အတပနီယသုတ်
(၂)သုတ် ရှိပါသည်။
[၁] ကာယ, ဝစီ, မနောသုစရိုက်သုံးမျိုးကို ပြုကျင့်သူများသည် “ငါသည် သုစရိုက်ကို ပြုကျင့်ခဲ့ပေပြီ”ဟု မပူပန်၊ ကာယ, ဝစီ, မနောဒုစရိုက်သုံးမျိုးကို မပြုကျင့်မိသူများသည်လည်း “ငါသည် ဒုစရိုက်ကို မပြုကျင့်မိ”ဟုလည်း ပူပန်မှုမရှိ-ဟု ပူပန်မှုမရှိသော တရားနှစ်မျိုးကို ဟောကြားသည့်သုတ်။
၃။ တပနီယသုတ်, ၄။ အတပနီယသုတ်
ပြင်ဆင်ရန်ပူပန်စေတတ်သော တရား ၂-မျိုးမှာ ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-မျိုးကို ပြုကျင့်၍ ကောင်းမှု ၃-မျိုးကို မပြုကျင့်သော သူများသည် ငါကား ပြစ်မှု ၃-မျိုး ပြုကျင့်မိပြီဟု ပူပန်သည်၊ ကောင်းမှု ၃-မျိုး မပြုကျင့်မိဟု ပူပန်သည်၊ ဤ ၂-မျိုးတို့တည်း၊ အပြန်အားဖြင့် ကောင်းမှုပြု၍ ပြစ်မှုမပြုသူတို့မှာ မပူပန်ရဟု ဟောတော်မူသည်။
ကာယကံပြစ်မှု တရားခံများ
ပြင်ဆင်ရန်နန္ဒဘီလူး၊ နန္ဒလုလင်၊ နန္ဒနွားသတ်သမား၊ ဒေဝဒတ်နှင့်ညီနောင် ၂-ဦးတို့မှာ လောကသံသရာ ၂-ဖြာလုံး စိတ်ပူပန် ဆင်းရဲကြသည်။
အစ်ကိုက ညီကိုသတ်
ပြင်ဆင်ရန်ညီနောင် ၂-ဦး နွားသတ်ပြီး အသား ၂-ပုံ ပုံကြစဉ် ကလေးများလို ဤအူတွေ ကျွန်တော့ပေးပါ”ဟု ညီက အစ်ကိုထံ တောင်းသည်၊ “၂-ပုံ ပုံထားသည်၊ အပိုဘာကို လိုချင်ရတာလဲ”ဟု အစ်ကိုက ပြောဆိုပြီး ညီကိုရိုက်ရာ ညီသေသွားသည်။ ထိုအခါမှ စ၍ စိတ်သောကဖြစ်ကာ ရပ်လေရာ ထိုင်လေရာမှာ ထိုအကြောင်း တွေးမိပြီး စိတ်သက်သာမှု မရတော့၊ စားသောက်သမျှလည်း ကိုယ်မှာ ဩဇာမဖြစ်ပဲ အရိုးအရေသာ ကျန်တော့သည်၊ မထေရ်တစ်ပါးမြင်၍ မေးရာ အကြောင်းမှန် လျှောက်ထား ရှာ၏။ သေသော် ငရဲ၌ ဖြစ်ရသည်။
ဝစီကံပြစ်မှု တရားခံများမှာ သုပ္ပဗုဒ္ဓသာကီဝင်၊ ကောကာလိက စသည်တို့ ဖြစ်ကြသည်။ [၂]
[၃] ကောင်းမှုကုသိုလ်ပြုပြီးသူသည် “ငါသည် ကောင်းမှုကုသိုလ်ကို ပြုခဲ့ပြီ” ဟုလည်း မပူပန်၊ ယုတ်မာကြမ်းကြုတ် ရက်စက်မှုကို မပြုသူများသည် “ငါသည် ယုတ်မာကြမ်းကြုတ် ရက်စက်မှုကို မပြုမိ” ဟုလည်း မပူပန်ဟု ပူပန်မှုမရှိသော တရားနှစ်မျိုးကို ဘုရားရှင် ထံတော်မှ နာယူခဲ့သည့်အတိုင်း ဂါထာနှစ်ဂါထာနှင့်တကွ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာအား ဟောပြသည့်သုတ်။ [၄]
ကိုးကား
ပြင်ဆင်ရန်- ↑ -အံ၊၁၊၅၁။ အံ၊မြန်၊၁၊၆၃။ -အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ကမ္မကရဏဝဂ္ဂ၊ စတုတ္ထသုတ်။
- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။
- ↑ ဣတိဝုတ်၊၂၁၃။ ဣတိဝုတ်၊မြန်၊၁၉၅-၆။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ဒုကနိပါတ၊ ပဌမဝဂ္ဂ၊ စတုတ္ထသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ