[၁] အလွန်ကြာမြင့်စွာ နေခြင်းကြောင့် ဖြစ်ပေါ်လာသော အပြစ်ငါးမျိုးနှင့် အပိုင်း အခြားရှိသော (သတ်မှတ်၍) နေခြင်း၌ ရနိုင်သော အကျိုးတရား ငါးပါးကို ဟောကြားတော်မူသည့်သုတ်။ [၂]



အတိနိဝါသသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အလွန်ကြာမြင့်စွာနေခြင်း၏ အပြစ်ငါးမျိုးနှင့် အပိုင်းအခြားရှိသော နေခြင်း၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

အတိနိဝါသသုတ် ပြင်ဆင်ရန်

ရဟန်းတို့ အလွန်ကြာမြင့်စွာနေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်း ဟူမူ -[၃]

  • များသော ဘဏ္ဍာကို စုဆောင်းသည်ဖြစ်၍ များသော ဘဏ္ဍာရှိ၏။
  • များသော ဆေးတို့ကို စုဆောင်းသည်ဖြစ်၍ များသော ဆေးရှိ၏။
  • ပြုဖွယ်များသည် ဖြစ်၍ ကိစ္စ များပြား၏။
  • အဘယ်ကို ပြုရမည်နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ ကပ်ငြိတွယ်တာသည်ဖြစ်၍ (သာသနာတော်နှင့်) မလျော်သော လူတို့၏ နှီးနှောခြင်းမျိုးဖြင့် လူရဟန်းတို့နှင့် နှီးနှောလျက် ဆက်ဆံလျက် နေရ၏။
  • ထိုနေရာကျောင်းမှ ဖဲသွားလျှင် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ ဖဲသွားရ၏။[၃]

ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ [၃]

ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း အကျိုးတို့သည် ဤငါးမျိုတို့တည်း။ အဘယ်ငါးမျိးတို့နည်း ဟူမူ -[၃]

  • များသော ဘဏ္ဍာကို မစုဆောင်းသည် ဖြစ်၍ များသော ဘဏ္ဍာမရှိ။
  • များသော ဆေးတို့ကို မစုဆောင်းသည်ဖြစ်၍ များသောဆေး မရှိ။
  • ပြုဖွယ် မများသည်ဖြစ်၍ ကိစ္စမများ။
  • အဘယ်ကို ပြုရမည်နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ မကပ်ငြိ မတွယ်တာသည်ဖြစ်၍ (သာသနာတော်နှင့်) မလျော်သော လူတို့၏ နှီးနှောခြင်းမျိုးဖြင့် လူရဟန်းတို့နှင့် လူရဟန်းတို့နှင့် နှီးနှော ဆက်ဆံ၍ မနေရ။[၃]
  • ထိုနေရာကျောင်းမှ ဖဲသွားလျှင် ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ ဖဲသွားရ၏။[၃]

ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း အကျိုးတို့သည် ဤငါးမျိုတို့တည်း ဟု(မိန့်တော်မူ၏)။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၂၂၅။ အံ၊မြန်၊၂၊၂၈၅။ အံ၊ဋ္ဌ၊၃၊၈၁။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၃)၃-ဒီဃစာရိကဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၃- အတိနိဝါသသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၅, ၂၈၆။