲမြဲမြဲ ယူထားသော အတ္တဝါဒကို ဖြေရှင်း၍ ဟောပုံ၊ ပုထုဇဉ်နှင့်အရိယာပုဂ္ဂိုလ်တို့ ခြားနားချက်၊ ပုထုဇဉ် ဘဝ၏ အပြစ်ကြီးလေးပုံ၊ အရိယာသာဝကတို့ စွမ်းအားရှိပုံ၊ အာနန္ဒရိယ ကံများ၏အပြစ် ဝေဖန်ချက်၊ ယခုခေတ် စေတီများနှင့် ဗောဓိပင်တို့ကို ဖျက်ဆီးရာ၌ အကျိုးအပြစ်၊ သံဃဘေဒကကံ အပြစ်ကြီးပုံ၊ ဇာတိ, အာဏာ, ဝိသယခေတ်အကြောင်း၊ မရှေ့မနှောင်း (အပုဗ္ဗ အစရိယ) အဖွင့်၊ သဗ္ဗညုဘုရားရှင်နှင့် စကြာမင်းတို့ တစ်ဆူ တစ်ဦးတည်းသာ ပွင့်တော်မူခြင်း အကြောင်း၊ အမျိုးသမီးဘဝနှင့် ဣတ္ထိလိင်္ဂ အကြောင်း၊ အရှင်သောဏထေရ် (ဓမ္မကထိက)၏ ဖခင်ကြီးဝတ္ထုနှင့် သုစရိုက်နှင့် ဒုစရိုက်အကြောင်းတို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၂၈-၃၁။ အံ၊မြန်၊၁၊၃၇-၄၀။ အံ၊ဋ္ဌ၊၁၊၃၅၂-၃၆၅။ အံ၊ဋီ၊၁၊၂၁၁-၂၂၁။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ