အဋ္ဌာရသပညာ
လောကနီတိကျမ်း ဘာသာပြန်အရ၊ အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးသောအတတ်၏ အရုပ်အနက်သည် အောက်ပါအတိုင်းဖြစ်သည်။
- သုတိ - အကြားအမြင်အတတ်၊
- သမ္မုတိ - ဓမ္မသတ်အတတ်၊
- သင်္ချာ - ဂဏန်းအတတ်၊
- ယောဂါ - တံစည်း စူး ဆောက်အတတ်၊
- နီတိ - နီတိကျမ်းအတတ်၊
- ဝိသေသကာ - ယာယီယတြာ စသော ဗျာ ကရိုဏ်းအတတ်၊
- ဂန္ဓဗ္ဗာ - စောင်းည|င်းစသောကဗျာလင်္ကာ အတတ်၊
- ဂဏိကာ - လက်ပစ်အတတ်၊
- ဓနုဗ္ဗေဒါ - လေးအတတ်၊
- ပုရာဏာ - စကားဟောင်းအတတ်၊
- တိကိစ္ဆာ - ဆေးအတတ်၊
- ဣတိဟာသာ - ရယ်ရွှင်မှုအတတ်၊
- ဇောတိ - ဗေဒင်အတတ်၊
- မာယာ - လှည့်ပတ်တတ်သောအတတ်၊
- ဆန္ဒ - ဆန်းကျမ်းအတတ်၊
- ကေတု - သံတမန်အတတ်၊
- မန္တာ - မန္တန်အတတ်၊
- သဒ္ဒါ - သဒ္ဒါကျမ်းအတတ်၊
ယင်းတစ်ဆယ့်ရှစ်ပါးသောအတတ်၏ သရုပ်အနက်ကို သက္ကတအဘိဓာန်၊ မာဂဓအဘိဓာန်၊ ဟိန္ဒီကျမ်း စသည်တို့နှင့် အညီ ရေးသားလျှင် အောက်ပါအတိုင်း ဖြစ်သည်။
- ၁။ သုတိ (သက္ကတ-ဂြုတိ)-ဣရု၊ ယဇု၊ သာမ၊ အထဗ္ဗတည်း
ဟူသော ဗေဒကျမ်းကြီးလေးပုံအတတ်ကို ဆိုလိုသည်။ ဤသုတိ ဟူသောပါဠိစကားသည် ဂြုတိ(သျှရုတိဟုဖတ်)ဟူသော သက္ကတ စကားဖြစ်သည်။ ဝေဒသဒ္ဒါ၊ မန္တသဒ္ဒါ၊ သုတိသဒ္ဒါတို့သည် အဘိဓာနပ္ပဒီပိကာကျမ်းနှင့် အညီ ဗေဒအနက်ဟောပရိယာယ် များချည်းဖြစ်သည်။ ထိုကြောင့် သုတိသည် ဗေဒကျမ်းကြီး သုံးကျမ်း၊ လေးကျမ်း စသည်တို့၏ အတတ် ဖြစ်သည်။ ဣရု၊ ယဇု၊ သာမ၊ အထဗ္ဗဟူသော ဗေဒလေးပုံအတတ်ကို အဘယ် ကြောင့် သုတိ(ဂြုတိ) ခေါ်သနည်းဟူမူ ဟိန္ဒူဘာသာ၌ ဗြဟ္မာ သည် နိစ္စ-ထာဝရ အလိုအလျောက်ဖြစ်၍ အမြဲလောက၌ တည်ရှိသည်ဟူ၏။ ထိုဗြဟ္မာကြီးမှ ထွက်သက်လေကဲ့သို့ ထိုဗေဒအတတ်သည် ထွက်နေ၍ ထိုအတတ်သည်လည်း အမြဲ ထာဝရဖြစ်သည်ဟုဆိုလိုသည်။ ယင်းအတတ်သည် အသံတည်း ဟူသော သဒ္ဒနှင့် ဆက်စပ်သောကြောင့် ထိုသဒ္ဒလည်း နိစ္စ ထာဝရဖြစ်သည်ဟူ၏။ ထိုသဒ္ဒနှင့် ဆက်စပ်သော ဗေဒအတတ် ကို အသိဉာာဏ်ရသော ရသေ့တို့သည် ဗြဟ္မာကြီးထံမှ ဒိဗ္ဗ သောတအဘိဉာာဏ်၏ အစွမ်းဖြင့် တိုက်ရိုက်တပ်အပ်ကြားရ သောကြောင့် ထိုဗေဒအတတ်ကို သုတိ(ဂြုတိ) ဟုခေါ်သည်။
- ၂။ သတိ-ဓမ္မသတ်ကျမ်းအတတ်။ ဤသတိဟူသော စကား
လုံးသည် သက္ကတလိုသ္မ၆တိ(ဆမရိတိဟုဖတ်) ပင် ဖြစ်သည်။ အမရကောသပါဌ်နှင့် ယင်းဋီကာပါဌ်ကို ဖတ်လွယ်စေခြင်း အကျိုးငှာ မာဂဓဘာသာပြန် ဒဒသတိဒဒ ဟု ရေးသားထားသည်။ မဟေသွရဆရာ စီရင်သော အမရကောသဋီကာဖွင့်အရ ဤ သတိဟူသောစကားလုံးသည် မှတ်မိခြင်းကိုဟောသည်။ ဓမ္မ သတ်ကျမ်းကို ဗြဟ္မာကြီးမှ တိုက်ရိုက်ကြားရသည် မဟုတ်ဘဲ တစ်ဆင့်ကြား၍ မှတ်မိသည့်အတိုင်း ရေးသားထားသောကြောင့် သတိ(သ္မ၆တိ) ဟုခေါ်သည်။
- ၃။ သင်္ချာ(သံချာ)အတတ်-ယင်းအတတ်ကို သင်္ချာကာရိကာ
စသောကျမ်းများအရ သတ္တဝါသည် နိစ္စထာဝရဖြစ်သော တတ္တ (ပါဠိ တတ္တ=မှန်ကန်ခြင်း) ဟူ၍လည်းကောင်း၊ ပကတိဟူ၍ လည်းကောင်းခေါ်သော သဘောတရားမှစ၍ ဖြစ်ပေါ်လာ ကြောင်းပြသော သင်္ချာအတတ်ဟုခေါ်သည်။ ယင်းအတတ်ကို သင်္ချာခေါ်သည်ကား မူလပကတိတရားမှ အဗျတ္တ၊ မာယာ အစရှိသော နှစ်ဆယ့်လေးပါးသော တတ္တ(ပါဠိ တတ္တ) သဘော တရားတို့ ဖြစ်လှာသည်ဟု ရေတွက်အပ်သောကြောင့် သင်္ချာ အတတ်ဟု ခေါ်လေသည်။
- ၄။ ယောဂအတတ်-ပါတဉ္ဇလီရသေ့ စ၍တီထွင်ခဲ့သော
အာရုံကိုချုပ်တည်း၍ ကမ္မဋ္ဌာန်းစီးဖြန်းသောအားဖြင့် သတ္တဝါတို့ ၏ဝိညာဉ်နှင့် ဗြဟ္မာကြီး၏ဝိညာဉ်သည် ပေါင်းဆုံမိသဖြင့် တစ်ပေါင်းတစ်စုတည်းဖြစ်သွား၍ သေခြင်းမရှိ၊ မြဲခြင်းသို့ ရောက်နိုင်ရန် နည်းလမ်းကိုညွှန်ပြသော ယောဂကျမ်းအတတ် ဟူ၏။ ယောဂသင်္ဂြဟ စသောကျမ်းများ၌ ဤအတတ်ကို ဖော်ပြသည်။
- ၅။ နီတိကျမ်းအတတ်-လူအများ ကျင့်ဆောင်ရန် လောကဝတ်
စသည်တို့ကို ဖော်ပြသော စာဏကျနီတိ၊ ကာမန္ဒကီယနီတိ၊ သုကြနီတိ အစရှိသော နီတိကျမ်းများအတတ်ကို ခေါ်သည်။
- ၆။ ဝိသေသိကာ-ဝိသေသိက ဒဿနကျမ်းအတတ်။ (သက္ကတ-
ဝဲဂေပိက) ကဏာဒရသေ့ တီထွင်သောကျမ်းအရ သတ္တဝါတို့ သည် အသီးအသီး အဒိဋ္ဌခေါ်သောတရားကြောင့် နိစ္စထာဝရ ရှိသော မရေမတွက်နိုင်အောင်များပြားသည့် လူတို့မျက်စိဖြင့် မမြင်နိုင်အောင် အလွန်သေးငယ်သော အဏုမြူဓာတ်မှုန် တို့၏ ပေါင်းဆုံစုဝေးမိခြင်းကြောင့် ဖြစ်လာကြောင်းကို ဖော်ပြသော အတတ်ကို ဝိသေသိကဟုခေါ်သည်။
- ၇။ ဂန္ဓဗ္ဗ-ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်း စသော စောင်း
ည|င်းအတတ်။
- ၈။ ဂဏိကာ-ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ အစရှိသော
အတွက်အချက်အတတ်။
- ၉။ ဓနုဗ္ဗေဒ-လေးအတတ်။
- ၁ဝ။ ပုရာဏ-ရှေးစကားဟောင်းပညာဖြစ်သော ပုရာဏ်ကျမ်း အတတ်။
- ၁၁။ တိကိစ္ဆာ-စရကသံဟိတာ၊ သုဿုတသံဟိတာ၊ ဘာဝပ္ပ
ကာသ၊ အမတသာဂရ အစရှိသောဆေးကျမ်း အတတ်။
- ၁၂။ ဣတိဟာသ-မဟာဘာတရကျမ်း အစရှိသော ရှေးဟောင်း
ရာဇဝင်သမိုင်းအတတ်။
- ၁၃။ ဇောတိ-(ဇျောတိပ) -နက္ခတ်ကျမ်း ဟူးရားကျမ်းအတတ်။
နက္ခတ်တို့ အသွားအလာကို အကြောင်းပြု၍ ကောင်းမကောင်း ကို ဟောသော ဗေဒင်အတတ်ဟု ဆင့်ပွားအနက်ယူလျှင် မှန်မည်ဟု ပညာရှိအချို့ ယူဆကြ၏။
- ၁၄။ မာယာ-လှည့်ပတ်မှုအတတ်။ ဟိန္ဒူလူမျိုးများ အလေးမူ
ဂရုပြုသော ဒဒနျာယဒဒ အတတ်နှင့် ရောထွေးသွားဟန် တူသည် ဟု သက္ကတကျမ်းတတ် ပညာရှင်များ ယူဆကြသေး၏။
- ၁၅။ ဆန္ဒတိ-ပိင်္ဂလဆန်း ဆန္ဒောမဉ္ဇရီစသော ဆန်းကျမ်းအတတ်။
- ၁၆။ ကေတုဘံ-စန္ဒြလောက၊ ကာဝျဒီပိကာ၊ သာဟိတျဒပ္ပန အစရှိသော အလင်္ကာကျမ်းအတတ်။
- ၁၇။ မန္တာ-ဂါထာမန္တန်အတတ်။
- ၁၈။ သဒ္ဒါ-သဒ္ဒါကျမ်းအတတ်။
အထက်ပါအတတ် တစ်ဆယ့်ရှစ်ပါးသည် သက္ကတကျမ်းဂန်တတ်သော ပညာရှင်များ၏ ယူဆချက်ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |